၃၅
။ မလုံခြုံသာ ဘ၀တွေဖြင့် ရပ်တည်နေရသော အဝေးရောက် မြန်မာများ
ခိုင်လေး
( ရွှေတောင် )

သန်ခေါင်ယံ ချိန်ကို
ကျော်လွန်လို့ နံနက်ချိန်ခါကို ရောက်ရှိနေပါပြီ ။ ခုချိန်ထိ
တစ်ရေးမှ အိပ်လို့ မရနိုင်ခဲ့ပါဘူး ။ ညနေက အဖြစ်ပျက်လေးက တဒင်္ဂလေးဆိုပေမယ့်
ကျွန်မအတွက် သိပ်ကို ခံပြင်းစရာကောင်းနေပါတယ် ။ ဘယ်သူကိုအပြစ်တင်ရမလဲ အဓိက
မှားနေတာ ဘယ်သူတွေလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ချာချာလည်နေပါတော့တယ် ။ ကျွန်မ
ခင်ပွန်းသည်ရှိရာ မလေးရှား နိုင်ငံကို ရောက်ရှိနေပါတယ် ။ မနက်ဆို ခင်ပွန်းသည်က
အလုပ်သွားရတာမို့ တနေကုန် ကျွန်မ တစ်ယောက်ထဲသာ အိမ်မှာ ကျန်နေခဲ့ရပါတယ် ။
အမျိုးသားမပါဘဲ ကျွန်မဘယ်ကိုမှ မသွားတတ်ပါဘူး ။ဒီနေ့တော့ ဗိုက်အရမ်းဆာတာနဲ့
တစ်ယောက်တည်း တိုက်အောက်ကို ဆင်းလာခဲ့ပါတယ် ။ တိုက်အောက်က မလေးလင်မယားရောင်းသော ကြက်ကင်ဆိုင်လေးဆီကို
ဦးတည်လျှောက်လှမ်းလာခဲ့တယ် ။ ဆိုင်ကိုရောက်တော့ ကြက်ကင်တစ်ခုပေး ဖို့နဲ့
တစ်ကင်ကို ဘယ်လောက်ကျတယ်ဆိုတာအင်္ဂလိပ်လို မေးလိုက်ပါတယ် ။ သူက ကျွန်မကို မလေးလို
ပြန်ဖြေတယ် ။ ကျွန်မလည်း * ငါမလေးစကား နားမလည်ဘူး * လို့အင်္ဂလိပ်လို
ပြန်ပြောတော့ မလေးမက ဘယ်နိုင်ငံက လာတာလဲလို့ ပြန်မေးတယ် ။ ကျွန်မလည်း
မြန်မာနိုင်ငံက လာတယ်လို့ ပြန်ဖြေလိုက်တယ်ဆိုရင်ဘဲ ဘေးမှာရပ်နေတဲ့
ဖိလစ်ပိုင်မတစ်ယောက်က လူကို လှောင်စရာလို အထင်သေးစရာတခုလို မြန်မာဆိုတဲ့နာမည်ကို
သူစကားထဲ လေးခါလောက်ထည့်ပြောနေပါတယ် ။ သူမလေးလို ပြောတာကို ကျွန်မနားမလည်ပေမဲ့ သူအမူယာကိုကြည့်တာနဲ့
ကျွန်မကို လှောင်နေတယ်ဆိုတာ သိနေပါတယ် ။ မလေးဆိုင်ရှင်က ကျွန်မကို မလေးနိုင်ငံ
သားအိန္ဒိယလူမျိုးလို့ထင်နေတာလို့ ပြောလာတယ် ။ စိတ်ထဲမှာ ဆိုင်ရှင် အမျိုးသမီး
ပြောတာတွေကို ခေါင်းထဲ ၀င်တချက် မ၀င်တချက်ပါပဲ ။
ဘေးက ဖိလစ်ပိုင်မကိုသာ ဒေါသတွေ
အချောင်းချောင်းထွက်နေမိတယ် ။ သူကြည့်တော့ home made လုပ်နေတဲ့ ပုံစံပါ ။ ဒီလိုမိန်းမတစ်ယောက်က
ဘာလို့ မြန်မာဆိုတာ နဲ့ အထင်တစ်သေးသလို လူကို ကြည့်ရတာလည်း ။ အဓိက ဘာကြောင့်လဲ ။
အိမ်ကို ဘယ်လို ပြန်ရောက်လာမှန်းကို မသိလိုက်ဘူး ။ မလေးရောက်ထဲက စနိုးစနောင့်
ကိစ္စတွေပါ ခေါင်းထဲကို ဆက်တိုက် ၀င်ရောက်လာပါတယ် ။ တက္ကဆီ စီး၇င်ကားပေါ်
သိပ်စကားမပြောဖို့ အမျိုးသားမှာတတ်ပါသေးတယ် ။ ဘာလို့လဲမေးတော့ မြန်မာဆိုတာ
မသိစေချင်လို့တဲ့ ။ အောင်မလေးလို့တောင်ရင်ထဲက တလိုက်မိပါတယ် ။ ကျွန်မလို
