Tuesday, August 26, 2014

၂၈ ။ မိမိသည်သာ မိမိ၏ ကိုးစားရာ ဖြစ်၏။



၂၈ ။ မိမိသည်သာ မိမိ၏ ကိုးစားရာ ဖြစ်၏။

ခိုင်လေး ( ရွှေတောင် )


64.jpg


ဆရာတော်ကြီး တစ်ပါးရဲ့ `အတ္တဒီပါ အတ္တသရဏာ= မိမိကိုယ်ကို ဆီမီးတိုင်ကဲ့သို့ ထွန်းညှိပါ၊ မိမိကိုယ်ကို ကိုးကွယ်ပါ´ ဆိုတဲ့ စာသားလေးကို မှတ်သားခဲ့ဖူးပါတယ် ။ ပါဠိတော်မြန်မာပြန်မှာတော့ --


အတ္တာ ဟိ အတ္တနော နာထော၊
ကော ဟိ နာထော ပရော သိယာ။
( ဓမ္မပဒ၊ ဂါထာ- ၁၆၀ )



မိမိသည်သာ မိမိ၏ ကိုးစားရာ ဖြစ်၏။ သူတစ်ပါးသည် မိမိ၏ ကိုးစားရာ အဘယ်မှာ ဖြစ်နိုင်အံ့နည်း- ဆိုပြီး ဘာသာပြန်ထားပါတယ်။ ဂါထာနံပါတ် ( ၃၈၀ ) မှာတော့ ( ကိုးစားရာအစား ) ကိုးကွယ်ရာ ဆိုပြီး ဘာသာပြန်ထားသည်ကို တွေ့ရပြန်ပါတယ်။ " ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်မည် ။ မကောင်းတာပြုမိလျှင် မကောင်းသော အကျိုးဆက်ကိုသာ ခံစားရပေမည် " ။ လူ့ဘ၀အချိန်ကာလဟာ အင်မတန်မှ တိုတောင်းလွန်းလှပါတယ်။
လူဖြစ်ချိန်ခဏလေးမှာ အကျိုးရှိရှိ တန်ဖိုးရှိစွာ နေတတ် သေတတ်ဖို့ အလွန်အရေးကြီးလှပါပေတယ် ။ ဒီနေ့ facebook စာမျက်နှာမှာ ဆရာတော် အရှင်ရဝေနွယ် ( အင်းမ ) ရေးသားတဲ့ စကားစုလေး တစ်ခုကို မှတ်သားလိုက်ရပါတယ် ။
သူတစ်ပါး မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ဘူး ။ ကိုယ်ကောင်းအောင်ပဲ နေရမယ့် အချိန်ဖြစ်နေပါပြီ ။ဘာဖြစ်လို့လဲ ဆိုတော့ သေဖို့က တဖြေးဖြေး နီးလာပြီလေ ။ ဒီစကားစုလေးက ဆရာတော်ရေးသားထားတဲ့ ဆုံးမစာ စကားစုလေးပါ ။

" အချိန်သည် လူကိုမစောင့်။ "
" အချိန်သည် မနားတမ်း တရွေ့ရွေ့ ကုန်ဆုံး၍နေပေသည်။ "
" စက္ကန့် တွေ တိုးလာသည်နှင့် သေဖို့ရက်ကလည်း တစ်စက္ကန့်ချင်း နီးလာနေပါသည် ။ "




