28.8.2013 Women's World
ဂျာနယ်ပါ ဆောင်းပါးလေးပါရှင်
၁၃
။ မှင်နီ တစ်ကြောင်း နဲ့ လူငယ်တစ်သိုက်
ရေးသားသူ
= ခိုင်လေး ( ရွှေတောင် )

ဆိုင်သိမ်းချိန် စာရင်းဇယားတွေနဲ့
အလုပ်ရှုပ်နေတဲ့ ကျွန်မပတ်ဝန်းကျင်မှာ ဘောပင်အရောင်မျိုးစုံ ကပြန့်ကျဲလျှက် ။ စာရင်းတွေပြီးချိန်
ဘောပင်တွေကို သိမ်းဆည်းရင်းလက်ထဲကို ရောက်လာတဲ့ ဘောပင်လေးတစ်ချောင်းကို အမှတ်မထင်စိုက်ကြည့်လိုက်မိဧ။်
။
ထမင်းစားခန်းထဲကနေထွက်လာတဲ့
ကျွန်တော်မျက်လုံးတွေက မေမေကို ရှာဖွေနေမိဧ။်
။ ဟောတွေ့ပါပြီ။ ဆိုင်ထဲက ကောင်တာစားပွဲမှာ ခုချိန်ထိထိုင်နေတဲ့ မေမေ။
ဟင် !
မေမေ ဘာတွေ စိတ်ဝင်တစား စိုက်ကြည့်နေပါလိမ့် ။ မေမေကြည့်နေတာ မှင်နီဘောပင်လေး တစ်ချောင်းပါလား
။ ခုချိန်ထိ မေမေရင်ထဲမှာ ဒီအဖြစ်ပျက်တွေက နာကျင်နေတုန်းဘဲလား မေမေ ။ မေမေကို မမေ့နိုင်သေးဘူးလား
မေးနေမိတယ် ။ မေးနေမိတဲ့ ကျွန်တော်ကိုယ်တိုင်ကကော ဒီအဖြစ်ပျက်တွေကို မေ့နိုင်သေးလို့လား
။
ဟင်အင် !
ဘယ်တော့မှာ မမေ့နိုင်ပါဘူး
။ တွေးမိတိုင်းရင်ထဲမှာ တဆစ်ဆစ် နာကျင်နေတုန်းပါပဲ ။ အတွေးတွေက လွန်ခဲ့သော အတိတ်ကာလတွေဆီကို
ဆွဲခေါ်သွားပြန်ပါတယ် ။ အတိတ်ကာလဆီက တုန်လှုပ်ခြောက်ခြားခဲ့ရပုံတွေက ရုပ်ရှင် ပိတ်ကားတစ်ချပ်လိုကျွန်တော်
မျက်လုံးထဲကို အစီအရီ ပုံဖော်လာကြပါတယ် ။ ကြာတော့ ကြာခဲ့လေပြီ ။ လွန်ခဲ့သော ကိုးနှစ်ခန့်လောက်ကပေါ့
။
ဆယ်တန်းစာမေးပွဲအောင်စာရင်းတွေ ဒီနေ့ ထွက်မယ်ဆိုတာ သိကတည်းက လူက ထိုင်ရမလို ထရမလို
ဂနာမညိမ် ။ တစ်ညလုံးလည်းတစ်ရေးမှကို အိပ်လို့မရခဲ့ဘူး ။ အိပ်မရမယ့်တူတူ တော့ဧည့်ခန်းထွက်ထိုင်မယ်ဆိုတော့မယ်
။ အပြင်ရောက်တော့ ကျွန်တော်ထက် ဦးစွာရောက်နေသူတစ်ဦးကရှိနေလေရဲ့ ။ ကျွန်တော်ရဲ့ ချစ်လှစွာသော မေမေပေါ့ ။
* မေမေ မအိပ်ဘူးလား ။*
*ဟုတ်တယ် သားရေ မေမေ အိပ်မရလို့လေ
၊ သားအတွက် မေမေ ရင်တွေအရမ်းခုန်နေတယ် ။ *
*မေမေရယ် ! သားလည်း အိပ်မရလို့လေ။
သားအောင်မှာတော့ သေချာပါတယ် ။ သား ကြောက်တာကလေ
ဂုဏ်ထူးမပါမှာကို ။ *
*မေမေသားက ဒီလောက်ကြိုးစားထားတာ
ပါမှာပါ ။ နောက် နာရီဝက်လောက်ဆို အောင်စာရင်းတွေ ကပ်တော့မှာလေ ။ မေမေတို့ သွားကြည့်ကြတာပေါ့
သားရယ် ။*
အေးစက်နေတဲ့ သားလေးရဲ့ လက်ဖျားလေးတွေကို
