Tuesday, August 26, 2014

၅၈ ။ တန်ဖိုးရှိတဲ့ က္ကုနြေ္ဒရှင် မိန်းမလှလေးတွေ ဖြစ်ဖို့ 

၅၈ ။ တန်ဖိုးရှိတဲ့ က္ကုနြေ္ဒရှင် မိန်းမလှလေးတွေ ဖြစ်ဖို့ 

2011ခုနှစ်က ရေးခဲ့သော ဆောင်းပါးအဟောင်းလေးပါ
ခိုင်လေး(ရွှေတောင်)

ကျွန်မက ရွှေတောင်မြို့ လေးမှာနေပါတယ် ။ ခိုင်လေးတို့ ရွှေတောင်မြို့နဲ့ ၉မိုင် အကွာမှာတော့ ပြည်မြို့လေးတည်ရှိပါတယ်။ ပြည်မြို့ဆိုတာက ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိသော မြို့လေးတစ်မြို့ပေါ့။ တက္ကသိုလ်ကျောင်း ပေါင်းစုံ တည်ရှိနေတဲ့ ပဲခူးတိုင်း(အနာက်ပိုင်း) တိုင်းမြို့လေး တစ်မြို့လည်းဖြစ်ပါတယ်။ ရာသီဥတု အရမ်းကို ပူလွန်းတဲ့ နွေရာသီမှာဆို ဧရာဝတီမြစ်ကမ်းနားမှာ ရေဆော့သူတွေ အလွန်တရာ စည်ကားရာကနေ ခုဆို ပြည်ချောင်းသာလို့တောင် နာမည်တွင်နေပါပြီ။ ပြည်မြို့ မိကျောင်းရဲ အတက်မှာ ရှိသောကြောင့် *မိကျောင်းရဲ ချောင်းသာ *လို့လဲခေါ်ကြတယ် ။