ကျွန်မတို့ ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ လူတော်တော်များများ သူတစ်ပါး အားနည်းချက် အမှားတွေကိုသာ လက်ညှိုးထိုးဝေဖန်ဖို့ စောင့်ဆိုင်းနေတတ်ကြပါတယ် ။အတင်းပြောခြင်းဆိုသော အလုပ်ကို ယောကျာင်္းလေးလည်း ယောကျာင်္းလေး အလျှောက်ပြောဆိုတတ်ကြပါတယ် ။အမှန်တကယ်တွေးကြည့်မယ်ဆို ကျွန်မတို့အတွက် အချိန်တွေဟာ နည်းလွန်းလှပါတယ် ။သူတပါးအကြောင်းအရာတွေနဲ့ ခေါင်းရှုတ်အချိန်ကုန်ခံနေမယ့်အစား၊ မိမိကိုယ်ကို ဆန်းစစ်ဝေဖန်ခြင်းနဲ့၊ မိမိမှာ ရှိနေတဲ့ မကောင်းတဲ့ အကြောင်းအရာတွေကို ပြုပြင်ပြောင်းလဲပြီး၊ မိမိမှာ မရှိသေးတဲ့ ပညာရပ်တွေ အတတ်ပညာတွေကို လေ့လာဆည်းပူးခြင်း ဆိုတဲ့၊ အကျိုးရှိသည့် လုပ်ရပ်တွေကို လုပ်ဆောင်ခြင်းဖြင့် အချိန်တွေကို တန်ဖိုးရှိစွာ အသုံးချသင့်ပါတယ် ။ မိမိစိတ်ထဲမှာ သူတစ်ပါးအပေါ် မနာလိုစိတ်၊ မုန်းတီးစိတ်တွေသာ ပြည့်နှက်နေခဲ့မယ်ဆို သိပ်ကို ပူလောင် ပင်ပန်းလွန်းနေမှာ သေချာပါ၏ ။ မိမိတို့ ဒုက္ခဘုံကို မိမိတို့ကိုယ်တိုင် ဖန်တီးနေခြင်းနဲ့ အတူတူပါပဲ။ သူတစ်ပါးအကြောင်းကို လိုအပ်တာထက် ပိုမို စိတ်ဝင်စားခြင်းအမှုကို ရှောင်ရှား ဖယ်ခွင်းနိုင်ကြပါစေ ။လိုချင်တာ ဖြစ်ချင်တာ တစ်ခုကို ရရှိ ပိုင်ဆိုင်ဖို့အတွက်၊ မိမိသာလျှင် ဖြစ်အောင် လုပ်နိုင်သူ ဆိုသည့်
ခံယူစိတ်ကို မွေးမြူပါ။ ဘယ်သူက ကူညီရင်တော့ ဖြစ်မှာပဲ၊ ဘယ်ဝါဆီက အကူညီတော့ သေချာပေါက် ရမှာဆိုသည့် သူတစ်ပါးကို အားကိုးချင်တဲ့ စိတ်ဓာတ်တွေကို မိမိကိုယ်ထဲကနေ၊ လွှင့်ပစ်လိုက်သင့်ပါပြီ ။
ကျွန်မတို့ တက္ကသိုလ်တက်စဉ်အချိန်ကာလတွေ စာမေးပွဲဖြေတော့မယ်ဆိုရင်၊ ခုံနံပတ်နီးသူ သူငယ်ချင်းတွေက ကျက်စရာတွေကို ခွဲကျက်တာကို တွေ့ခဲ့ ကြုံခဲ့ ဖူးပါတယ် ။ နင်ကတော့ ဘယ်အခန်းတွေကိုကျက် ။ ငါက ဘယ်အခန်းတွေ ကျက်မယ် ။ နင်ကျက်တာကို ဖြေပြီးရင် ငါကျက်ထားတာကို နင့်ကို လှမ်းပြမယ် ။ နင်လဲ ငါ့ကို ပြပေါ့ .....
အစရှိတဲ့ သူတစ်ပါး အားကိုးစိတ်တွေကို ကျွန်မ ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးပါတယ်။
တကယ်တမ်း စာမေးပွဲခန်းထဲကို ရောက်သည့်အခါမှာတော့၊ တစ်ယောက်နဲ့ တစ်ယောက်ပြဖို့ကလည်း အခွင့်မသာ ။ တကယ်လို့ အခွင့်သာပြန်တော့လည်း ကိုယ့်ဆီကသာ ကူးပြီး ကိုယ့်အလှည့်ကျ ပြန်မပြတော့၊
စာမေးပွဲခန်းထဲမှ အပြင်ကိုရောက်သည်နှင့် ငိုပွဲ ဆင်နွှဲရသည့် သူငယ်ချင်းတွေကို မကြာခဏဆိုသလို မြင်တွေ့ခဲ့ရဖူးပါ၏။ ဒါပေမယ့် အမှတ်မရှိစွာနဲ့ပဲ နောက်နေ့တွေမှာလည်း ဒီနည်းလမ်းကိုပဲ ကျင့်သုံးကြပြန်တယ် ။ သူတို့တွေကို ကြည့်ပြီး ရင်သပ်ရှုမော ဖြစ်ခဲ့ရဖူးပါတယ် ။ အဆုံးသတ်တော့ အောင်စာရင်းမှာ သူတို့နာမည်တွေ ပါမလာခြင်းက ဖြစ်သင့်တဲ့ ရလာဒ်တစ်ခအဖြစ် ဖော်ပြနေခဲ့တယ် ။ ဘယ်လို အကြောင်းအရာ ကိစ္စတိုင်းကိုမဆို မိမိကိုယ်တိုင် ကြိုးစားအားထုတ်ခြင်းသည်သာလျှင် ရေရာသေချာခြင်းကို ရှိစေပါတယ် ။ သူတစ်ပါးကို အားကိုးခြင်းထက် ကိုယ်တိုင် လေ့လာဆည်းပူးခြင်းကိုသာ ပြုကျင့်သင့်ပါပေ၏ ။ မိမိ လေးစား အားကျရတဲ့ သူတွေဆီက ကောင်းမွန်သည့် အချက်လက် ကြိုးစားအားထုတ်ခြင်းတွေကို လေ့လာ အတုယူပါ ။ ကောင်းမွန်သော အချက်ကောင်းတွေ မိမိဆီသို့ ကူးစက်လာအောင် ကြိုးစားအားထုတ်လေ့ကျင့်ပါ။ လူ့ဘောင်ဘ၀မှာဘဲဖြစ်ဖြစ် သံသရာမှ ထွက်မြောက်အောင်ပဲဖြစ်ဖြစ် မည်သူမျှ မည်သူ့ကို မကယ်တင်နိုင်ပါ ။ မိမိကိုယ် မိမိသာ အားကိုး ရပေမည် ။