အားပေး ဆုပ်နယ်ပေးနေရင်းအချိန်တွေကို စောင့်ဆိုင်းနေမိတယ် ။ သားမိနှစ်ယောက်ရဲ့ ရင်ခုန်မှုတွေက
တော့ လျော့ပါးမသွားပါဘူး ။
ကျွန်တော်ဆိုတဲ့ ကောင်က ငယ်ငယ်လေးထဲက
အင်ဂျင်နီယာတစ်ယောက် အရမ်းကို ဖြစ်ချင်ခဲ့သူပါ ။ ငယ်ငယ်လေးထဲက ဖေဖေမရှိတော့ပေမယ့် တာဝန်ကျေစွာ
ကျွန်တော်အပေါ် ချစ်နိုင်လွန်းတဲ့မေမေ ရဲ့ မေတ္တာအရိပ်မှာ အေးချမ်းစွာ ပညာသင်ကြားခွင့်ရခဲ့ပါတယ်
။ ကျွန်တော်ရဲ့ အဓိက အားနည်းချက်တစ်ခုကတော့ သူငယ်ချင်းအပေါင်းသင်းတွေကို လိုအပ်တာထက်
ပိုမိုစွာ မက်မောခင်မင်တတ်တာပါပဲ ။သို့သော်လည်း မေမေကို ကျွန်တော် သိပ်ချစ်ပါတယ် ။
နောက်တစ်ခုကတော့ ကျွန်တော် သိပ်ဖြစ်ချင်တဲ့ အင်ဂျင်နီယာ တစ်ယောက် ဖြစ်ရဖို့ကျွန်တော်
စာကို အထူးကြိုးစားခဲ့ပါတယ် ။ ဒီနေ့တော့ ကျွန်မကြိုးစားမှုတွေ အဖြေထွက်မယ့်ချိန်ကို
ရောက်လို့လာပါပြီ။
*ကဲ သားရေ အောင်စာရင်းတွေ
ကပ်လောက်ပြီ ။ သွားကြည့်ကြစို့*
*ဟုတ်ကဲ့ မေမေ *
သားအမိနှစ်ယောက် အောင်စာရင်းကြည့်တဲ့နေရာကို
ရောက်တော့ လူအုပ်ကြီးက တိုးမပေါက်အောင် များလို့နေပြီ ။
*သားရေ သားကအပြင်မှာ ရပ်စောင့်နော်
။ မေမေ သွားကြည့်မယ် ။ *
စိတ်တွေ လှုပ်ရှားလွန်းနေတာမို့
မေမေပြောတာကို ခေါင်းညိတ်ထောက်ခံကာ မေမေထွက်သွားတဲ့ ကျော်ပြင်ကို ငေးမောရင်း သက်ပျင်းတွေကိုတာ
အခါခါ ချနေမိတယ် ။
မိနစ်ပိုင်းလောက် အချိန်လေးစောင့်ရတာကို တော်တော်ကြာတယ်လို့ခံစားနေမိပါတယ်
။ ဟော မေမေထွက်လာပြီ ။ ပြုံးနေတဲ့ မေမေမျက်နှာပေါ်က အပြုံးတွေကို ကျွန်တော်အမောတွေကို
ပျေပျောက်စေခဲ့ပါပြီ ။ ၀မ်းသာအားရပြေးလာတဲ့ မေမေကို ပြေးဖက်လိုက်မိပါတယ် ။
*သား ဂုဏ်ထူး သုံးခုတောင်ပါတယ်
သားလေး ။ မေမေ ပျော်လိုက်တာ ။ *
*မေမေ ကျွန်တော် အင်ဂျင်နီယာကြီးဖြစ်ပြီပေါ့နော်
။ ကျွန်တော်ဘာပြောရမှန်းမသိအောင်ပါဘဲ မေမေရယ် ။*
*သားအတွက် မေမေ ဂုဏ်ယူလိုက်တာ
။*
ပျော်ရွင် ကြည်နူးခြင်း ဂုဏ်ယူခြင်းခြေလှမ်းတွေနဲ့
ကျွန်တော် နည်းပညာတက္ကသိုလ်ကျောင်းသားကြီးဖြစ်ခွင့်ရခဲ့ပါတယ် ။ လောကကြီးရဲ့ အလှည့်အပြောင်း
အချိုးအကွေ့တွေကို မသိခင်ထိ ကျွန်တော်ဘ၀သိပ်ကို ကျေနပ်စရာကောင်းစေခဲ့တာပေါ့ ။ ဒီလိုနဲ့
