၃၀ ။ မိန်းမသားအတွေး မိန်းမသားအရေး
ခိုင်လေး
(ရွှေတောင်)

၃၀
။ မိန်းမသားအတွေး မိန်းမသားအရေး
ခိုင်လေး
(ရွှေတောင်)
ပူပြင်းတဲ့ရာသီဥတုကို
ဘယ်အရာကမှ အေးချမ်းမှု့ မပေးစွမ်းနိုင်ပါ။ အေးရာ အေးကြောင်းနေရာတွေကို နေရာတွေကိုနေနေရတာ
တစ်အိမ်လုံးလည်းနှံ့နေပါပြီ။ နောက်ဆုံးတော့ အိမ်ရှေ့ တံစပ်မိတ်အောက် ထိုင်ကာ အဝေးပြေးလမ်းမကြီးကိုငေးမောနေမိပါ၏
။ အို ...လူတွေလူတွေ ဒီလောက် ပူပြင်းတဲ့ နေကို အံ့တုကာ ၀မ်းရေးအတွက် သွားလာလှုပ်ရှားနေလိုက်ကြတာ
။ထိုစဉ် ကျွန်မမြင်ကွင်းထဲသို့ အပူဒဏ်ကို အံတုနေသည့် လူသားတစ်ယောက် ရောက်လာပါသည် ။
*ဟော်ဒီက
နေ့လည်မုန့် အစုံ * ၊ *ဟော်ဒီက နေ့လည်မုန့် အစုံ *၊ *ဟော်ဒီက နေ့လည်မုန့် အစုံ *
ဆိုသည့်
အော်သံတစ်ခု ကျွန်မနားထဲသို့ စူးနေအောင် ၀င်ရောက်လို့လာပါ၏ ။ အိမ်ထဲ၌ရှိနေကြသော တူ
၊ တူမတွေအားလုံး ပြေးထွက်လာကြသည် ။
*လာပါအုံးဗျို့
* ဆိုတဲ့ ခေါ်သံနောက်မှာ * လာပါပြီရှင်*
ဆိုတဲ့
အန်တီကြီးအသံအား အေးချမ်းစွာ ကြားလိုက်ရဧ။် ။
ကလေးတွေ
ဝိုင်းနေတဲ့ အလည်မှာ ပြုံးရွင်စွာ ဈေးရောင်းနေတဲ့ အန်တီကြီးအား ကျွန်မသေချာ စူးစမ်းကြည့်နေမိပါသည်
။ ဒီလောက် ပူပြင်းသော နေပူထဲ၌ လေးပင်သည့် တောင်းကြီးအား ရွက်၍ အာပြဲအောင် အော်ပြီး
ဈေးရောင်းနေရခြင်းအပေါ် ပင်ပမ်းခြင်း မရှိသလိုပါပဲ ။ သူကို ကြည့်ရသည်မှာ အေးအေးချမ်းချမ်းဖြင့်
ပျော်ရွင်နေပုံပင် ။ ကျွန်မအတွက် ထူးဆန်းနေမိပါ၏
။ ကျွန်မဆိုလျှင် ဘာမှမလုပ်ဘဲ အိမ်ထဲနေရင်းပင် ပူလွန်းသည့် ရာသီဥတုအား စိတ်တွေတို ၊
ဒေါသတွေ ဖြစ်နေချိန်မှာ နေပူထဲ၌ ဈေးလျှောက်ရောင်းနေသော ထိုအန်တီကဖြင့် အေးချမ်းနေလိုက်ပုံများ
။ နောက်ဆုံး အရမ်းသိချင်လာတဲ့ စိတ်အား ချိုးနှိမ်မရခြင်းကြောင့် ဈေးဗန်းအနီးသို့တိုးကပ်ပြီးသကာလ အသားတု ၂၀၀ ဖိုးဝယ်စားပြီး သိချင်တာလေးတွေအား စပ်စုကြည့်လိုက်မိပါတော့သည်။
*အန်တီ
ဒီလောက်ပူနေတဲ့ နေပူကြီးထဲ ဈေးလျှောက်ရောင်းရတာ တော်တော် ပင်ပမ်းမယ်နော် *
*ဘ၀ဆိုတာ
မွေးဖွားလာကတည်းက သေဆုံးတဲ့အထိ ဘ၀ပေးကုသိုလ်ကံတွေက ပါလာပြီးသားပါ ကလေးရယ် ။ ဈေးရောင်းဖို့ပါလာလို့
ဈေးရောင်းရတယ် ။ ဒါကို ထိုင်စိတ်ပျက်နေလည်း ရောင်းရမှာပဲ ။ဒီတော့ နှစ်ခါ အပင်ပမ်းမခံချင်ဘူးလေ
။ လုပ်ရမယ့်