မိကျောင်းရဲချောင်းသာမှာ တော်ရုံမြစ်ကမ်းနံဘေး ရေဆော့သာမျိုးထက် ရေကစားသူ အဆပေါင်းများစွာ စည်ကားလှပါတယ် ။ တကယ် ချောင်းသာကမ်းခြေအတိုင်း အလွန် လူစည်ကားသော မြစ်ကမ်းနားတစ်ခု ဆိုရင်လည်း မမှားပါဘူး ။ ဈေးဆိုင်တန်းတွေနဲ့အင်မတန်ကို စည်းကားပါတယ် ။ ညနေချိန်တွေဆို ဆိုက်ကယ်တွေ ကားတွေ ဆိုတာ ပြည့်သိပ်နေတာပါပဲ ။ ယာဉ်ထိန်းရဲတွေ ထားရတဲ့အထိကို စည်ကားပါတယ် ။အထူးသဖြင့် တက္ကသိုလ် ကျောင်းသူ၊ကျောင်းသား အများစု လာရောက်ပြီး ရေဆော့ကြတာများပါတယ်။ တစ်နေ့တော့ ခိုင်လေးလဲ မိသားစုနဲ့ မိကျောင်းရဲ ချောင်းသာကို ရောက်ခဲ့တယ် ။ အဲဒီမှာတင် အလွန်စိတ်မကောင်းစရာ မြင်ကွင်းတွေ ကို မြင်ခွင့်ရခဲ့ပါတယ် ။
ဘယ်လိုမြင်ကွင်းမျိုးတွေလဲဆိုတော့ မိန်းကလေးတွေ ရှိလှ ၁၈နှစ် ၁၉နှစ်တွေပေါ့ရှင် ။ ယောကျာင်္းလေးတွေနဲ့ တန်းတူ ဘီယာတွေ အရက်တွေကို ရင်ဘောင်တန်းသောက်နေကြတာပါပဲ။ အဲဒီလိုသောက်စားနေလို့ မိန်းမပေါ့လေးတွေ မထင်လိုက်ပါနဲ့နော် ။ တကယ် တက္ကသိုလ်ကျောင်းသူစစ်စစ်လေးတွေပါ ။မိဘတွေမှာတော့ ကိုယ့်သမီးလေး ကျောင်းတက်ပါစေ။ ပျော်ပျော်ပါးပါး တက်ပါစေဆိုတဲ့ မေတ္တာစေတနာတွေနဲ့ တက္ကသိုလ်ဆိုတာကြီးကို မရောက်ရောက်အောင် ပို့ကြတယ် ။ ကိုယ်အတိုင်းတာလေးတွေနဲ့ ပြည့်စုံတယ်ဆိုတာ ရှိအောင် ဖြည့်ဆီး ပေးကြတယ်။ သူများကားဆို ကား ။ သူများ ဖုန်းကိုင်ရင် ဖုန်း ။ ဆိုက်ကယ်ဆို ဆိုက်ကယ်။သား သမီးတွေကတော့ ဒါတွေကို အလွဲသုံးစားနဲ့ အပျော်ကျူးနေကြတယ်။ ပျော်တယ်ဆိုတာ အတိုင်းတာနဲ့ သိက္ခာဆိုတာတွေကို ထည့်တွက်ရမယ် ။ ကိုယ်ဘေးရှိနေတဲ့ ကိုယ့်ရည်းစား ကိုယ့်ချစ်သူတွေကကော အထင်ကြီးမယ်လို့ထင်နေလား။ တကယ် လက်ထပ်ဖို့ကြရင် ဒါတွေကို ထည့်တွေးမိတဲ့အခါ နောက်ဆုတ် ကျောခိုင်းသွားကြမယ်ဆိုတာ မလွဲဧကန်ပါပဲကွယ် ။
ခုလိုသောက်စားနေတာတွေဟာ မိမိတို့အနာဂတ်အတွက်ကော မိဘတွေအတွက်ပါ မကောင်းတဲ့ အလားလာတွေပါပဲ ။လုံးဝကို မဖြစ်သင့်ပါဘူး။ အနောက်နိုင်ငံ တွေမှာ ဒါမျိုးတွေ မဆန်းပြားပေမဲ့ မြန်မာပြည်လို ယဉ်ကျေးမှုတွေနဲ့ ပြည့်စုံနေသော နိုင်ငံမျိုးမှာ အတော်ကို ကန့်လန့်ကြီး ဖြစ်နေပါတယ် ။မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ အရက်သေစာ သောက်စားတယ်ဆိုတာ အလွန်ရုပ်ဆိုး အကျည်းသန်တဲ့ လုပ်ရပ်တစ်ခုလို့ မြင်မိတယ်။ ဒါကို ခေတ်မှီတယ်လို့ ဘယ်လိုနည်းနဲ့မှ မြင်ပေးလို့ မရပါဘူးရှင်။ ယောကျာင်္းတွေတောင် မသောက်သင့်တဲ့ ဒီအရက်ဆိုတာကြီးကို နူးညံ့တဲ့ မိန်းမသားတွေ အနေနဲ့ ဘယ်လိုမှ ကို မနီးစပ်သင့်ပါဘူး။
(က္ကုနြေ္ဒ) ဆိုသော စကားသည်အလွန်အဖိုးတန်လှဧ။်။ (က္ကုနြေ္ဒ) ဆိုတဲ့ စကားကို ကြားတာနဲ့ ပိုင်ရှင်သည် *ယောကျာင်္းလေးလား မိန်းကလေးလားဆိုတာ * အထူးမေးစရာကို မလိုပါဘူး။*မိန်းကလေး* ဆိုတာ လူတိုင်း အသိပင်ဖြစ်တယ် ။မိန်းမတို့ဧ။် (က္ကုနြေ္ဒ) ကို စောင့်ရှောက်ထိန်းသိမ်းဖို့ရာ အထူးလိုအပ်တယ်။ အပျို မိန်းကလေးများဧ။် ကိုယ်ကျင့်တရား(၇)ပါးကို ဗဟုသုတ ဖော်ပြပေးချင်တယ် ။
1.အရှက်အကြောက် ရှိရမယ်။
2.(က္ကုနြေ္ဒ) ၆ပါး ကိုရိုသေစောင့်ထိန်းရမယ်။
3.မိဘ၊ မောင်ဘွားကို အထူး ရိုသေလေးစားရမယ် ။
4.မိခင်အလုပ်ဟူသမျှကို တတ်ကျွမ်းကူညီနိုင်ရပါမယ် ။
5.အတတ်ပညာ သင်ကြားခြင်းတို့ကို ပျင်းရိတွန့်တိုသော စိတ်ကို မထားဘဲ ၊ထကြွ လုံလ္လ ၀ီရီယရှိရပါမယ်။
6.ဆွေမျိုး၊မိတ်သင်္ဂဟ တို့ဧ။် ၀တ္တရားကို နားလည်ရမယ်။
7.ရတနာသုံးပါး အတွက် နေ့ညမပျက် ဆောင်ရွက် အားထုတ်ရမယ်။
ကဲ ! မိန်းကလေးတို့ရေ ကိုယ်ကို စမ်းစစ်ကြည့်ကြပါအုံးနော်။ ငါတို့ ဘယ်နှစ်ချက်နဲ့ ကိုက်ညီလဲဆိုတာကို ပေါ့။ မိဘတွေ အနေနဲ့လဲ မိမိတို့ သားသမီးတွေကို ဒီအချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိ ဆိုတာကို လေ့လာကြည့်ပါအုံး။ယုံကြည်မှု အပြည့်နဲ့ လွတ်မထားပါနဲ့။ မိဘနဲ့သားသမီးဆိုတာ ကင်းကွာလွန်းရင် ဝေးလွန်းသွားရင်*အဆိုးဘက်* ကိုဦးတည်လာလေ ဖြစ်တတ်ပါတယ်။ မိန်းကလေးအပျိုမတို့ရေ လမ်းမှားမရောက်ခင် တစ်ပါးသူတို့ ရဲ့ကဲ့ရဲ့မှု နဲ့ နှလုံးနာခြင်းကို မခံဘဲ ချီးမွှမ်းချီးမြှောက်သံတွေကို အမြန်ဆုံး လက်ဝယ်ရောက်အောင် ယူလိုက်ကြပါတော့။မိမိတစ်ယောက် အတွက်နဲ့ မိဘ မောင်ဘွားတွေ လူသူကြားမှာ မျက်နှာမလှ ၊ မျက်နှာမပျက်ရအောင် တန်ဖိုးရှိတဲ့ က္ကုနြေရှင် မိန်းမလှလေးတွေ ဖြစ်ဖို့ ထက်မြတ်တဲ့ မြန်မာမိန်းမလှလေးတွေ အဖြစ်နဲ့ ကမ္ဘာအလယ်မှာ တင့်တယ်အောင် နေပြလိုက်ကြရအောင်နော်............။

No comments:

Post a Comment