၆၁ ။ ရေမရှိဘဲ ရေတိမ်နစ်သူများ မဖြစ်ကြပါစေနဲ့ရှင်
၂၀၁၂ ခုနှစ်က ရေးသားခဲ့သော ဆောင်းပါးလေးပါ။
ရေးသားသူ = ခိုင်လေး(ရွှေတောင်)
မိန်းမတစ်ယောက် သူ့ချစ်သူပေါ်ထားတဲ့ ချစ်ခြင်းတရားဟာ အရမ်းကိုတန်ဖိုးရှိပြီး အဖိုးထိုက်တန် နူးညံ့လွန်းပါတယ်။ ကိုယ်အစားကောင်းလေး စာနေရင် ချစ်သူကို လည်းစားစေချင်တယ်။ကိုယ်
ကောင်းတာလေးတွေခံစားမွေ့လျော်ရချိန်တိုင်း ကိုယ်ချစ်သူကိုလည်း ခံစားစေချင်တယ်။ ယောကျာင်္းတွေကတော့ ဒီလိုမဟုတ်ကြတာများတယ် ။ လူတိုင်းကို မဆိုလိုပေမယ့် များသောအားဖြင့် သူတို့ ပျော်ရွင်နေရင် ကျွန်မတို့ကိုမေ့နေတတ်ကြပါတယ်။သူတို့ အပေါင်းသင်းတွေဆုံကြလို့ အရမ်းပျော်ရွင်နေချိန်မျိုးတွေမှာဆို ပိုလို့တောင် ကျွန်မတို့ကို မေ့သွားတတ်ကြပါတယ်။
မိန်းကလေးအများစုကတော့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့ဆုံချိန်တွေမှာတောင် စိတ်တွေက
ချစ်သူဆီမှာ တ၀က်လောက်ရောက်နေတတ်ကြပါတယ် ။ စိတ်ညစ်စရာဆို စဉ်းစားပြီးမှ
ပြောတတ်ကြပါတယ် ။ ယောက်ျားလေးအများစုကတော့ သူတို့စိတ်ညစ် စိတ်ဆင်းရဲနေရပြီဆို အရင်ဆုံးသတိရတတ်တာ သူတို့ချစ်သူတွေကိုပါပဲ။ မိန်းကလေးတွေမှာ ဒါလေးတွေကိုဘဲ ကြံဖန်ကြည်နူး ပျော်ရွင်ကျေနပ်နေတတ်ကြပါတယ်။ ကိုယ်ချစ်သူက ကိုယ်ကို အလုံးစုံတိုင်ပင်တယ်ပေါ့။
သူတို့ အရမ်းပျော်နေချိန် သူတို့ဘေးရှိနေတာ သူတို့အပေါင်းသင်းတွေကိုပါ ။ ကျွန်မတို့အရမ်းပျော်နေချိန်မှာ ဘေးမှာ ရှိနေစေချင်တာ မိမိတို့ချစ်သူတွေကိုပါ။
မိန်းကလေးတွေ သူ့တို့ချစ်သူတွေ အပေါ်ထားတဲ့ ချစ်ခြင်းတရား နဲ့ ယောကျာင်္းလေးတွေ သူ့တို့ချစ်သူတွေ အပေါ်ထားတဲ့ ချစ်ခြင်းတရား မတူညီတာတွေ ရှိပါသေးတယ်။
မိန်းကလေးတစ်ယောက်က တစ်ကယ်ချစ်ပြီဆိုဘာကိုမှ မတွေးတတ်ကြပါဘူး။ ကိုယ်ချစ်တဲ့သူက တစ်ခုလပ်ဖြစ်နေပါစေ ၊ မုဆိုးဖို ဖြစ်နေပါစေလက်ထပ်ဖို့ သတ္တိတွေ ရှိနေတတ်ကြတယ်။ ယောကျာင်္းတွေကျတော့ အပျိုမဟုတ်တဲ့ တစ်ခုလပ် မုဆိုးမ တွေကို
တကယ်ချစ်မိခဲ့ရင်တောင် လက်ထပ်ဖို့ အတွက်ထိဆိုရင် တော်တော် စဉ်းစားအချိန်ဆွဲတတ်ကြပါတယ်။
ယောကျာင်္းတွေက ပိုတွေးတတ် တယ်ဆိုရင်လဲ မမှားပါဘူး ။ မိန်းကလေးတွေ ချစ်လာရင် သိပ်ကို
သတ္တိရှိတတ်ကြပါတယ်။ အိမ်မှာခိုင်းတဲ့သူကိုလည်း ယူရဲကြတယ်။ ဖြစ်သင့် မသင့်ဆိုတာတွေ မတွေးကြဘူး ။အချစ်ကအရာရာကို ဖုံးလွမ်းသွားတတ်ကြပါတယ်။ ယောကျာင်္းလေးတွေကတော့ မိမိတို့ အလုပ်သမားတစ်ယောက်ကို ပြန်ယူဆိုတာ တော်တော်လေးကို မရှိသလောက်ရှားကြပါတယ်။