အလုပ်ကို
စိတ်ပါဝင်စားစွာပဲ လုပ်တတ်အောင် လေ့ကျင့် လိုက်တော့ ပင်ပမ်းတယ်ဆိုတာလည်း သိပ်မရှိတော့ပါဘူး။*
ကျွန်မ
အရမ်းကို အံ့သြသွားမိသည်။ ခေါင်းရွက်ဈေးသည်တစ်ယောက်ဆီက ထွက်ကျလာသော စကားလုံးတွေသည်
တန်ဖိုးရှိလှချည်လား ။ နောက် သူဆက်ပြောပြပြန်သည် ။ မနက်ဆို သူ မနက် 5နာ၇ီကနေ ထ ဈေးသွား
၊ ပြန်ရောင်းဖို့ အတွက် မုန့်တွေကို ၀ယ်ချမ်း
ချက်ပြုတ်
ကြော်လှော် ရသတဲ့ ။ နောက်မြို့ထဲသို့ လည်ပြီးရောင်း ။ အိမ်ပြန်ရောက်ချိန်ဟာ ပုံမှန်
ညနေ ၅နာရီ ၀န်းကျင်ပါပဲ။ ကျွန်မက ဆက်မေးကြည့်ပါသည် ။ အန်တီ တစ်နေ့လုံးကို ဘယ်လောက်မြတ်လဲဆိုတော့
3000 (သုံးထောင်လောက် ) ကျန်တယ်လို့
ရှင်းပြသည်
။ အနားသို့ ရောက်လာသည့် မေမေနှင့်ကျွန်မ တစ်ယောက်မျက်နှာ ကိုတစ်ယောက် ကြည့်လိုက်မိကြပါ၏
။ ဈေးသည် အန်တီပြန်သွားပေမဲ့ သူနှင့် ပတ်သတ်သောအတွေးများသည် ကျွန်မခေါင်းထဲ၌ ဆက်၍ကျန်နေခဲ့ပါသည်
။
တစ်လော
လေးက ဆိုဒ်တော်တော်များမှာ ဖတ်လိုက်ရသည့် ဆောင်းပါးလေး တစ်ခုအကြောင်းကိုပါ ဆပ်စပ်တွေးတောလိုက်မိသည်။
အနှိပ်ခန်းတွေမှာ
အလုပ်လုပ်နေကြတဲ့ မိန်းကလေးတွေ နဲ့ ပတ်သတ်ပြီးရေးသားထားတာ လေးကိုပါ ။ အန်တီပြောသလို
လူဘ၀ဆိုတာ
မွေးဖွားလာစဉ်ကတည်းက
သူသွားရာလမ်းကြောင်းတွေ ပါလာကြပြီးသားဆိုတာမှန်ပေမဲ့ တချို့ ဘ၀အတွက် ရုန်းကန်ရင်းငွေကို
အလွယ်လမ်းစဉ်လိုက်ရှာနေကြသူတွေက ပိုများနေပါသည် ။ ပေးလာတဲ့ဘ၀ပေးအခြေနေတစ်ခုထက် ပိုသုံးချင်
၊ ပိုလှချင်ကြသည် ။ မိမိရရှိပိုင်ဆိုင်ထားသော ဘ၀တစ်ခုနှင့် လိုက်လျောညီထွေ စွာမနေနိုင်
ကြတဲ့အတွက်
လမ်းမှားတွေကို ရောက်ဘ၀တွေ ပျက်ကြရသူတွေ ဒုနှင့် ဒေးပါပဲ ။ သေချာတွေးကြည့်ပါ ။ လူနဲ့ရင်းလို့ရတဲ့
ငွေဆိုတာကကော အလွယ်
ရတာဟုတ်ရဲ့လား
။ ထိခိုက်နစ်နာမှုတွေက ချွေးထွက်လို့ရတဲ့လမ်းဘေးက ဈေးသည်တွေထက် ပိုသာနေတယ်ဆိုသာကို
ညီမငယ်တွေမတွေးမိကြလို့ပါ ။ မိမိပြုလုပ်သော မကောင်းမှုသည် မိမိတစ်ယောက်တည်းတွင်သာ အကျိုးခံစားရသည်ဟု
လွယ်လွယ်ပေါ့ပေါ့
မတွေးကြပါနှင့်
။ မိမိ မျိုးဆက်တွေအထိ အကျိုးသက်ရောက်စေပါသည်
။ ကြီးကြီးကျယ်ကျယ်တွေ ပြောနေတယ် ထမင်းငတ်နေတော့ဖြင့်
ဘယ်သူမှ
လာပေးကြတာမဟုတ်ဘူးဆိုသော ဆင်ခြေစကားတွေကိုလည်း မကြာခဏကြားနေရပါသည်။ ဒါဟာလည်း ဘ၀ပေးအခြေအနေ
တစ်ခုပါပဲ
