Tuesday, August 26, 2014

၄၁ ။ နေရာ ဒေသကိုလိုက်ပြီး ၀တ်စားဆင်ယင်တတ်စေချင်ပါသည်



၄၁ ။ နေရာ ဒေသကိုလိုက်ပြီး ၀တ်စားဆင်ယင်တတ်စေချင်ပါသည်
ရေးသားသူ = ခိုင်လေး ( ရွှေတောင် )
41.jpg

ခိုင်လေး တို့ ယနေ့မျက်မှောက်ခေတ်မှာ ခေတ်မှီတိုးတက်မှုနဲ့အတူ ၀တ်စားဆင်ယင်မှုတွေ လဲလိုက်ပြီးတိုးတက်လာတယ်.....ဒီလိုတိုးတက်မှုမှာ နေရာဒေသလေးကို လိုက်ပြီး ၀တ်စားဆင်ယင်တတ်စေချင်တယ်.....ခိုင်လေးတို့ လဲ ၀တ်မိပါတယ်....လူငယ်တွေကို...သူများဝတ်ရင် ၀တ်ချင်မိတာဘဲလေ။ခိုင်လေး အဓိက ပြောချင်တာလေးကတော့ မြန်မာ မိန်းကလေးတွေ အနေနဲ့ ဘုရာကျောင်းကန်၊ ဘုန်းကြီးကျောင်းတွေကို သွားတဲ့အခါမှာ စကပ်တွေ ၊ ဘောင်းဘီတွေ ၊ ဂါဝန်တို တွေနဲ့ ဘုရားရင်ပြင်တော်တွေ ၊ ဘုန်းကြီးကျောင်းတွေမှာ တွေ့နေမြင်နေရတဲ့ အခါတိုင်း စိတ်မကောင်းဖြစ်ရတယ်။ ရွှေတိဂုံ ဘုရားကိုတက်မယ်ဆို စကပ်တိုတွေဝတ်လာပြီဆိုတာနဲ့ ထဘီလဲခိုင်းနေတာကို တွေ့ရတဲ့ အခါတော်တော်ကို ပီတိဖြစ်မိပါတယ်....ဒါပေမယ့် ရင်ပြင်တော်မှာတချို့တချို့သော မိန်းကလေးတွေကို ဘောင်းဘီတွေနဲ့ တွေ့နေရပါသေးတယ်......ခိုင်လေးတို့ ပြင်ပ တခြားနေရာတွေမှာ ဈေးဝယ်ထွက်မယ်....တခြား သွားစရာရှိတာတွေကို နေ့စဉ်သွားလာလှုပ်ရှားနေကြပေမယ့် .....ဘုရားသွားတယ်..... ဘုန်းကြီးကျောင်းသွားတယ်ဆိုတာ တစ်လနေလို့ တစ်ခါ သွားကြခဲပါတယ်....တစ်ခါတစ်ရံ သွားတဲ့အချိန်ခါလေးမှာကိုယ်ဘာသာတရားကို အထွဋ်မြတ်ထားပြီး မြန်မာယဉ်ကျေးမှုနဲ့ လိုက်လျော ညီထွေ တဲ့အ၀တ်စားလေးကို ယဉ်ကျေးသိမ်မွေ့စွာ ၀တ်ဆင်မယ်ဆို ဘယ်လောက် အမြင်တင့်တယ်ပြီး ကျက်သရေ ရှိလိုက်မလဲရှင်။ခေတ်မှီတယ်ဆိုတာ ကို ဖော်ပြချင်တာ နဲ့ အ၀တ်စားတွေ ၀တ်ပြနေဖို့ထက်နိုင်ငံတကာ တိုးတက်နေတဲ့ ပညာရေးတွေ၊ စီးပွားရေးတွေ ၊ သူတို့ အချိန်ကို အကျိုးရှိစွာ အသုံးချနေပုံကိုတွေ ပိုမိုအတုယူ သင့်ပါတယ်.... ဘယ်လောက်ဘဲ တကယ်ခေတ်မှီတဲ့ အ၀တ်စားတွေ နဲ့ လှပနေပါစေ..... အမှန်တစ်ကယ်အရေးကြီးတဲ့ ပွဲတွေမှာ ၊ ဧည့်ခံပွဲတွေမှာ တင့်တယ်နေတဲ့ အ၀တ်စားကတော့ မြန်မာဝတ်စုံလေးပါဘဲ။မြန်မာဝတ်စုံစစ်စစ်ကို  ပုဆိုးတိုက်ပုံ ၊ ချိတ်ထဘီ + ရင်ဖုံးကို ပုဝါ ဆုံချတက်နေရဆဲပါဘဲရှင်။ဒီမြင်ကွင်းလေးတွေက မြန်မာဝတ်စုံဆိုတာ ပွဲတက်ခန့်ညားထည်ဝါနေတုန်းဆိုတာကို သက်သေပြတနေတာပါဘဲ။ခိုင်လေးတို့ အမတွေ ညီမတွေ သူငယ်ချင်းတွေ အားလုံးသေသေချာချာ တွေးကြည့်ပါ။ ခေတ်မှီတာ ကောင်းပါတယ်။ခေတ်လွန်မနေဖို့တော့ အထူးလိုအပ်ပါတယ်.....ဘုရားတွေ ပေါ် ဘောင်းဘီတကားကား ဂါဝန်တကားကား ၀တ်နေလို့ဘယ်သူမှ ချီးမွှမ်းထောပနာ ပြုမှာမဟုတ်ကြပါဘူး။ ရွှေတိဂုံဘုရား လိုနေရာမျိုးတွေမှာဆို နိုင်ငံတကာ ခရီးသွားပေါင်းများစွာ ရှိနေတတ်ကြပါတယ်...