" သေးငယ်သောမီးပွားသည် ကြီးကျယ်သော မီးတောက်မီးလျှံကြီးများကို ဖြစ်စေနိုင်၏။
ထို့အတူ သေးငယ်သော အကျင့်ဆိုးသည်လည်း ယုတ်မာသော
အကျင့်ဆိုးကြီးများကို ဖြစ်စေနိုင်၍ နုစဉ်ကပင် ပယ်ဖြတ်သင့်၏။ "


(လောကဓမ္မဘဝ နီတိပဒေသာစာအုပ်မှ ကောက်နှုတ် ဖော်ပြပါသည်။)ဒီစာသားလေးလိုပါပဲ.... သူတစ်ပါးကို အားကိုးချင်သော အကျင့်ဆိုးလေးတွေကို နုစဉ်မှာ ရအောင်ဖြောက်ပစ်ပါ ။ သူတစ်ပါးကို အားကိုးတတ်တဲ့အကျင့်ဆိုးတွေကို ကုစားဖို့ အတွက် နည်းလေးတွေ ရှိပါတယ် ။






၁။ မိမိမှာ ပြည့်စုံတဲ့ အရည်ချင်းတွေရှိလာအောင် လေ့ကျင့်ပါ ။

၂။ မည်သည့်အရာကို မဆို ငါလုပ်ကို လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးမြူပါ။

၃။ လေ့လာဆည်းပူးသင့်သော ပညာရပ်များ ၊ ဆရာသမားများထံတွင် ရိုးကျိုးစွာလေ့လာဆည်းပူးပါ။

၎။ အားကိုးခြင်းနဲ့ သင်ယူခြင်းကို ခွဲခြားသိမြင်တတ်ပါ။

၅။ ကျူးလွန်မိတဲ့ မကောင်းမှုတွေကို ကြိုးစားပြီး မေ့လိုက်ပြီး၊ မကျူးလွန်ရသေးတဲ့ မကောင်းမှုကို မကျူးလွန်မိအောင် ကြိုးစားပါ။

၆။ ကိုယ်ရည်ရွယ်ချက်ပန်းတိုင်ကို ကိုယ်တိုင်သေချာ ရွေးချယ်ပါ ။

၇။ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ လုပ်ဆောင်တတ်သော အလေ့ကျင့်ကို မွေးမြူပါ။

၈။ စာအုပ် စာပေကောင်းတွေဟာ တိုးတက်နေသူတွေ ရဲ့ အရင်းနှီးလက်နက်ကောင်း တစ်ခုဆိုတာကို အသိစိတ်ထဲမှာ မှတ်သားပြီး စာဖတ်တဲ့ အလေ့ကျင့် မွေးမြူပါ။

၉။မိမိကိုယ်ကို လေးစားနိုင်မှုကို တည်ဆောက်နိုင်အောင်ကြိုးစားပါ။
ဒီအချက်လေးတွေကို စနစ်တကျလေ့လာ မွေးမြူမယ်ဆိုရင်၊ အနာဂတ်နေ့ရက်တိုင်းမှာ သင်ဟာ မိမိကိုယ်ကို ကိုးကွယ်အားကိုး တတ်လာပါလိမ့်မယ် ။