ပထမနှစ်စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုပြီး ဒုတိယနှစ်ကို ရောက်ချိန်မှာ သိပ်ကိုကြောက်စရာကောင်းတဲ့
အဖြစ်ပျက်တစ်ခုကို ကျွန်တော်ရဲ့ အားနည်းချက်ကြီးက ဖန်တီးစေခဲ့တယ် ။
ကျောင်းဖွင့်ရက်လေးတစ်ရက်မှာပေါ့။
သူငယ်ချင်းတွေ ကန်တင်းမှာ စုထိုင်ကာ အကြောင်းအရာပေါင်းစုံကို စည်းဝေးတိုင်ပင်နေကြတုန်းမှာ
ဒဏ်ရာတွေနဲ့ ကျွန်တော်တို့ဆီကို လျှောက်လာတဲ့ သူငယ်ချင်း ဇော်ဇော်ကို အဝေးထဲက ကျွန်တော်တို့အကုန်မြင်နေရပါတယ်
။ အနားရောက်လာမှ မျက်နှာပေါ်က ဒဏ်ရာတွေကို သေချာမြင်လိုက်ရပါတယ် ။
*ဟေ့ကောင် ဇော်ဇော် ဘာဖြစ်တာတုန်း
*
*မပြောချင်ပါဘူးကွာ ငါလူလည်ကျတာလည်းခံရသေးတယ်
။ လူကို ဆော်ထည့်လိုက်တာကိုလည်း ခံလိုက်ရတယ်ကွာ ။*
*ဘာကွ မင်းကို ဘယ်သူ ဆော်လိုက်တာလည်း
။ ဟေ့ကောင် ပြော ။ ငါတို့ခုသွားရှင်းမယ် ။ အဖြစ်ပျက်ကို သေချာပြောပြ ဟေ့ကောင် ။ *
တစ်ယောက်တစ်ပေါက် ၀ိုင်းပြော
ဝိုင်းမေးနေကြတဲ့ မေးခွန်းတွေကို ဇော်ဇော် ဖြေသင့် မဖြေသင့် ချင့်ချိန်နေပုံရပါဧ။်
။ အဖြေစကားသံတွေက ချက်ချင်း ဇော်ဇော်ဆီကနေ ထွက်မလာခဲ့ပါ ။
*ဟေ့ကောင် ဖြေလေကွာ ။ ဘာငိုင်နေတာလည်း
။ မေးနေတယ်လေကွာ ။*
*အေးပါ ပြောပြပါ့မယ် ။ ဒါပေမယ့်
မင်းတို့ ဘာမှမလုပ်ကြနဲ့တော့်နော် ။ ငါတို့ဆိုင်ရာကနေဘဲ ရှင်းမယ်လေနော် ။ ဖြစ်ပုံက
ဒီလိုကွ ။ ငါမနေ့က ဂဏန်းပေါင်းစက် သွားဝယ်တယ် ။ အိမ်ရောက်တော့ သေချာ သုံးကြည့်တော့မှ
စက်က မကောင်းဘူးဖြစ်နေတယ်လေ ။ မင်းတို့သိတဲ့ အတိုင်းလေကွာ ငါအိမ်က သိပ်အဆင်ပြေလှတာ
မဟုတ်ဘူး။ စက်ကလည်း ဈေးကမနည်းဘူးကွာ ။ ငါလည်းမှားသွားတယ်လေ။ ၀ယ်ထဲက သေချာစစ်ဝယ်ရမှာကို
အပေါ်ယံလေးဘဲ စစ်လိုက်မိတယ် ။ ဒီတော့ သွားလဲ ရင်လည်း မပေးဖို့က များတယ်ဆိုတာ ငါသိပေမယ့်
တောင်းပန်ပြောကြည့်မယ်ဆိုတဲ့ အတွေးလေးနဲ့ ဆိုင်ကို ပြန်သွားပြီး အကျိုးကြောင်းကို သေချာ
တောင်းပန်ပြောပြတယ် ။ဒါပေမယ့် ဆိုင်ရှင်က မရဘူးကွာ ။ မလဲပေးတဲ့အပြင် ငါတို့ ပြောလိုက်ဆိုလိုက်တာဆိုတာ
ရစရာကိုမရှိအောင်ပါပဲ ။ ငါလည်းစိတ်ကို မထိန်းလိုက်နိုင်တော့တာနဲ့ ပြန်ပြောမိတယ်ကွာ
။ဒီမှာဘဲ သူဆိုင်က အလုပ်သမားတွေက ဆိုင်ထဲကနေ ဆွဲထုတ်သလိုနဲ့ ငါတို့ လှော်တော့တာပါပဲ
။ အဖြစ်ပျက်ကတော့ အဲဒါပါဘဲ ကွာ။*
တောက် !