မနေ့တစ်နေ့မှ ရောက်လာသူအဖို့ မြင်တကာ ဆန်းပြားပြီး မေးစရာတွေချည်းမို့သူမှာပေမယ့်
ကျွန်မမေးချင်တာတွေကို မေးမိတာပါပဲ ။ တခါမှာတော့ မြို့ထဲက အပြန် ကျွန်မတို့
ကားငှားစီးလာတယ် ။ ငှားလာတာမီတာ ကားပါပဲ ။ လမ်းမှာ ထုံးစံအတိုင်း
ကျွန်မသိချင်တာတွေ မေးလိုက်ပြောလိုက်နဲ့ တိုက်ရှေ့ရောက်တော့ ကျသင့်ငွေထက်
ပိုတောင်းပါလေကော ။ အမျိုးသားနဲ့ စကားများတာပေါ့ ။ ကားလော့တွေပါချထားလိုက်ပါသေးတယ်
။ ကျွန်မ ကြောက်တော့ တော်တော် ကိုကြောက်သွားမိပါတယ် ။ တက္ကဆီပေါ်မှာ စကားမများဖို့အမျိုးသား
မှာရခြင်းက ဒါကြောင့် ဆိုတာကို လက်တွေ့သိလိုက်ရပါတော့၏ ။
နောက်ကြုံဆုံရတာလေးတွေ ရှိပါသေးတယ် ။
အမျိုးသား အလုပ်ကနေ စောစောပြန်ရောက်ချိန် တရုတ်ဆိုင်မှာ
ကြက်ဆီထမင်းသွားစားကြတဲ့နေ့ပေါ့ ။ တရုတ်ဆိုင်ဆိုတာ ဆိုင်ထဲမှာ ဆိုင်ခန်းတွေ
အများကြီးရှိကြတယ်။ ကျွန်မတို့ လင်မယား ကြက်ဆီထမင်းမှာလိုက်ကြတယ်။ ရောင်းတဲ့သူက
မြန်မာလူမျိုးပါ ။ သိပ်ကို အံ့သြခဲ့ရတယ် ။ ကျွန်မတို့ ရှေ့က မှာတဲ့ တရုတ်တွေ
ပန်းကန်ဆီ မျက်လုံးက အော်တိုမစ်တစ် ကြည့်မိလိုက်ပါတယ် ။ *အားပါး.မိုက်တယ် ကြက်သားတုံးတွေက
အကြီးကြီးတွေဘဲ * စိတ်ထဲက ပြောလိုကမိခြင်းပါ ။ ဟော် !
ကျွန်မတို့ပုဂံတွေလည်းသယ်လာပါပြီ။ ဟင်! ဆိုတဲ့ အာမေဋိတ်သံက အပြင်ထိ ထွက်ကျသွားတယ်
။
*အမျိုးသားက ..ဘာဖြစ်တာလဲ မိန်းမ *
*ဘာဖြစ်ရမှာလည်း
ပိုက်ဆံပေးရတာချင်းတူတူ ငါတို့ကျတော့ ကြည့်ပါအုံးဟာ အရိုးပေါ်အရည်တင်ကြက်
..တရုတ်တွေ ၀ိုင်းကြတော့ကြည့်လိုက် စူကားနေတာ ..*
*သြော်! မိန်းမရေ ဒီလိုဘဲ လူတွေက
ကိုယ်လူမျိုးချင်းဆို မြန်မာမှန်းသိတောင် အဖက်မတန်သလို မခေါ်ချင်သလိုဘဲလေ ..
နောက်ဆို မင်းပိုသိလာမှာပါ ..စိတ်လျော့ စားစရာရှိတာ စား*
နောက်တခါ ထပ်ကြုံလိုက်ရတာကတော့
တော်တော်ကို ဆိုးပါတယ် ။ မြန်မာဘုန်းတော်ကြီး ကျောင်းကို ကျွန်မရောက်ခဲ့ပါတယ် ။
ကျောင်းထိုင်ဆရာတော်နဲ့ ကျွန်မတော်တော်လေးကို ခင်ပါတယ် ။ဘုန်းဘုန်းဆီ ရောက်တော့
မင်္ဂလာဆောင်တစ်ခု ဆွမ်းကျွေးက ပြန်လာတာဖြစ်ကြောင်းကို ပြောပြတာကို ကျွန်မနားထဲ
မှတ်မိနေလိုက်ပါတယ် ။ နှစ်ရက်လောက်အကြာ ဘုန်းကြီးကျောင်းကို ကျွန်မနောက်တစ် ခေါက်ထပ်ရောက်ခဲ့ပြန်ပါတယ်
။ ဒီမှာပဲ ဘုန်းဘုန်းက ခိုင်လေးကို ပြောပြရအုံးမယ် မလေးအရှုပ်တော်ပုံကို လေ ဆိုကာတနေ့က
ဘုန်းဘုန်းဆွမ်းကျွေးကြွတဲ့ မင်္ဂလာဆောင်က သတို့သမီးက နောက်နေ့မှာဘဲ
တစ်ခြားကောင်လေးနောက်ကို လိုက်ပြေးသွားသတဲ့ ရှင်။ ဘုရား ဘုရား လို့ကို ရင်ထဲက
