ဇန်န၀ါရီလ 22, 2011 7:45pmတွင်ရေးသားသည် ။
ခိုင်လေး (ရွှေတောင်)
ကျွန်မကတော့ ကိုယ်ကို မိန်းကလေး ဖြစ်ရတာ အလွန်တရာ ကျေနပ်ဝမ်းသာမိပါတယ်။
ဒီလိုပြောလို ကျွန်မကို အံသြ ကြမယ်လို့ ထင်တယ်နော်။ ဘာလို်လဲဆိုတော့ မြင်မြတ်တဲ့ မိခင် ဆိုတဲ့ ဘ၀ကို ပိုင်ဆိုင်ခွင့်ရလို့ပါပဲရှင်။က
" အနန္တ ဂိုဏ်းဝင် ၊ မွေးမိခင်ကို "
" ချစ်ခင်လေးစား ၊ တန်းဖိုးထားပါ"
" လှုပ်ရှားးသွားလာ၊ ဟန်မူရာသည်"
" အိမ်မှာပပျောက် ၊ ထိုချိန်ရောက်မှ"
" ဆောက်တည်မရ ၊ နောင်တရလျှင်"
" ဘ၀တစ်လျှောက်လုံး ၊ ယူကြုံးမရ"
" ဖြစ်ရလိမ့်မည်...."
ဒီကဗျာလေးကိုခိုင်လေးအရမ်းနှစ်သ
ခိုင်လေးက ခိုင်လေး မိဘတွေ အပေါ်မှာ အရမ်းကို ဆိုးခဲ့ပါတယ် ။ ခိုင်လေး မေမေ က ခိုင်လေး အတွက်တော့ ထာဝရ သူရဲကောင်း တစ်ယောက်ပါပဲ ။ ခိုင်လေး ဆိုးသမျှကို မရရအောင် ပြုပြင်နိုင်တဲ့ အရည်ချင်းအပြည့်ဝရှိတဲ့ ထက်မြက်တဲ့ မိခင်ကောင်းတယောက်ပါပဲ ။ ဆိုးတဲ့သူမို့ ပတ်ဝန်းကျင်က ပြောကြတယ် ။ အဲဒီလို ပြောလာကြတိုင်းမေမေ ပြန်ပြောခဲ့တဲ့ စကားလေးတစ်ခွန်း ရှိတယ် ။ အဲဒါ ဘာလဲဆိုတော့ * တစ်ဘ၀မှာ တစ်ခါဘဲတော်ရတဲ့ သမီးကို သမီးတော်ခွင့်ရတုန်းမှာ ရအောင်ဆုံးမမယ်တဲ့လေ ။ ပစ်ထားလို့ ကုန်သွားမဲ့ အချိန်တွေကို ကျွန်မက နှမြောတယ် ။ အလကားသက်သက် အချိန်တွေကို အကုန်မခံနိုင်ဘူး ။ ကျွန်မ၀တ္တရားရှိတဲ့အတိုင်းတော့ ဆုံးမ ပဲ့ပြင်ရမှာပဲ ။ ကောင်းမွန်လိမ်မာတဲ့ သမီးလေးဖြစ်ဖို့ ကျွန်မမသေမချင်းတော့ ဆုံးမနေရမယ် * လို့ မေမေက ပြန်ဖြေတတ်ပါတယ် ။
ခိုင်လေးအိမ်ထောင် နဲ့ အပြီးတိုင်းကွာရှင်းပြီး မေမေတို့ အိမ်ကို ပြန်ရောက်လာခဲ့တယ် ။ ခိုင်လေး မှာ သားလေးနဲ့ သမီးလေး နှစ်ယောက်နဲ့ပေါ့ ။ မေမေက အပြုံးမပျက်လက်ခံစောက်ရှောက်ပေး
အဖေကို မပြောရဲတာတွေ အသိမပေးရတာတွေကိုလဲ မေမေကပဲ ဖြေရှင်းပေးခဲ့ရတယ် ။ မေမေ တယောက်ထဲ ကြိတ်ခံစားခဲ့ရတာတွေ တွေးမိတတ်လာခဲ့တယ် ။ ခိုင်လေး သမီးလေးကို သိပ်ချစ်သလို မေမေလဲ ခိုင်လေးကို သိပ်ချစ်မှာဘဲဆိုတာလဲ ပိုပြီးတွေးမိ........မြင်မိလာတ
No comments:
Post a Comment