သူတို့တွေ ဘယ်လို မြင်မလဲ ဘယ်လိုတွေးသွားမလဲဆိုတာကို ခိုင်လေးတို့ မေ့ထားလို့မရပါဘူးရှင်....ကိုယ်ဘာသာ သာသနာ့ကို ကိုယ်တိုင်က တန်ဖိုးမထားရင် တစ်ခြားလူမျိုးခြားတွေက ပိုလို့တောင်အထင်သေးလာနိုင်ပါတယ်။ အပြင် လောကမှာ ကိုယ်ဝတ်ချင်တဲ့ ပုံစံတွေကို ၀တ်ခွင့် ၀တ်လို့ရနေတာဘဲရှင်......တစ်ခါတစ်လေလေးသွားတဲ့ ဘာသာရေးနဲ့ ဆိုင်တဲ့နေရာလေးတွေမှာတော့ တန်ဖိုးရှိ ယဉ်ကျေးသိမ်မွေ့တဲ့မြန်မာ ၀တ်စုံလေးတွေ .... မြန်မာ ၀တ်စုံ အပြည့် မဟုတ်တောင် ထဘီ ၊ ပုဆိုးလေးတွေကိုဘဲ ၀တ်ဆင်ကြပါလို့စေတာနရှေ့ထားပြီး တိုက်တွန်းနှိုးဆော်လိုက်ပါရစေရှင်။
ဒုတိယပိုင်းအနေနဲ့ ဆက်ပြောချင်တာလေးကတော့မြန်မာလူမျိုး တစ်ယောက်ဟာ နေ့တစ်နေ့တာ ကုန်ဆုံးသွားတဲ့ အချိန်မှာ အိပ်ခံနီးလေးမှာတောင် ခိုင်လေးတို့ ကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာ ဘုရားကို ဦးခိုရှိခိုးမိကြရဲ့လား...ကိုယ်ကိုမညာကြေးမေးကြည့်ပါ...တချို့တွေ ပြောတတ်ကြပါသေးတယ်...ဘာတဲ့ ရင်ထဲမှာ ဘုရားရှိတယ်တဲ့....ခိုင်လေးအမြင်လေးပေါ့နော်.....နေ့တစ်နေ့တာ ကုန်ဆုံးတဲ့ အချိန်ခါမှာ ဘုရားရှင်ကို ဦးတိုက် ရှိခိုးဖို့ အချိန်လေး 5မိနစ်လောက်ကို လူတွေ ဘာလို့ မပေးနိုင်ကြရတာလဲ......ဒီထက်မကတောင် အချိန်တွေ ပေးသင့်ပါတယ်။အထူးသဖြင့် ရေမြေခြားမှာနေနေကြတဲ့ သူတွေ ကိုယ်ရေကိုယ်မြေ နဲ့ ဝေးကွာနေချိန်မှာ ပို့လို့တောင် ဘာသာရေးကိုလုပ်သင့်ပါတယ်......ဘုရားဝတ်ပြုတဲ့အချိန်လေးမှာ ပုဆိုးလေးတွေ ၊ ထဘီလေးတွေ လဲမယ် ကိုယ်လက်သန့်စင်ပြီးဘုရားဝတ်ပြုမယ်ဆို အဲဒီဝတ်ပြုနေတဲ့ အချိန်ခဏလေးမှာတော့ အေးချမ်းမှု တစ်ခု ကိုရရှိပိုင်ဆိုင်ရမယ်လို့ ယုံကြည်မိပါတယ်။ ဘုရားတော့ ၀တ်ပြုပါတယ်....၀တ်ထားတာက ကိုးရိုးကားယားဆိုလဲ မသင့်တော်ပြန်ပါဘူး။နောက်ဆုံး အချုပ်အနေနဲ့ ပြောချင်တာကတော့ ၀တ်တော့ဝတ်ပါ....ဒါပေမယ့် နေရာဒေသနဲ့ အချိန်ခါလေးကိုလိုက်ပြီး ၀တ်စားဆင်ယင်ကြပါလို့ ။.... မြန်မာဝတ်စုံလေးတွေကိုလဲ တန်ဖိုးထား ၀တ်ဆင်တတ်ကြပါစေလို့လဲဆန္ဒပြုမိပါတယ်။ လှပတင့်တယ်၊ တန်ဖိုးရှိပြီး ၊ ဥာဏ်ရည် ဥာဏ်သွေးထက်မြက်တဲ့  မြန်မာမောင် ၊ မြန်မာမလေးတွေများများ ပေါ်ပေါက်လာပါစေ။  ခေတ်မှီတိုးတက်ပြီး  ဘာသာတရားကို ရိုသေကိုင်းရှိုင်းတတ်သော နိုင်ငံသားတွေ နဲ့ တည်ဆောက်ထားတဲ့ မြန်မာနိုင်ငံကြီး အဖြစ် ကမ္ဘာအလည်မှာ ခေါင်းမော့ နိုင်ပါစေရှင်။
ခိုင်လေး ပြောတတ်သမျှလေး ပြောထားပါတယ်ရှင်
အမှားတွေ ပါခဲ့မယ် ..စာဖတ်သူတစ်စုံတစ်ဦးကို
စိတ်အနှောင့်ယှက်ဖြစ်စေမယ်ဆို တောင်းပန်လိုက်ပါတယ်နော်
ခိုင်လေး အမြင်နဲ့ ခံယူချက်လေးတွေကို ပြောပြကြည့်တာပါ။
ဘယ်ဝတ်စုံတွေ ဘယ်လောက်လှလှ
မြန်မာဝတ်စုံလေးကိုတော့ အနှစ်သက်ဆုံးဘဲရှင်။

No comments:

Post a Comment