ကျွန်မမေမေ ခဏခဏ ပြောတဲ့ စကားလေးရှိတယ်။သူဠေးသားတွေက စိတ်ကူမယဉ်ဘူး ၊ မရူးကြဘူးတဲ့ ။ ရူးတဲ့သူရှိတောင် ရှားတယ်တဲ့ ။သူဠေးသမီးတွေကတော့ကိုယ်အိမ်ကအလုပ်သမား ပြန်ယူဖို့လဲ ၀န်မလေးဘူးတဲ့ စိတ်ကူးတွေအယဉ်လွန်နေကြသတဲ့လေ။သတ္တိ အရှိလွန်တယ်ဆိုတာထက် ချစ်တတ်ကြတာပါ။ အမှားမှန်မခွဲခြားနိုင်လောက် အောက်ကို သိပ်ချစ်တတ်ကြတာ မိန်းကလေးတွေရဲ့ နှလုံးသားက နုနယ်လွန်းတယ်ဆိုပိုမှန်မယ်ထင်ပါတယ်။
ခုခေတ်တော်တော် များကို မြင်တွေ့နေရပါတယ် ။ ရေမရှိဘဲ ရေတိမ်နစ်နေကြတဲ့ မိန်းကလေးတော်တော်များကို တွေ့နေမိပါတယ်။ အချစ်ဆိုတာကိုအခြေခံကာ ရေတိမ်နစ်နေကြသူတွေ အများပြားဖြစ်နေပါပြီ။ မြန်မာနိုင်ငံလို ယဉ်ကျေးသိမ်မွေ့ခြင်းတွေကို အစဉ်လာနဲ့ထိန်းသိမ်းစောင့်ရှောက်လာတဲ့ နိုင်ငံမှာ ပြောင်းလဲတိုးတက်မှုတွေနဲ့အတူ တိုင်းတပါးက နေကူးစက်ပြန့်နှံ့လာတဲ့ livingtoghter ဆိုတဲ့ အကြောင်းအရာကြီးကလည်း
ကြောက်ခမန်းလိလိ ပြန့်ပွားနေပါပြီ။ တိုးတက်ခြင်းတိုင်းမှာ ဆိုးကျိုးတွေကလည်း ကပ်ပါလာတတ်ပါတယ်။
ခေတ်မှီဆေးဝါးတွေ ပေါ်လာခြင်းနဲ့ အတူ ယောကျာင်္းမိန်းမ ဆက်ဆံခြင်းတွေကလည်း အရှိန်ဟုန်မြှင့်တင်ပေးသလိုဖြစ်နေပါပြီ။ တည်ခိုခန်းတွေ ၀င်ငွေပိုဖြောင့်စေခဲ့တယ်။ ကျွန်မတို့ နယ်မြို့လေးမှာပင် တက္ကသိုလ်ကျောင်းရှေ့ နေတဲ့ဆေးမှူးဆိုရင် ကျောင်းရှေ့ကို ပြောင်းလာတဲ့ တစ်နှစ်အတွင်းမှာ စီးပွားရေးအဟုန်တိုးတက်သွားလိုက်တာ လက်ဖျားခါရတဲ့ အထိအောင်ပါပဲ။
မိဝေးဖဝေး အဆောင်နေကျောင်းတက်ကြတယ်။မိဘစေတနာက ငါသမီးလေး ငါသားလေး လူတန်းစေ့ သုံးနိုင်ပါစေ။ မျက်နှာမငယ်အောင် ပံ့ပိုးပေးကြတာတွေကတည်ခိုခန်း ၊ ဟိုတည်ခတွေ ၊ ဆေးဖိုးတွေဖြစ်ကုန်ကြတာကတော့ ရင်နာစရာ အလွန်ကာင်းပါတယ်။ တခါဖြစ်လို့ မှားမှန်းမသိ
နောက်ဆင်ခြင်ဖို့မတွေး မထူးဇာတ်ခင်းနေသူတွေ ဒုနဲ့ဒေး ပါပဲ ။
နိုင်ငံခြားရောက် မြန်မာမိန်းကလေးတွေ (လူတိုင်းကို မဆိုလိုပါ)
သူများနိုင်ငံပဲ ဘယ်သူမြင်မှာလဲ ဘယ်သူသိမှာဆို နေချင်သလိုတွေ နေကြတယ်။ တစ်ယောက်ကို တစ်ယောက် ထိန်းဖို့ဆုံးမဖို့ဆိုတာထက် မြှောက်ပေးသူက ပိုများနေပြန်တယ် ။ ဒီတော့ ရေမရှိဘဲ ရေတိမ်တွေနစ်ကြရတယ်။ တခါမှားလို့သင်ခန်းစာ မယူ။ ရှေ့ဆက်လို့တာ မထူးဇာတ်ခင်း ။ နောက်ဆုံး ရလာဒ်ကဘာဖြစ်လာမလဲ ။ အမှားကိုသိရင် အမှန်ကို ပြင်ရမယ်ဆိုတဲ့ ဆုံးမစားတွေ စာအုပ်တွေထဲမှာ
