Monday, July 1, 2013

facebookပေါ်က စိန်ခေါ်သံတွေနဲ့ ခုဖြစ်နေတာတွေကို ဘာမှ လုပ်လို့ မရနိုင်ပါဘူး

facebookပေါ်က စိန်ခေါ်သံတွေနဲ့ ခုဖြစ်နေတာတွေကို ဘာမှ လုပ်လို့ မရနိုင်ပါဘူး

သူငယ်ချင်းတို့ရေ ဆရာလုပ်တာတော့ မဟုတ်ဘူးရှင် ။ သတိလေးတော့ ပေးချင်တယ် ။ သတင်းတွေကို သေသေချာချာ တွေးပြီးမှ ယုံပါ ။ မည်သည့် ကိစ္စကိုမဆို အမေပေးထားတဲ့ မိမိတို့ ကိုယ်ပိုင် ဦးနှောက်လေးနဲ့ တွေးတောပါ ။ ဆင်ခြင်ပါ ။ ခုချိန်မှာ ဖြစ်ပွားနေတဲ့ ပြသနာပေါင်းစုံရဲ့ နောက်ဆုံးရလာဒ်က ဘာလည်း ။ အပြစ်မဲ့သူတွေ ထိခိုက်နေရတယ် ။ facebook ပေါ်က ဆဲဆိုသံတွေ ၊ စိတ်ခေါ်သံတွေကလည်း တကယ်ပြသနာနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ဘာမှ မကယ်နိုင်ခဲ့ပါဘူး။ တိုင်းပြည်နဲ့ လူမျိုး အမျိုးဘာသာ သနာ့ကို တကယ်ချစ်တယ်ဆို အဓိက ကြတဲ့ မိမိကိုယ်ကို့ကို အရင်ဆုံး ပြုပြင်ပါ။ ကျွန်မတို့ မြန်မာနိုင်ငံသားတွေရဲ့ အဓိက ကိုးကွယ်ရာသည် ဗုဒ္ဒုမြတ်စွာဘုရားပင်ဖြစ်သည် ။ ဘုရားဟောကြားခဲ့သော တရားတော်တွေကို လိုက်နာကျင့်သုံးရမယ် ။ ကိုယ့်ကို ပြန်မေးကြည့်ပါ ။ တနေ့တာ ကုန်ဆုံးသွားချိန်မှာ facebook ပေါ်မှာ ဆဲလိုက် ဆိုလိုက် စိန်ခ်ါလိုက်တွေကိုတော့ လုပ်မိခဲ့ပါရဲ့ ..........မိမိတို့ ကိုးကွယ်ရာ မြတ်စွာဘုရားရှင်ကို ဦးသုံးကြိမ် ကန်တော့ပြီး နေ့စဉ် အိပ်ရဲ့လားလို့ မလိမ်မညာတမ်း ကိုယ့်ကိုကို မေးကြည့်ပါ ။ သြကာသ ကန်တော့ဘုရားစာလေးကို သေချာ အစ အဆုံးတိုင် အလွတ်ရရဲ့လားဆိုတာကို အရင် စမ်းစစ်ပါ ။ * ဗုဒ္ဒဘာသာ *ဆိုတာ ဘာလည်းလို့ ဘာသာခြားတစ်ယောက်က မေးလာခဲ့လျှင် သေသေချာချာ ဖြေနိုင်ဖို့ အခြေမိမိမှာ ရှိနေလားဆိုတာတွေကို သုံးသပ်ကြပါ ။ မိမိကိုယ်ကို ပြင်ဆင်နိုင်မှ မိမိပတ်ဝန်းကျင်ကိုလည်း လမ်းမှန်ကို ညွှန်ပြနိုင်မှာ ဖြစ်ပါတယ် ။ သူများဘာသာဆိုးတာတွေကို လိုက်ပြောဆိုနေဖို့ထက် မိမိတို့ဘာသာ တရားရဲ့ ကောင်းမြတ်တဲ့ အကျင့်သီလတွေကို လက်တွေ့ပြနိုင်ဖို့ကို အဓိက ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းရင်း ................. မြန်မာ နိုင်ငံသူနိုင်ငံသားတိုင်း မြတ်စွာဘုရားရှင်အဆုံးမအတိုင်း လိုက်နာကျင့်သုံးနေထိုင်သူ အမျိုးကောင်းသား ၊ အမျိုးကောင်းသမီးတွေ ဖြစ်ကြပါစေရှင် ။

ခိုင်လေး ( ရွှေတောင် )

No comments:

Post a Comment