မိမိကိုယ့်ကိုယ် ကိုးကွယ်တတ်ဖို့ဆိုတာ သူတစ်ပါးဆီက အတင်းတောင်းလို့မရသလို၊ ငွေနဲ့ ၀ယ်ယူလို့လည်းမရနိုင်ပါဘူး ။မိမိသန္တာန်မှာ အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့သာ အဓိက ကျပါတယ် ။
ကြိုးစားအားထုတ်မှုတွေနဲ့ ကျင့်ကြံနေထိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးပွားလာမယ်ဆိုတာ ဧကန်မုချပါပဲ ။ သူတစ်ပါးကို အကူညီတောင်းချင်စိတ်တွေ သူတစ်ပါးအပေါ် အားကိုးချင်စိတ်တွေ ကိုးကွယ်လိုတဲ့ စိတ်ဆန္ဒတွေ ဖြစ်လာပြီဆိုတာနဲ့၊ မိမိကိုယ်သာ ကိုးကွယ်ရာဆိုတဲ့ အသိလေးကို ချက်ချင်းပြန်ခေါ်ပါ ။
ပါးစပ်ကနေပါ ထုတ်ရွတ်ဆိုခြင်းဖြင့် စိတ်ဓာတ်တွေကို ပြန်လည်မြှင့်တင်ပေးပါ ။ဘာပဲလုပ်လုပ် ငါလုပ်ကို လုပ်နိုင်ရမယ်ဆိုတဲ့ တိကျတဲ့ ဆုံးဖြတ်ချက်ချထားပါ ။ ယုံကြည်ချက် ခိုင်မာမယ် ၊ ဇွဲလုံ့လရှိမယ်ဆိုရင် မဖြစ်ဘူးဆိုတာ မရှိသလောက်ရှားပါတယ် ။ကြိုးစားမှုရဲ့ ရလာဒ်ဖြစ်တဲ့ ပန်းတိုင်ကို မလွဲဧကန် ရရှိပိုင်ဆိုင်ရမှာ ဖြစ်ပါတယ် ။
ဘ၀ရှိရင် ဒုက္ခဆိုတာလည်း ရှိနေဦးမှာပါပဲ။ ဒုက္ခဆိုတာကို ထိုင်တွေးငိုင်ဆွေး မနေဘဲ သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းခြင်းဟာ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ အခက်ခဲတွေကို ဖြေရှင်းအောင်မြင်နိုင်လေလေ၊ မိမိကိုယ်ကို ယုံကြည်မှုတွေ တိုးလေလေပါပဲ။

“ယခင်မကောင်းခဲ့လို့ ယခုမကောင်း၊ ယခု ထပ်မကောင်းလျှင် နောင် သည့်ထက်ဆိုးမည်သာ” ဆိုတဲ့စကားလေးထဲကလို၊ မကောင်းခြင်းတွေ မကောင်းတဲ့ အကျင့်တွေ သံသရာ မရှည်စေဖို့ ယခုချိန်ကစပြီး ကောင်းတဲ့ အကျင့်ခံယူချက်လေးတွေကို ပြောင်းလဲ ပြင်ဆင်လိုက်ပါ။

" သံသရာမှ ထွက်မြောက်အောင် မည်သူမျှ မည်သူ့ကို မကယ်နိုင်ပါ "

ဆိုတဲ့ အချက်ကို သတိမူ မှတ်သားဆင်ခြင်ကာ၊ မိမိကိုယ်ကိုယ်ကို အားကိုးရာဖြစ်အောင် ကိုယ်စီကိုယ်ငှ ကျင့်ဆောင်ကြိုးစားနိုင်ကြပါစေ။



“ယခင်ကောင်းလို့ ယခု ကောင်းပါသည်၊ ယခုကောင်းလို့ နောင် ကောင်းပါလိမ့်မည်။”
 

ဆိုသည့် ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ အဆုံးအမအတိုင်း၊
ယခုအချိန်ထဲက စတင်ပြီး " မိမိသည်သာ မိမိ၏ ကိုးစားရာ ဖြစ်၏ " ဆိုတဲ့ စိတ်ကို၊
ကိုယ့်ရင်ထဲမှာ ကိုယ့်နှလုံးသားထဲမှာ ကိုယ့်အသိဥာဏ်ထဲမှာ စွဲမြဲစွာ မှတ်သားပြီး၊ ရခဲလှသည့် လူ့ဘ၀မှာ မိမိကိုယ်ကို အားကိုးသူတွေ အဖြစ် ကြိုးစားနေထိုင်သွားကြပါစို့ရှင် ။








