၎ ။ ၀ဋ် အမြဲ ငရဲ
အပ ( ယဉ်ကျေးလိမ္မာ ဂျာနယ်တွင်ပါဝင်သော ဆောင်းပါး
)
ရေးသားသူ = ခိုင်လေး ( ရွှေတောင် )

ဦးလေး ဖိုးကျော်တစ်ယောက် ဘုန်းကြီးကျောင်းမှာ စုပေါင်းအလှူလေးရှိတာမို့
အလုပ်တွေရှုပ်နေလိုက်ပုံများ ။ မနက်ထဲက ယားလို့ပင် မကုတ်နိုင်အား ။ ကလေးတွေ ဆော့ကစားနေတဲ့
အသံတွေက ကျောင်းဝန်းထဲမှာ ပွတ်လောရိုက်လို့ ။ စုပေါင်းရှင်ပြုပွဲလေးမို့ တစ်ရပ်ကွက်လုံး
ဘယ်သူ့မှ မအားကြပါ ။ ကလေးတွေ အတွက်တော့ လွတ်လပ်ရေးနေ့ပေါ့ ။ ကိုရင်ဝတ်ရမယ့်ကလေးတွေမို့
သူတို့ကိုလည်း လစ်လျု့မထားရဲပြန် ။ မျက်လုံးထောင့်တစ်နေရာကနေ မကြာခဏ သတိထားကြည့်နေရပြန်၏
။ တော်တော်လေး ဆော့နိုင်ကြတဲ့ ကလေးတွေပါပဲ ။ အလုပ်တွေထဲ ခဏလေး နစ်မျောသွားမိပြန်တယ်
။ သတိရလို့ သူတို့လေးတွေကို ရှာဖွေမိတော့ မြင်ကွင်းထဲတွင် တစ်ယောက်ကိုမှ မတွေ့ရတော့ပါ
။ * ဟ * ဒီကလေးတွေ ဘယ်ရောက်ကုန်ပြီလဲ ။ ခက်တော့တာပဲ ။ ရှာမှပဲ ဆိုတဲ့အတွေးနဲ့ လုပ်လက်စ အလ်ုပတွေကို ပစ်ချကာ ရှာပုံတော်ဖွင့်ရပြန်ပေါ့
။ *ဟော * တွေ့ပါပြီ ။ ကျောင်းဝန်းရဲ့ နောက်ဘက်တောစပ်က အပင်တစ်ပင်အောက်မှာ။ အုပ်စုလိုက်
စုစုဝေးဝေး ။ ခေါင်းလေးတွေ ကိုယ်ဆီ အပေါ်ကို မော့ကြည့်နေကြ၏ ။ ဘာသံမှ မထွက်ဘဲ ငြိမ်သက်လို့
။ *အယ် * ဒီကလေးတွေ ဘာတွေ လုပ်နေကြပါလိမ့် ။ အတွေးနဲ့ အနားကို သေချာကပ် ကြည့်တော့လိုက်ရင်ဖြင့်
သကောင်သားလေးတွေ ထဲက တစ်ယောက်က အပင်ပေါ်က စာကလေးကို လေးဂွနဲ့သေချာ ချိန်လို့ ။ ငှက်ပစ်ဖို့
လုပ်နေကြလေရဲ့ ။ *ဟဲ့ ကလေးတွေ * ဦးလေး ဖိုးကျော် ခေါ်သံကြားတော့ ကလေးတွေ အားလုံးတစ်ညီတညွတ်ထဲ
လှည့်ကြည့်လာကြ၏ ။ လက်ထဲ လေးဂွကိုင်ထားတဲ့ကလေးကလည်း လေးဂွလေးကို သူနောက်ဘက်သို့ ချက်ချင်း
ဖွတ်လိုက်ပါတော့တယ် ။ * ဘာတွေလုပ်နေကြတာလဲကွ
။ ဦးလေး ဖိုးကျော် ကမင်းတို့ ပျင်းနေပြီထင်လို့ ပုံပြောပြမယ် ဆိုပြီး လိုက်ရှာနေတာ