ဆိုတဲ့ တောက်ခေါက်သံတွေက အားလုံးဆီကနေ တစ်ပြိုင်တည်း
ထွက်ပေါ်လာပါဧ။် ။ ကျွန်တော်တို့ အဖွဲ့ထဲမှာ ဇော်ဇော်က အနွမ်းပါးဆုံးသူတစ်ယောက်ပါ ။
မလဲပေးချင်နေပေါ့ ။ လူကို ခုလို ထိုးကြိုက်စရာမှ မလိုအပ်တာ ။ တိုင်ပင်စရာမလိုဘဲ အဲဒီဆိုင်ကို
ကျွန်တော်တို့ အဖွဲ့လိုက်ဦးတည်လိုက်ကြပါဧ။် ။ ဇော်ဇော်တားတာကို ဘယ်သူမှ လက်မခံဘဲ ဆိုင်ကိုတာ
ရောက်အောင် ချီတက်ခဲ့ကြပါတယ် ။
ဆိုင်ကိုရောက်တော့ ကျွန်တော်တို့
ဆိုင်ရှင်ကို စိတ်လျော့ပြီး ဇော်ဇော်စက်ကိုလဲပေးဖို့နဲ့ ဇော်ဇော်ကို တောင်းပန်းဖို့
ပြောပေမယ့် မရပါဘူး။ ဆိုင်ရှင်က တော်တော်မောက်မာတယ် ။ ဆိုင်ရှင် က တအားကို အော်ဟစ်သောင်းကျန်းနေတော့ ကျွန်တော်တို့ ထိန်းထားတဲ့ ဒေါသတွေကလည်း အုံကြွလာပြီမို့
ဆိုင်ရှင်ကို အားလုံးဝိုင်းထိုးလိုက်ကြပါတော့တယ် ။ ဆိုင်ကပစ္စည်းတချို့လည်း ပျက်ဆီးကုန်ပါဧ။်
။ ကျွန်တော်တို့ အားလုံးလည်း အချုပ်ထဲကို ရောက်ခဲ့ကြလေဧ။် ။ ကျွန်တော်တစ်ဖွဲ့လုံးရဲ့
အုပ်ထိန်းသူတွေလည်း သောက ပငလယ်လည်ဝေခဲ့ကြရလေပြီ ။ အဆိုးဆုံးကတော့ ကျွန်တော်တို့ တစ်ဖွဲ့လုံးကို
မှင်နီတားပြီး ကျောင်းတော်ကြီးကနေ အပြီးပိုင်ထုတ်ပယ်ခံခြင်းကို ခံလိုက်ရတာပါပဲ ။
လူငယ်ဆိုတဲ့ ဒုတိယအရွယ်ဆိုတာ
အလုံးစုံသော အောင်မြင်မှုကိုတွေကို အထွတ်အထွပ်ကို ဖန်တီးနိုင်စွမ်း အမြင့်မားဆုံးသော
အရွယ်ပါ။ ဒီအရွယ်မှာ ကျွန်တော်တို့ အောင်မြင်ခြင်းတွေ မှင်နီတစ်ကြောင်းရဲ့ ရိုက်ချိုးပြစ်ခြင်းကိုခံလိုက်ရတယ်
။ ကျွန်တော်တို့ရဲ့ အနာဂတ်တွေ လမ်းပျေက်ကုန်ပြီ ။ ဖြစ်ပေါ်လာတဲ့ ဒေါသရဲ့ ဆိုးကျိုးက
အစပြုလို့ မှင်နီတစ်ကြောင်းက အတည်ပြုပေးလိုက်တဲ့
ရလာဒ်ဆိုးကျိုးကြီးကိုချမှတ်ပေးလိုက်တဲ့ ဆရာကြီးရယ် ကျွန်တော်တို့ကို ပေးတဲ့ အပြစ်ဒဏ်ကြီးက
ကြီးမားလွန်းလိုက်တာခင်ဗျာ ။
ဆရာကြီးဆီကို အကြိမ်ကြိမ်သွားတွေ့ခဲ့ကြတဲ့
ကျွန်တော်တို့ရဲ့ မိဘတွေရဲ့တောင်းပန်စကားတွေ ၊ သောကမျက်ရည်တွေနဲ့ အတူ ကျွန်တော်တို့လူငယ်တွေရဲ့