ခိုင်လေး (ရွှေတောင်)
Photo: မိမိသည်သာ မိမိ၏ ကိုးစားရာ ဖြစ်၏။

  


ဆရာတော်ကြီး တစ်ပါးရဲ့  `အတ္တဒီပါ အတ္တသရဏာ= မိမိကိုယ်ကို ဆီမီးတိုင်ကဲ့သို့ ထွန်းညှိပါ၊ မိမိကိုယ်ကို ကိုးကွယ်ပါ´ ဆိုတဲ့ စာသားလေးကို မှတ်သားခဲ့ဖူးပါတယ် ။ 

ပါဠိတော်မြန်မာပြန်မှာတော့  --

အတ္တာ ဟိ အတ္တနော နာထော၊ 
ကော ဟိ နာထော ပရော သိယာ။
( ဓမ္မပဒ၊ ဂါထာ- ၁၆၀ ) 


မိမိသည်သာ မိမိ၏ ကိုးစားရာ ဖြစ်၏။ သူတစ်ပါးသည် မိမိ၏ ကိုးစားရာ အဘယ်မှာ ဖြစ်နိုင်အံ့နည်း- ဆိုပြီး ဘာသာပြန်ထားပါတယ်။ 

ဂါထာနံပါတ် ( ၃၈၀ ) မှာတော့ ( ကိုးစားရာအစား ) ကိုးကွယ်ရာ ဆိုပြီး ဘာသာပြန်ထားသည်ကို တွေ့ရပြန်ပါတယ်။ 

" ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်မည် ။ မကောင်းတာပြုမိလျှင် မကောင်းသော အကျိုးဆက်ကိုသာ ခံစားရပေမည် " ။ 

လူ့ဘ၀အချိန်ကာလဟာ အင်မတန်မှ တိုတောင်းလွန်းလှပါတယ်။

လူဖြစ်ချိန်ခဏလေးမှာ အကျိုးရှိရှိ တန်ဖိုးရှိစွာ နေတတ် သေတတ်ဖို့ အလွန်အရေးကြီးလှပါပေတယ် ။ ဒီနေ့ facebook စာမျက်နှာမှာ ဆရာတော် အရှင်ရဝေနွယ် ( အင်းမ ) ရေးသားတဲ့ စကားစုလေး တစ်ခုကို မှတ်သားလိုက်ရပါတယ် ။

သူတစ်ပါး မကောင်းတာကို  ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ဘူး ။ 

ကိုယ်ကောင်းအောင်ပဲ နေရမယ့် အချိန်ဖြစ်နေပါပြီ ။ 

ဘာဖြစ်လို့လဲ ဆိုတော့ သေဖို့က တဖြေးဖြေး နီးလာပြီလေ ။ 

ဒီစကားစုလေးက ဆရာတော်ရေးသားထားတဲ့ ဆုံးမစာ စကားစုလေးပါ ။

" အချိန်သည် လူကိုမစောင့်။ " 

" အချိန်သည် မနားတမ်း တရွေ့ရွေ့ ကုန်ဆုံး၍နေပေသည်။ "
" စက္ကန့် တွေ တိုးလာသည်နှင့် သေဖို့ရက်ကလည်း တစ်စက္ကန့်ချင်း နီးလာနေပါသည် ။ "