။ ယခင်ဘ၀က မကောင်းမှုတွေ များခဲ့လို့ ယခုဘ၀မှာ မကောင်းမှုအကျိုးဖြစ်ထွန်းစေခဲ့သည် ။
ဒါကို အဆုံးမသတ်ပါဘဲ
မကောင်းခြင်းတွေကို
လက်ဆင့်ကမ်းသယ်ဆောင် နေမည်ဆိုလျှင် သံသရာ၌ တ၀ဲဝဲလည်နေဖို့သာ ရှိပါတော့၏ ။ ရောင်ရဲနိုင်ခြင်းသည်
ကောင်းကျိုးတွေ
ရှိသလို
ဆိုးကျိုးတွေလည်းရှိနေတတ်ပါသည်။ မိမိရရှိသော ၀င်ငွေနှင့် မျှတအောင် သုံးစွဲတတ်မည်ဆိုခဲ့ပါလျှင်
ဘ၀တွေကို အမှောင်ခန်း
ထဲမှာ
ကုန်ဆုံးစရာ အကြောင်းတရားတွေ ရှိမလာနိုင်ပါဘူး ။ လိုအပ်တာထက်ပိုကာ ရောင်ရဲလွန်းနေပြန်သူတွေကြတော့လဲ
တိုးတက်သင့်သလောက်
မတိုးတက်ဘဲရှိနေပြန်ပါသည် ။ ဒီတော့ အလယ်လတ် လမ်းစဉ်ကို ကျင့်သုံးကာ ရောင့်ရဲတင်းတိမ်နိုင်ကြပါစေ
။ အဲကွန်းတွေ အေးနေ
သည့်
အနှိပ်ခန်းတွေထဲက ခန္ဓာကိုယ်ကိုရင်းမှ ရသော
ငွေထက် နေပူပူမှာ ဈေးရောင်းလို့ရလာသော ငွေသည် ပို၍
စိတ်သန့်ကာ မီးလွတ်စေပါသည် ။
မိမိတို့ရတဲ့
ဝင်ငွေ သည် မီးလွတ်စေဖို့အထူးလိုအပ်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါ၏.။ ဆရာဦးဘုန်း ရေးသားနဲ့
အဖေအိမ်စာအုပ်လေးထဲက မီးလွတ်စာ ဆိုတဲ့ဆောင်းပါးလေးထဲမှာ ရေးသားထားပါသည်။
*
မီးလွတ်စာ *ဆိုသည်မှာ မိမိတို့ရှာလို့ရတဲ့ ငွေကြေးဥစ္စာတွေဟာ ၀ိသမလောဘမီး ၊ ၀ိသမ ဒေါသမီး
၊ ၀ိသမမောဟမီး နဲ့ ရှာခဲ့တာ
ဆို
မီးမလွတ် ဘူး * လို့ မှတ်သားခဲ့ဘူးပါဧ။်။ ကျွန်မတို့ လူသားတွေ အတွက် မီးလွတ်စာဖြစ်ဖို့ဆိုတာ
ခဲယဉ်းပေမယ့်
မီးလွတ်
တဲ့ ၀င်ငွေမျိုး မဟုတ်တောင် အတတ်နိုင်ဆုံး မီးနည်းလေ အေးချမ်းလေပါပဲ။ ကျွန်မကတော့ ပူချင်ပူပါစေ
။ မြန်မာမိန်းကလေးတိုင်းကို
အပူဒဏ်ကို
အံတုခံပြီး သိက္ခာရှိစွာရပ်တည်နိုင်မယ့် အသက်မွေးဝမ်းကျောင်းဖြင့် ရရှိလာသော ၀င်ငွေဖြင့်
စိတ်အေးချမ်းစွာ စာသုံး
သူတွေ
အဖြစ်ဘဲ မြင်ချင်မိပါသည်။ အမှောင်ထုတွေ ကြားက မလုံတလုံအ၀တ်စားတွေနဲ့ မလျော်ကန်သော အလုပ်တွေကနေအမြန်ဆုံး
ရုန်းထွက်နိုင်ကြပါစေလို့ စိတ်ရင်းမှန်ဖြင့် ဆုတောင်းရင်း အပူဒဏ်ကို အံတုခံမယ့် ငါဟယ့်
လူသားတွေ အများအပြားပေါ်ပေါက်ကြပါစေ။
မှတ်ချက်
= မကောင်းတာမလုပ်ပဲ ဈေးရောင်းစားရမယ်ပြောခြင်းမဟုတ်ပါ ။ ကောင်းမွန်သော ကိုယ်ကျင့်တရားကို
ထိန်းသိမ်းတန်ဖိုးထားတတ်ရန်ရည်ရွယ်ပါ၏ ။
No comments:
Post a Comment