ရည်မှန်းချက် မျှော်လင့်ချက် အားလုံးကို ရက်စက်စွာ ကျောခိုင်းပြတ်တားရက်ခဲ့တယ်နော်
။ ဆရာရဲ့ မှင်နီလေးတစ်ချက်က ကျွန်တော်တို့ လူငယ်တွေအားလုံးရဲ့ ဘ၀တွေကို ကျွမ်းထိုးမှောက်ခုံဖြစ်သွားစေခဲ့ပြီဆိုတာ
ဆရာ မတွေးပေးခဲ့ဘူးနော် ။ အပြစ်ရှိလို့ အပြစ်ပေးတယ်ဆိုပေမယ့် လူငယ်တွေကို ဆုံးမတဲ့
သက်ရောက်စေတဲ့ ဆုံးမခြင်းမျိုးမဟုတ်ဘဲ ဆိုးနေတဲ့လူငယ်တွေကို ပိုဆိုးစေဆိုတဲ့ အပြစ်ဒဏ်မျိုးကို
ပေးလိုက်တာတေ့ တဆိတ်တရားလွန်လွန်းတယ်လို့ စွပ်စွဲခွင့်ပေးပါဆရာ
။ ကျွန်တောတို့ဘ၀တွေ အနည်ထိုင်အောင် ဘယ်လောက်ထိအောင်ကြိုးစားတည်ဆောက်ရတော့မယ်ဆိုတာ
ဆရာတွေးကြည့်ပေးမယ်ဆို သိပ်ကောင်းခဲ့မှာပါ ဆရာ ။ ခုတော့ အနာဂတ်တွေ မှုံဝါးနေတဲ့ ကျွန်တော်တို့ဘ၀တွေ
ဘာဆက်လုပ်ရတော့မလဲ ။ ၆လလောက်နီးပါး ပေတေလေလွင့်နေမိတယ်
။ တစ်နေ့တစ်နေ့ တီဗီဂိမ်းကစားလိုက် လက်ဖက်ရည်ဆိုင်ထိုင်လိုက် လုပ်နေကြတဲ့ ကျွန်တော်တို့
တစ်ဖွဲ့လုံးကို တစ်နေ့မေမေက စကားပြောချင်တယ်ဆိုကာ
ခေါ်တွေ့ခဲ့ပါတယ် ။ ကျွန်တော်တို့ မေမေဆီကို ရောက်တယ်ဆိုရင်
*ကဲ သားတို့ထိုင်ကြကွယ် ။
တစ်အိမ်ထဲနေကြတဲ့ သားမိနှစ်ယောက်တောင် ခုမှဘဲ သေချာမျက်နှာချင်းဆိုင်ဖြစ်ကြတော့တယ်
။ ထိုင်ကြထိုင်ကြ ။ အန်တီ သားတို့ကို စကားလေးပြောချင်လို့ ခေါ်ခိုင်းလိုက်ရတာပါ ။ ခုအန်တီပြောမယ့်စကားတွေကို
သားတို့ ဦးနှောက်နဲ့ သေချာတွေးပါ ။ လူတစ်ယောက်မှာ ရည်မှန်းချက်ဆိုတာ ရှိသင့်တယ် ။
ရည်မှန်းချက်တစ်ခုကို တိတိကျကျ ချမှတ်ထားရမယ် ။ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကိုလည်း
ဇွဲ ၊ လုံ့လ ၊ ၀ီရီယ ကြီးစွာနဲ့ ဇောက်ချလုပ်ကိုင်တတ်ရမယ် ။ ဒီလို လူမျိုးတွေဟာ အထိတ်အထိပ်ကို
ရောက်ကြတယ် ။ ခုဆို သားတို့ဟာ အနာဂတ်မဲ့နေတယ် ။ ရည်မှန်ချက် ရည်ရွယ်ချက်တွေ ပျက်ဆီးရလေခြင်းဆိုပြီး
လောကကြီးကို အရွဲ့တိုက်သလို ဖြစ်နေတယ် ။ လောကကြီးကို ဘယ်တော့မှ အရွဲ့မတိုက်မိစေနဲ့
။ ဘာလို့လည်းဆို လောကကြီးက ဘာမှဖြစ်မှာ မဟုတ်ဘူး ။ သားတို့တာ ထိခိုက်နစ်နာကြရလိမ့်မယ်