ကျွန်မတို့ ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ လူတော်တော်များများ သူတစ်ပါး အားနည်းချက် အမှားတွေကိုသာ လက်ညှိုးထိုးဝေဖန်ဖို့ စောင့်ဆိုင်းနေတတ်ကြပါတယ် ။အတင်းပြောခြင်းဆိုသော အလုပ်ကို ယောကျာင်္းလေးလည်း ယောကျာင်္းလေး အလျှောက်ပြောဆိုတတ်ကြပါတယ် ။အမှန်တကယ်တွေးကြည့်မယ်ဆို ကျွန်မတို့အတွက် အချိန်တွေဟာ နည်းလွန်းလှပါတယ် ။သူတပါးအကြောင်းအရာတွေနဲ့ ခေါင်းရှုတ်အချိန်ကုန်ခံနေမယ့်
အစား၊ မိမိကိုယ်ကို ဆန်းစစ်ဝေဖန်ခြင်းနဲ့၊ 
မိမိမှာ ရှိနေတဲ့ မကောင်းတဲ့ အကြောင်းအရာတွေကို ပြုပြင်ပြောင်းလဲပြီး၊ မိမိမှာ မရှိသေးတဲ့ ပညာရပ်တွေ အတတ်ပညာတွေကို လေ့လာဆည်းပူးခြင်း ဆိုတဲ့၊ 
အကျိုးရှိတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ခြင်းနဲ့ အချိန်တွေကို တန်ဖိုးရှိစွာ အသုံးချသင့်ပါတယ် ။ မိမိစိတ်ထဲမှာ သူတစ်ပါးအပေါ် မနာလိုစိတ်၊ မုန်းတီးစိတ်တွေသာ ပြည့်နှက်နေမယ်ဆိုရင်၊ သိပ်ကို ပူလောင် ပင်ပန်းလွန်းနေမှာ သေချာပါတယ်။ 
မိမိတို့ ဒုက္ခဘုံကို မိမိတို့ကိုယ်တိုင် ဖန်တီးနေခြင်းနဲ့ အတူတူပါပဲ။ သူတစ်ပါးအကြောင်းကို လိုအပ်တာထက် ပိုမို စိတ်ဝင်စားခြင်းအမှုကို ရှောင်ရှား ဖယ်ခွင်းနိုင်ကြပါစေ ။
လိုချင်တာ ဖြစ်ချင်တာ တစ်ခုကို ရရှိ ပိုင်ဆိုင်ဖို့အတွက်၊ မိမိသာလျှင် ဖြစ်အောင် လုပ်နိုင်သည် ဆိုတဲ့ ခံယူစိတ်ကို မွေးမြူပါ။ 
ဘယ်သူက ကူညီရင်တော့ ဖြစ်မှာပဲ၊ ဘယ်ဝါဆီက အကူညီတော့ သေချာပေါက် ရမှာဆိုတဲ့ သူတစ်ပါးကို အားကိုးချင်တဲ့ စိတ်ဓာတ်တွေကို မိမိကိုယ်ထဲကနေ၊ လွှင့်ပစ်လိုက်သင့်ပါပြီ ။ 

ကျွန်မတို့ တက္ကသိုလ်တက်စဉ်အချိန်ကာလတွေ စာမေးပွဲဖြေတော့မယ်ဆိုရင်၊ ခုံနံပတ်နီးသူ သူငယ်ချင်းတွေက ကျက်စရာတွေကို ခွဲကျက်တာကို မြင်တွေ့ခဲ့ဖူးပါတယ် ။ နင်ကတော့ ဘယ်အခန်းတွေကိုကျက် ။ ငါက ဘယ်အခန်းတွေ ကျက်မယ် ။ 
နင်ကျက်တာကို ဖြေပြီးရင် ငါကျက်ထားတာကို နင့်ကို လှမ်းပြမယ် ။ နင်လဲ ငါ့ကို ပြပေါ့ ..... 
အစရှိတဲ့ သူတစ်ပါး အားကိုးစိတ်တွေကို ကျွန်မ ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးပါတယ်။ 
တကယ်တမ်း စာမေးပွဲခန်းထဲကို ရောက်တဲ့အခါမှာတော့၊ တစ်ယောက်နဲ့ တစ်ယောက်ပြဖို့ကလည်း အခွင့်မသာ ။ တကယ်လို့ အခွင့်သာပြန်တော့လည်း ကိုယ့်ဆီကသာ ကူးပြီး ကိုယ့်အလှည့်ကျ ပြန်မပြတော့၊
စာမေးပွဲခန်းထဲက ထွက်တဲ့ အချိန်မှာ ငိုပွဲ ဆင်နွှဲရတဲ့ သူငယ်ချင်းတွေကို မကြာခဏဆိုသလို မြင်တွေ့ခဲ့ရဖူးပါတယ် ။ ဒါပေမယ့် အမှတ်မရှိစွာနဲ့ပဲ နောက်နေ့တွေမှာလည်း ဒီနည်းလမ်းကိုပဲ ကျင့်သုံးကြပြန်တယ် ။ သူတို့တွေကို ကြည့်ပြီး ရင်သပ်ရှုမော ဖြစ်ခဲ့ရဖူးပါတယ် ။ 
အဆုံးသတ်တော့ အောင်စာရင်းမှာ သူတို့နာမည်တွေ ပါမလာခြင်းက ဖြစ်သင့်တဲ့ ရလာဒ်တစ်ခုပါပဲ ။ ဘယ်လို အကြောင်းအရာမဆို၊ ဘယ်လို ကိစ္စတိုင်းကိုမဆို မိမိကိုယ်တိုင် ကြိုးစားအားထုတ်ခြင်းက ရေရာသေချာမှု ရှိဖို့ ကြိမ်းသေစေပါတယ် ။ 
သူတစ်ပါးကို အားကိုးခြင်းထက် ကိုယ်တိုင် လေ့လာဆည်းပူးခြင်းကိုသာ ပိုမို ပြုကျင့်သင့်ပါတယ် ။ မိမိ လေးစား အားကျရတဲ့ သူတွေဆီက ကောင်းမွန်တဲ့ အချက်လက်တွေ၊ ကြိုးစားအားထုတ်ခြင်းတွေကို လေ့လာ အတုယူပါ ။ 
မိမိဆီကို ကောင်းမွန်တဲ့ အချက်တွေ ကူးစက်လာအောင် မိမိကိုယ်တိုင် ကြိုးစားအားထုတ်လေ့ကျင့်ပါ။ လူ့ဘောင်ဘ၀မှာဘဲဖြစ်ဖြစ် သံသရာမှ ထွက်မြောက်အောင်ပဲဖြစ်ဖြစ် မည်သူမျှ မည်သူ့ကို မကယ်တင်နိုင်ပါ ။ မိမိကိုယ် မိမိသာ အားကိုး ရပေမည် ။