။ မင်းတို့က ဒီရောက်နေကြတာကို * ပုံပြောပြမယ်ဆိုတဲ့ စကားသံကို ကြားတာနဲ့ ကလေးတွေအားလုံး
ဦးလေး ဖိုးကျော်နားကို ချက်ချင်း စုဝေးရောက်လာကြ၏် ။ *ကဲ လာကြ ။ ဟိုး သစ်ပင်အောက်မှာ သွားထိုင်ကြမယ် * ဦးလေး ဖိုးကျော်နဲ့
ကလေးတွေ အရိပ်ကောင်းတဲ့ ခရေပင်ကြီးအောက်မှာ ထိုင်လိုက်ကြ၏ ။ နေရာယူပြီးသည်ဆိုတာနဲ့
ဦးလေး ဖိုးကျော်ပုံပြင်လေးတစ်ခုကို အစချီပြောလိုက်ပါတော့၏ ။ * လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ငှက်တွေကို လေသေနပ်တစ်လက်နဲ့ လိုက်ပစ်တတ်တဲ့
ကောင်လေး တစ်ယောက်ရှိတယ် ။ သူမိဘတွေက ၀ယ်ပေးထားတဲ့ လေသေနပ်လေးကို သူက သိပ်သဘောကျတာတဲ့လေ
။ ကျောင်းပိတ်ပြီဆိုတာနဲ့ လေသေနပ်တစ်လက် ပုခုံး ပေါ်ထမ်းပြီး ငှက်တွေလိုက်ပစ်နေတော့တာဘဲတဲ့
။ တစ်နေ့မှာတော့ ငှက်လေးတစ်ကောင် ကို အရှင်ဖမ်းမိလာသတဲ့လေ ။ ပြီးတော့ ငှက်လေးကို ကြိုးချည်သတဲ့
။ ပြီးတော့ အပင်တစ်ခုမှာ ဇောက်ထိုးဆွဲထားလိုက်သတဲ့လေ ။ ငှက်လေးကိုချည်ထားတဲ့ ရှေ့တည့်တည့်မှာ
သူကထိုင်ပြီး ငှက်လေးရဲ့ ခြေထောက် ကို လေသေနပ် နဲ့ မမှန်မချင်းကို ပစ်နေသတဲ့ ။ နောက်ဆုံးမှာတော့
အဲဒီငှက်လေး ခြေထောက်ကို လေသေနပ် ကျည်ဆံ မှန်သွားခဲ့တယ် ။ သူပစ်လိုက်တာ ထိမှန်သွားလို့
သိပ်ကို ပျော်ရွင်နေတာပေါ့ ။ သူ့ လေသေနပ်ကြီး မိုးပေါ်ထောင်ပြီး ကျေနပ်နေတုန်းမှာ သူကို
ကောင်းကောင်း "၀ဋ် * လည်တော့တာပဲ။ဘိုးတော်တွေ ထိုင်သလို ထိုင်နေတဲ့သူဖနောင့် ပေါ်လေသေနပ်ကိုတင်ပြီး
ကောင်းကင်ကို မော့ကြည့်ပြီး အတွေးနယ်ချဲ့နေတုန်းမှာ သူ့လက်တွေ သေနပ် မောင်းကို အမှတ်မထင်
နှိပ်မိသွားခဲ့တယ် ။ သူစိတ်ထဲမှာ သေနပ်ပြောင်းကို အပေါ်ထောင်ထားတယ်လို့ ထင်ခဲ့ပေမယ့်
အမှန်တစ်ကယ် က သေနက်ပြောင်းက သူဖနောင့်ကို ချိန်ထားတာဖြစ်နေခဲ့တယ် ။ ဒီမှာဘဲ သေနပ်ကျည်ဆံ“ဟာ