။ ဘ၀အာမခံချက်ရှိဖို့ဆိုတာ အလုပ်ရတယ် ။ အလုပ်လုပ်ပြီဆိုတာနဲ့ ဘ၀တစ်ခုကိုစတင် တည်ဆောက်ပြီလို့
ပြောလို့ရတယ် ။ ဘ၀တစ်ခုကို တည်ဆောက်ဖို့ လိုအပ်တဲ့ အတတ်ပညာတွေကို တတ်မြောက်ဖို့လည်း
လိုအပ်တယ် ။ ဒါဆို သားတို့မေးလို့ရတယ် ။ လိုအပ်တဲ့ ပညာတွေ သင်ခွင့် ကျွန်တော်တို့မှာမှ
မရှိတော့တာလို့ ။ ဒီကျောင်းမတက်ရတော့တာနဲ့ ဘ၀တစ်ခုကို ရေစုန်မျှော်နေကြတော့မလို့လားသားတို့ရယ်
။ သားတို့မှာ လျှောက်စရာလမ်းတွေ အများကြီး ရှိနေသေးလို့ ဘာလို့မတွေးမိကြရတာလည်း ။ ခု
အန်တီသားကို အန်တီနိုင်ငံခြားမှာ သူတက်ချင်တဲ့ ကျောင်းကို ထားနိုင်အောင်ကြိုးစားနေတယ်
။ သားတို့တွေလည်း မိမိတို့ အတွက် ရွေးချယ်စရာ ကျန်နေတဲ့ ဘ၀အတွက် လျှောက်လှမ်းရမဲ့ လမ်းတွေကို
ရွေးချယ်တတ်စေချင်တယ် ။ ဘ၀အတွက် ရွေးချယ်တဲ့နေရာမှာ အနာဂတ်အတွက် မသေချာ မရေရာတဲ့ လမ်းတွေကို
မရွေးမိကြဖို့လည်း အန်တီက သတိပေးချင်တယ် ။ နမူနာပြောပြရမယ်ဆို ခုသားတို့ လုပ်နေတဲ့
အုပ်စုလိုက် ပိုက်ဆံကြေး ဂိမ်းလိုက်ဆော့နေကြတာမျိုးပေါ့ ။ ခုချိန်မှာ သားတို့နိုင်နေတယ်
။ ပိုက်ဆံတွေရနေတယ် ။ ဒါပေမယ့် ဒီအလုပ်ဟာ သားတို့အနာဂတ်အတွက် ရေရာနိုင်လား ။ အနာဂတ်အတွက်
အာမခံချက်မရှိပါဘူး ။ လူဆိုတာ ကိုယ်လျှောက်ချင်တဲ့လမ်းကို သေချာစွာ ရွေးချယ်တတ်ဖို့
သိပ်အရေးကြီးတယ် ။ အောင်မြင်ချင်တဲ့ သူတစ်ယောက်ဟာ
၁။ ရည်မှန်းချက် ခိုင်မာရမယ်
။
၂။ကိုယ်ကိုယ် ယုံကြည်ရမယ်
။
၃။အကင်းပါးရမယ် ။
၎။စိတ်ကူးကောင်းရမယ် ။
၅။စိတ်အားထက်သန်ရမယ် ။
၆။စည်းစနစ်ရှိရမယ် ။
၇။လုံ့လစိုက်ထုတ်မှုရှိရမယ်
။
ဒီအချက်တွေကို ရင်ထဲမှာ သေချာစွာ
သိမ်းစည်းပြီး လက်တွေ့လုပ်ဆောင်ကြရင် သားတို့ဟာ တစ်နေ့မှာ အောင်မြင်တဲ့ လူငယ်လေးတွေ
ဖြစ်လာမှာ မလွဲဧကန်ပါဘဲကွယ် ။နောက်ဆုံးပြောချင်တာလေးကတော့ စာရေးဆရာမ မစန္ဒာ ရေးဖူးတာလေးကို
လက်ဆင့်ကမ်းချင်တယ် ။
ဘ၀ခရီးလမ်းတစ်လျှောက်မှာ
အကြောင်းကြောင်းသော
အကြောင်းတွေကြောင့် တစ်ခါတလေ
ခလုတ်တိုက်မိကြတယ် ။