" သေးငယ်သောမီးပွားသည် ကြီးကျယ်သော မီးတောက်မီးလျှံကြီးများကို ဖြစ်စေနိုင်၏။ 

ထို့အတူ သေးငယ်သော အကျင့်ဆိုးသည်လည်း ယုတ်မာသော အကျင့်ဆိုးကြီးများကို ဖြစ်စေနိုင်၍ နုစဉ်ကပင် ပယ်ဖြတ်သင့်၏။ " 

(လောကဓမ္မဘဝ နီတိပဒေသာစာအုပ်မှ ကောက်နှုတ် ဖော်ပြပါသည်။)
ဒီစာသားလေးလိုပါပဲ.... သူတစ်ပါးကို အားကိုးချင်သော အကျင့်ဆိုးလေးတွေကို နုစဉ်မှာ ရအောင်ဖျောက်ပစ်ပါ ။ သူတစ်ပါးကို အားကိုးတတ်တဲ့ အကျင့်ဆိုးတွေကို ကုစားဖို့ အတွက် နည်းလေးတွေ ရှိပါတယ် ။ 




၁။ မိမိမှာ ပြည့်စုံတဲ့ အရည်ချင်းတွေရှိလာအောင် လေ့ကျင့်ပါ ။ 

၂။ မည်သည့်အရာကို မဆို ငါလုပ်ကို လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးမြူပါ။ 

၃။ လေ့လာဆည်းပူးသင့်သော ပညာရပ်များ ၊ ဆရာသမားများထံတွင် ရိုးကျိုးစွာလေ့လာဆည်းပူးပါ။ 

၎။ အားကိုးခြင်းနဲ့ သင်ယူခြင်းကို ခွဲခြားသိမြင်တတ်ပါ။ 

၅။ ကျူးလွန်မိတဲ့ မကောင်းမှုတွေကို ကြိုးစားပြီး မေ့လိုက်ပြီး၊ မကျူးလွန်ရသေးတဲ့ မကောင်းမှုကို မကျူးလွန်မိအောင် ကြိုးစားပါ။ 

၆။ ကိုယ်ရည်ရွယ်ချက်ပန်းတိုင်ကို ကိုယ်တိုင်သေချာ ရွေးချယ်ပါ ။ 

၇။ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ လုပ်ဆောင်တတ်သော အလေ့ကျင့်ကို မွေးမြူပါ။ 

၈။ စာအုပ် စာပေကောင်းတွေဟာ တိုးတက်နေသူတွေ ရဲ့ အရင်းနှီးလက်နက်ကောင်း တစ်ခုဆိုတာကို အသိစိတ်ထဲမှာ မှတ်သားပြီး စာဖတ်တဲ့ အလေ့ကျင့် မွေးမြူပါ။ 

၉။မိမိကိုယ်ကို လေးစားနိုင်မှုကို တည်ဆောက်နိုင်အောင်ကြိုးစားပါ။
ဒီအချက်လေးတွေကို စနစ်တကျလေ့လာ မွေးမြူမယ်ဆိုရင်၊ အနာဂတ်နေ့ရက်တိုင်းမှာ သင်ဟာ မိမိကိုယ်ကို ကိုးကွယ်အားကိုး တတ်လာပါလိမ့်မယ် ။