သူ့ဖနောင့်ထဲကို တည့်တည့်မတ်မတ်ကြီး ၀င်သွား တော့တာပါပဲ ။ ထူပူပြီး ဖနောင့်ထဲက ကျည်သံကို
ထောင့်စူးနဲ့ ဆွဆွထုတ်ကြည့်တယ် ။ မရဘူးတဲ့လေ ။ ကျည်ဆံကို ဆွလေ ကျည်ဆံက အထဲသို့ ပိုဝင်လေဘဲ
။ နောက်ဆုံးမှာတော့ မိဘတွေကို ပြောပြရတော့တာပေါ့ ။ ဒီမှာဘဲ ချက်ချင်းဆေးရုံကို ပြေးရတော့တာပဲ
။ ဆေး၇ုံကိုရောက်တယ်ဆိုရင် ဖနောင့် ထဲက ကျည်သံကို ခွဲထုတ်ခဲ့ရတယ် ။ ဖနောင့်ဆိုတာ အကြောစုံမို့
မေ့ဆေးပေးပြီး သေချာ ထုတ်ခဲ့ရတယ် ။ "၀ဋ် *ဆိုတာ ဘယ်လောက်ကြောက်ဖို့ကောင်းလိုက်သလဲ
။ နေ့မကူးဘဲ ချက်ချင်းကို "၀ဋ် *လည်စေခဲ့တယ် ကလေးတို့ရေ။ ဒီတော့ သားတို့လည်း ဒီလိုအဖြစ်မျိုးတွေ
မကြုံရအောင် သူလိုမျိုးတွေ မလုပ်မိအောင်နေကြရမယ်နော် ။ * စိတ်ဝင်တစ်စားနားထောင်နေတဲ့
ကလေးတွေ ရဲ့ မျက်ဝန်းတွေမှာ ကြောက်ရွံ့မှုတွေက အထင်သားပေါ်လွင်လို့ ။ တညီတညွတ်တည်း ခေါင်းညိတ်ကြရှာ၏။
*ကဲ ပုံပြင်လေးကတော့ ဒါပါဘဲကွယ် ။ ကျောင်းထဲ
သွားကြတော့ ထမင်းစားကြရအောင် * ကလေးတွေ ထွက်သွားပေမယ့် ကျွန်တော်ကတော့ ဆက်ထိုင်နေမိပါသည်
။ ဒီပုံပြင်လေး ထဲက "၀ဋ် *လည်ခဲ့သောသူသည် ကျွန်တော် ကိုယ်တိုင်ပါပဲ ။ သိပ်ကို
ကြောက်စရာကောင်း တဲ့ "၀ဋ် *လည်ခြင်းပါပဲ ။ နေ့တောင်မကူးခဲ့ပါဘူး ။ ခုပြန်တွေးရင်တောင်
ချက်ချင်းကြက်သီး ထမိအောင် တုန်လှုပ်မိပါတယ် ။ ဒီတုန်းက ကျွန်တော် အဘွားက ဆုံးမခဲ့တာလေးကိုလည်း
ကျွန်တော် အသံထဲ စွဲနေအောင် မှတ်မိနေခဲ့တယ် ။ *ဒီမယ် မြေး ။ "၀ဋ် *ဆိုတဲ့ အရာဟာ
ချက်ချင်းလည်တတ်တယ် ။ ခု သိကြားသာသနာ့ကို ရောက်နေပြီ ။ "၀ဋ် *ဆိုတာ နောင့်ဘ၀မကူးတော့ဘူး
။ ဒီဘ၀မှာဘဲ လည်တတ်တယ်ဆို တာ ငါ့မြေးကိုယ်တွေ့ဘဲနော် ။ ဘွားဘွားပြောပြမယ် ။ '၀ဋ် '
ဆိုသည်မှာ ' ၀ဋ'္ဋ ဟူသော ပါဠိစကားမှ ဆင်းသက်လာတယ် ။ သံသရာ လည်ပတ်ခြင်း၊ အကြောင်းပြီး