မှောက်လျက်လဲကျတဲ့အခါမျိုးရှိလာမယ်ဆိုရင်
သူများလာထူတာကို စောင့်ပြီး
ဝမ်းပန်းတနည်းနဲ့ ငိုမနေမိပါစေနဲ့ ။
ကုန်းရုန်းထပြီး လိုချင်တဲ့
ပန်းတိုင်ရောက်အောင် သွားကြပါ ။
ကိုယ်ရဲ့တန်ဖိုး နဲ့ ကိုယ်ရဲ့
အောင်မြင်တိုးတက်မှုဟာ ကိုယ်ရွေးချယ်တဲ့ လမ်းပေါ်မှာဘဲ မူတည်နေတယ်ဆိုတာ သားတို့ မှတ်ထားကြနော်
။
ကဲ အန်တီပြောချင်တာကတော့ ဒါပါဘဲ ။ သားတို့ ခု အန်တီပြောတာတွေကို
သေချာလောတွေးကြပါနော် ။ နောက်၃လနေရင် သားတို့ သူငယ်ချင်းကို စင်ကာပူမှာ အန်တီကျောင်းသွားတက်ခိုင်းတော့မယ်
။ ခုတူတူရှိနေချိန်လေးမှာ ချစ်ချစ်ခင်ခင်နေကြပေါ့ ။*
*ဟုတ်ကဲ့ပါ အန်တီ*
ဆိုတဲ့ အားလုံးဆီက အသံကတစ်ပြိုင်တည်းထွက်လာပါဧ။်
။ မေမေဆီကနေ လက်ဖက်ရည်ဆိုင်ကို ရောက်လာခဲ့ကြဧ။် ။ ဆိုင်မှာ ထိုင်ကြပေမယ့် အားလုံးအသံတွေတိတ်နေကြပါတယ်
။ ကိုယ်အတွေးနဲ့ ကိုယ်ငြိမ်နေမိကြပါဧ။် ။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ အားလုံးမေမေပြောလိုက်သော
စကားတွေကို အလုံးစုံလက်ခံတယ်ဆိုတာပါပဲ ။ ဇော်ဇော်ဆီက စကားသံစတင်ထွက်ပေါ်လာပါဧ။် ။
ငါအန်တီပြောတာအားလုံးကို
လက်ခံတယ် ။ ဒီပြသနာတွေက ငါကနေ အစပြုခဲ့ရတာ ။ ဒီတော့ ငါကဘဲ အစပြုပြီး အဆုံးသတ်တော့မယ်ကွာ
။ ဒုတိယစိတ်အ၀င်စားဆုံးဖြစ်တဲ့ ကွန်ပြူတာပြင်တဲ့ပညာကို ငါသေချာ သင်ပြီး အသက်မွေးဝမ်းကျောင်းပြုမယ်လို့
ဆုံးဖြတ်လိုက်ပြီ။ ငါဦးလေးနဲ့ ခင်တဲ့ ကွန်ပြူတာ ပြင်တဲ့ဆိုင်မှာ ပညာလည်းသင်ရင်း အလုပ်ဝင်လုပ်တော့မယ်ကွာ
။ တစ်နေ့မှာ ငါ ကျွမ်းကျင်တဲ့ ကွန်ပြူတာပညာရှင် တစ်ယောက်ဖြစ်ရမယ် ။ ဇော်ဇော်ကအစပြုကာ
တစ်ယောက်ချင်းဆီ မိမိတို့ ရွေးချယ်တဲ့ လမ်းတွေကို ဖွင့်ဟ ကြေငြာခဲ့ကြတယ် ။ ပြောတဲ့
အတိုင်း အားလုံး မိမိတို့ ရွေးချယ်တဲ့ လမ်းတွေကိုလျှောက်လှမ်းဖို့ အသီးသီးခွဲခွာခဲ့ကြတယ်
။ ကျွန်တော်လည်း မေမေစီမံပေးတဲ့ လမ်းကြောင်းပေါ်
ပျော်ရွင်စွာ လျှောက်လှမ်းခဲ့ပါတယ် ။ ကျွန်တော် သိပ်ဖြစ်ချင်တဲ့ အင်ဂျင်နီယာကြီး တစ်ယောက်လည်း