ကျန်နေခဲ့ပြီထင်ပါ၏ ။ ရင်မောစရာ ကောင်းလိုက်ပါဘိ ခေတ်ကာလ သမီးပျိုတွေရယ် ။
ရှေးခေတ်ကာလက ရှိခဲ့ဘူးတဲ့ ယောကျာင်္းလေးများ၏ နှမချင်းစာနာစိတ်ဆိုတာတွေကလည်း ဘယ်နေရာမှာ ဖုန်တပ်ကုနမှန်းမသိတော့ပေ။ သစ္စာတရားဆိုတာတွေ ပျောက်ဆုံး ၊ ဂုဏ်သိက္ခာ
ဆိုတဲ့ စကားကို နောက်ဆို ပြတိုက်တွေမှာ သွားရှာရမလို ဖြစ်ကုန်ပါပြီ။ မိန်းကလေး တစ်ယောက်ရဲ့
တန်ဖိုးဆိုတာကို ပညာတတ်ခြင်း ၊ ရုပ်ချောခြင်း ၊ ပိုက်ဆံရှိခြင်းဆိုတာတွေနဲ့တင် သတ်မှတ်စံထားလို့
မရနိုင်ပါဘူးရှင်။ ဂုဏ်သိက္ခာ ရှိစွာ ရပ်တည်နေနိုင်ဖို့ဆိုတာ လည်းအထူးပင် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။
မိန်းမကောင်းထားသင့် ထားအပ်သော ဂုဏ်သိက္ခာတွေကို တန်ဖိုးထားမြတ်နိုးကြပါ။ အမှားသိလျှင် ချက်ချင်းအမှန်သို့ပြင်ဆင်ပါ ။ အမှားကို အမှန်ပြင် ခြင်းတွင် နောက်ကျသည်ဟုမရှိပါ။မိဘ မောင်ဘွားများအနေဖြစ် သမီးမိန်းကလေး ၊ ညီမများကို စောက်ရှောက်
ဆုံးမကြဖို့တော့ လိုအပ်နေပါပြီ။
တိုင်းပြည်ကြီးနှင့်တကွ အမျိုး ၊ ဘာသာ ၊သာသနာ ၊ ပညာတရားတွေ ပျက်ပြား ဆုတ်ယုတ်လာခြင်းဟာ ၊ အခြားသောအကြောင်းတို့ အပြင် မိန်းမယုတ်မိန်းမမိုက်တွေ များလာသည့်အတွက် ပျက်ပြား ဆုတ်ယုတ်လာရတယ်ဆိုတာ စဉ်းစားတိုင်း သိသာထင်ရှားကြမည် ဟု
ကျေးဇူးရှင် သာယာဝတီဆရာတော် ဘုရားကြီးရေးသားတော်မူသော မိမ္မလိမ္မာ စာအုပ်တွင်
ဖတ်မှတ်ဘူးပါတယ်။
မိန်းမပျိုလေးတွေရေ တန်ဖိုးရှိလှတဲ့ အပျိုစင်ဘ၀လေးတွေကို သူများကဲ့ရဲ့စရာ မေးငေါ့စရာ
မဖြစ်အောင် တန်ဖိုးထား ထိန်းသိမ်းကြပါ ။ မိမိ တစ်ယောက်အတွက် မိမိနိုင်ငံ ၊ မိမိ မိဘ မောင်ဘွား
ဆွေမျိုးများ လူကြားမှာ မျက်နှာမပျက် အရှက်မရ ရလေအောင် အချောဆုံး ၊ အယဉ်ဆုံး ၊ အလှဆုံး ၊တန်ဖိုးအရှိဆုံးအပျိုစင်ဘ၀လေးတွေကို တန်ဖိုးထား မြတ်နိုးကြပါ။ မိန်းကလေးချင်း ကောင်းမွန်တဲ့ အရည်သွေး အလိမ်မာတွေကိုပြိုင်ကြပါ ။ အမိုက်တွေ ကိုမပြိုင်ကြစမ်းပါနဲ့ ။ဒီဆောင်းပါးလေးကို ဖတ်ရှုနားလည်ပြီး အမျိုးကောင်းသမီးလေးတွေအများပြားပေါ်ပေါက်လာကြပါစေလို့ ဆန္ဒပြုဆုတောင်းလိုက်ပါရစေရှင်။
မည်သူကိုမှ မရည်ရွယ်ပါ ။ဒီဆောင်းပါလေးထဲက ရေးသားချက်များနှင့်
တိုက်ဆိုင်နေသောသူများဖတ်မိလျှင် အမှားကိုသိပြီး အမှန်ကို ပြုပြင်ပြောင်းလဲစေရန်တာ
ရည်ရွယ်ရေးသားပါ၏ ။
No comments:
Post a Comment