မိမိကိုယ်ကို ကိုးကွယ်တတ်ဖို့ဆိုတာ သူတစ်ပါးဆီက အတင်းတောင်းလို့မရသလို၊ ငွေနဲ့ ၀ယ်ယူလို့လည်းမရနိုင်ပါဘူး ။မိမိသန္တာန်မှာ အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့သာ အဓိက ကျပါတယ် ။ 
ကြိုးစားအားထုတ်မှုတွေနဲ့ ကျင့်ကြံနေထိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးပွားလာမယ်ဆိုတာ ဧကန်မုချပါပဲ ။ သူတစ်ပါးကို အကူညီတောင်းချင်စိတ်တွေ သူတစ်ပါးအပေါ် အားကိုးချင်စိတ်တွေ ကိုးကွယ်လိုတဲ့ စိတ်ဆန္ဒတွေ ဖြစ်လာပြီဆိုတာနဲ့၊ 
 မိမိကိုယ်သာ ကိုးကွယ်ရာဆိုတဲ့ အသိလေးကို ချက်ချင်းပြန်ခေါ်ပါ ။ 
ပါးစပ်ကနေပါ ထုတ်ရွတ်ဆိုခြင်းဖြင့် စိတ်ဓာတ်တွေကို ပြန်လည်မြှင့်တင်ပေးပါ ။ဘာပဲလုပ်လုပ် ငါလုပ်ကို လုပ်နိုင်ရမယ်ဆိုတဲ့ တိကျတဲ့ ဆုံးဖြတ်ချက်ချထားပါ ။ ယုံကြည်ချက် ခိုင်မာမယ် ၊ ဇွဲလုံ့လရှိမယ်ဆိုရင် မဖြစ်ဘူးဆိုတာ မရှိသလောက်ရှားပါတယ် ။ကြိုးစားမှုရဲ့ ရလာဒ်ဖြစ်တဲ့ ပန်းတိုင်ကို မလွဲဧကန် ရရှိပိုင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ 
ဘ၀ရှိရင် ဒုက္ခဆိုတာလည်း ရှိနေဦးမှာပါပဲ။ ဒုက္ခဆိုတာကို ထိုင်တွေးငိုင်ဆွေး မနေဘဲ သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းခြင်းဟာ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ 
အခက်ခဲတွေကို ဖြေရှင်းအောင်မြင်နိုင်လေလေ၊ မိမိကိုယ်ကို ယုံကြည်မှုတွေ တိုးလေလေပါပဲ။
“ယခင်မကောင်းခဲ့လို့ ယခုမကောင်း၊ ယခု ထပ်မကောင်းလျှင် နောင် သည့်ထက်ဆိုးမည်သာ” ဆိုတဲ့စကားလေးထဲကလို၊ မကောင်းခြင်းတွေ မကောင်းတဲ့ အကျင့်တွေ သံသရာ မရှည်စေဖို့ ယခုချိန်ကစပြီး ကောင်းတဲ့ အကျင့်ခံယူချက်လေးတွေကို ပြောင်းလဲ ပြင်ဆင်လိုက်ပါ။ 

" သံသရာမှ ထွက်မြောက်အောင် မည်သူမျှ မည်သူ့ကို မကယ်နိုင်ပါ "ဆိုတဲ့ အချက်ကို သတိမူ မှတ်သားဆင်ခြင်ကာ၊ မိမိကိုယ်ကိုယ်ကို အားကိုးရာဖြစ်အောင် ကိုယ်စီကိုယ်ငှ ကျင့်ဆောင်ကြိုးစားနိုင်ကြပါစေ။ 


 “ယခင်ကောင်းလို့ ယခု ကောင်းပါသည်၊ ယခုကောင်းလို့ နောင် ကောင်းပါလိမ့်မည်။” 

ဆိုသည့် ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ အဆုံးအမအတိုင်း၊
ယခုအချိန်ထဲက စတင်ပြီး " မိမိသည်သာ မိမိ၏ ကိုးစားရာ ဖြစ်၏ " ဆိုတဲ့ စိတ်ကို၊ 
ကိုယ့်ရင်ထဲမှာ ကိုယ့်နှလုံးသားထဲမှာ ကိုယ့်အသိဥာဏ်ထဲမှာ စွဲမြဲစွာ မှတ်သားပြီး၊ 
ရခဲလှတဲ့ လူ့ဘ၀မှာ မိမိကိုယ်ကို အားကိုးသူတွေ အဖြစ် ကြိုးစားနေထိုင်သွားကြပါစို့ရှင် ။ 




 


ခိုင်လေး (ရွှေတောင်)


No comments:

Post a Comment