ဖြစ်ခွင့်ရခဲ့ပါတယ် ။ ကျောင်းပြီးလို့ စင်ကာပူနိုင်ငံမှာ အလုပ်ဆက်လုပ်ဖြစ်ခဲ့ပါဧ။်
။ ဒါပေမယ့် ကျွန်တော် အမြဲတွေးဖြစ်ခဲ့တာလေး တစ်ခုတော့ ရှိတယ် ။ ဘာလည်းဆိုတော့ တကယ်လို့တာ
မေမေလိုတာ ကျွန်တော်တို့ကို နားဝင်အောင် ပြောပြပေးမယ့်သူတာ မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ဘ၀တွေ
ခုချိန်မှာ ဘာတွေဖြစ်ကုန်နိုင်မလဲ ။ ခုချိန်မှာ သူငယ်ချင်းတွေလည်း သူတို့နေရာတွေမှာ
အောင်မြင်မှုကိုယ်ဆီဖြင့် ဘ၀ခရီးတွေကို အားမာန်အပြည့်နဲ့
လျှောက်လှမ်းနေကြပါပြီ ။ ကျွန်တော်တို့တစ်တွေ သီတင်းကျွတ်ချိန်ရောက်တိုင်း မဖြစ်မနေ ဆုံဖြစ်ကြပါတယ် ။ ခုလည်း သီတင်းကျွတ်ပြီမို့ မေမေဆီကို
အလည်ပြန်ရောက်နေခြင်းပါ ။ ညနေဆို ဟိုကောင်တွေလည်း အကုန်လာကြပါမည် ။ ဇော်ဇော်ဆိုရင်
ခုချိန်မှာ ကိုယ်ပိုင်ကွန်ပြူတာပြုပြင်ရေး စင်တာတစ်ခုကို ပိုင်ဆိုင်နေခဲ့ပါပြီ။ တစ်ခုတော့ရှိတယ်ဗျာ ။ မှင်နီဘောပင်တွေကိုတော့ ကျွန်တော်တို့
အားလုံး တူညီစွာ အရမ်းမုန်းတယ် ။ မှင်နီတွေကို မြင်ရတဲ့ အချိန်တိုင်း ကျွန်တော်တို့ရင်ထဲမှ
ထိခိုက်နာကျင် ရတဲ့ ဝေဒနာကတော့ ယနေ့တိုင်အောင် တူညီစွာ လက်ဆက်စွာ ခံစားနေရဆဲပါပဲ ။
ဘာမဟုတ်တဲ့ မှင်နီလေး တစ်ချက်က ကျွန်တော်တို့ရဲ့ လူငယ်တွေရဲ့ နုပျိုတဲ့ ကျောင်းသားဘ၀တွေကို
ရိုက်ချိုးပြစ်ခဲ့တယ် ။ မှင်နီတစ်လေးတစ်ကြောင်းက ကျွန်တော်တို့ အားလုံးရဲ့ အနာဂတ်တွေ
အုပ်ထိမ်းသူမိဘတွေရဲ့ သောကမျက်ရည်တွေကို ဖန်တီးခဲ့တယ် ။ မှင်နီတစ်ကြောင်း နောက်ကွယ်က စုတ်ပြတ်သတ်ခဲ့ရတဲ့
လူငယ်တွေရဲ့ ဘ၀တွေကို ခံစားနားလည်ပေးနိုင်ကြပါစေ ။ အနာဂတ်လူငယ်တိုင်း ကြောက်စရာ မှင်နီတစ်ကြောင်း
ရန်မှ ကင်းဝေးနိုင်ကြပါစေ ထာဝရ ဆုတောင်းပေးနေမိပါတော့တယ် ။
မကောင်းတာထက် ကောင်းတာတွေကို
များများလုပ်မိကြပါစေ။
အမှားတွေထဲက အမြန်ဆုံးနိုးထကာ
အမှန်တွေထဲမှာ ပျော်မွေ့နိုင်သူ ဦးရေတွေ များပြားလာပါစေ ။
အမှားတွေကို တိုက်တွန်းသူထက်
၊ အမှန်ကို လမ်းပြပေးသူ အရေတွက်တွေ တိုးပွားလာပါစေ။
No comments:
Post a Comment