အကျိုး - အကျိုးပြီးအကြောင်း ဆက်စပ်ဖြစ်ပျက်ခြင်း၊ မကောင်းမှုပြုသည့်အတွက် သံသရာဘ၀ခရီး၌
ဆိုးကျိုးတစုံတရာကို ခံစားရခြင်း စသော အဓိပ္ပါယ်များ ရှိတယ် ။ ၀ဋ် သုံးမျိုးရှိတယ်
- (၁) ကိလေသ၀ဋ် (အ၀ိဇ္ဇာ) တဏှာ၊ ဥပါဒါန်သုံးပါး၊ (၂) ကမ္မ၀ဋ် (ကုသိုလ်ကံ၊ အကုသိုလ်ကံ)၊
(၃) ၀ိပါက၀ဋ် (အကျိုးတရားများ)၊ ၀ဋ် သည် နောက်ဆုံးအချက် ၀ိပါက၀ဋ် (အကျိုးတရားများ)
နှင့်သက်ဆိုင်နေတယ် ။ '၀ဋ်' နှင့် '၀ိပါက' ဆိုတဲ့ စကားလုံး ကွဲပြားပေမယ့် ဘဘောအဓိပ္ပါယ်
မကွဲပြားဘူး ။ဒါကြောင့် တစ်စုံတစ်ယောက်သည် ဒုက္ခကြီးစွာ ခံစားနေရလျှင် '၀ဋ်ခံနေရတယ်၊
ဝဋ်ကြီးတယ်' လို့ ပြောတတ်ကြတယ် ။ 'သူတပါးကို မညှင်းဆဲနဲ့ ၊ ၀ဋ် လိုက်တတ်တယ်၊ ၀ဋ် မှာအမြဲ
ငရဲမှာ အပတဲ့ 'မြေးရေ ။ တစုံတယောက်သည် တစုံတစ်ယောက်အား ပြစ်မှားမိခဲ့လျှင်လည်း ထိုသူဟာ
ငရဲ၌ ဆင်းရဲဒုက္ခ ခံစားရတတ်တယ် ။ ငရဲကနေ လွတ်ခဲ့လျှင်လည်း ဆင်းရဲဒုက္ခတစ်မျိုးမျိုး ကို
ပြုမိခဲ့ သော အကုသိုလ်အားလျော်စွာ ခံစားရတတ်ပြန်တယ် ။ ဒီလို ခံစားရခြင်းကိုပင် ၀ဋ်
လို့ ခေါ်ကြတယ် မြေး ။ ဒီ ၀ဋ် ခေါ် မကောင်းမှုအကျိုးကို ဘယ်သူမှ ရှောင်လွဲလို့ မရနိုင်ဘူး
။ မိမိပြုခဲ့ သော အကုသိုလ်ကံကြောင့် ငရဲသို့  ကျရောက်ရုံမျှဖြင့် မပြီးသေးပြန်ဘူး ။
အခွင့်သင့်သော ဘ၀တွင်တွေမှာလည်း ၀ဋ် ခေါ် ဆင်းရဲဒုက္ခတစ်မျိုးမျိုးကို ဆက်လက်ပြီးခံစားကြရသေးတယ်
။ မခံစားရအောင် ဘယ်သူမှ မရှောင်လွှဲနိုင်ကြဘူး မြေး ။ ဒါကြောင့် "၀ဋ်မှာ အမြဲ ငရဲမှာ အပ" လို့ ရှေးလူကြီးတွေက
ဆိုခဲ့ကြတာပေါ့ကွယ် * ဘွားဘွားဆုံးမခဲ့တဲ့
"၀ဋ်မှာ အမြဲ ငရဲမှာ အပ"ဆိုတဲ့ စကားသံလေးဟာ မကြာခဏဆိုသလို ကျွန်တော်ရင်ထဲမှာ
မြည်ဟိန်းနေတတ်ခဲ့ပါတော့သည် ။
ဘာသာရေးအဆုံးမများကို
ကိုငယ်ဆိုဒ်မှ မှတ်သားလေ့လာပါသည် ။
No comments:
Post a Comment