တလိုက်မိတဲ့အထိ အံ့သြထိတ်လန့်ခဲ့ရပြန်တယ် ။ နောက်ဆုံးတစ်ခု ကျွန်မတို့ ရိုးရာ မြန်မာဝတ်စုံကို
လွမ်းလို့ တစ်ခါတစ်ရံလေး ၀တ်ချင်ရင်တောင် မြန်မာဆိုတာ သိမှာဆိုးတာနဲ့
မ၀တ်ရဲကြပါဘူး ။ အိမ်ထဲမှာ ဒါမှမဟုတ်ဘုန်းကြီးကျောင်းတွေက အလှူတွေမှာ တစ်ခါတစ်ရံမြင်ရပါတော့တယ်
။ မလေးရောက် နိုင်ငံခြားသားချင်းတူတူတောင် ကျွန်မတို့လူမျိုးတွေ ဘာကြောင့်
ပိုအနှိမ်ခံ အထင်သေးခံနေရတာလည်း ။ အိန္ဒိယလူမျိုးတွေ တော်တော်များမှာ ဆာလီတွေ
ဝတ်နေကြတာပါပဲ။ သူတို့ ဘာတခုမှ တွေးကြောက်မနေပါဘူး ။ ကျွန်မတို့
မြန်မာလူမျိုးတွေကျမှ သူများထက် ပိုကြောက်နေရ ပို အထင်သေးခံနေရ တဲ့ ဖြစ်ရပ်တွေကို
ကျွန်မတို့ အမြင်တိုင်းလေး သုံးသပ်ကြည့်ချင်ပါတယ် ။ မည်သူကိုမှ
ထိခိုက်ပုတ်ခတ်လိုစိတ်မရှိပါ ။ သုံးသပ်အဖြေရှာကြည့်ယုံလေး သက်သက်ပါ ။
အဓိက ခေါင်မလုံတော့ လေဒဏ် ၊ မိုးဒဏ် ဆိုတဲ့
ပတ်ဝန်းကျင်ရာ ရာသီဥတု ဒဏ်တွေကို ကျွန်မတိှု့ခံစားရတာပေါ့ ။
ဒုတိယအချက်
ကိုယ်ကိုတန်ဖိုးမထားတတ်ခြင်းတွေကို မလေးရောက် တော်တော်များမှာ
လက်တွေ့တွေ့မြင်နေရပါတယ် ။ ကျွန်မတို့ တူတူနေတဲ့ အိမ်က ကလေးတွေဆို တလကို လခ
မလေးငွေ 1500 ၀န်းကျင်လောက်ရရှိကြပါတယ် ။ ဒါပေမယ့်သူတို့ အိမ်ကို တလ
ငါးသောင်းတောင် မပို့နိုင်ကြပါဘူး ။ လွတ်လပ်မှုဆိုတာရယ် ၊ ပင်ပမ်းမှု
ဆိုတာကို အကြောင်းပြကာ ရှာလိုက်ကုန်လိုက်နဲ့ ကို သံတရာကျောလည်မှာ တ၀ဲတ၀ဲလည် နေကြပါတော့တယ်
။ သူတို့ ဟာနဲ့ သူတို့ကို ချာလပတ်ရမ်းနေပါတယ် ။အနေကြာလာတော့ အသိများလာတယ် ။
သူငယ်ချင်းတွေ လာလည်လိုက် သူတို့ဆီပြန်လည်လိုက် ။ လည်တယ်ဆိုတာ စကားပြောယုံပြောကြတာ
မဟုတ်ပြန်ဘူးလေ ။ စကားလေးပြောကောင်းဖို့ဆို သောက်ကြ စားကြ ။ ဒီတော့ ဘယ်မှာလာ ဆု
မိပါတော့မလဲ။အပြစ်တင်နေခြင်းမဟုတ်ပါဘူး ။ သုံးသပ်ကြည့်မိတာလေးပါပဲ ။
အိမ်ထောင်ရှိတဲ့ မိန်းကလေးကိုလည်း စိတ်ဝင်စားလို စိတ်ဝင်စား တော်တော်ကို ရှုတ်ထွေးပွေလီမှုတွေများပြားလွန်းလှပါတယ်
။
သူများအထင်သေးတာ ခံနေရာ ခြင်းက
ပထမအချက် ... ကျွန်မတို့နိုင်ငံရဲ့ လုံလောက်တဲ့ ကာကွယ်မှု မရှိခြင်း ၊ မလေးရောက်
မြန်မာနိုင်ငံသားများရဲ့ ပျက်ယွင်းနေတဲ့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တိတွေပြန်လည်
ပြုပြင်ပေးဖို့ အထူးလိုအပ်နေခြင်း ၊ လူမျိုးခြင်းစည်းလုံးမှု အင်အားတွေ
အင်မတန်နည်းပါးနေခြင်းတွေက အဓိက ကျနေမယ်လို့ သုံးသပ်မိပါတယ် ။ မလေး ၊ စင်ကာပူ
အကုန်လုံးကို မြန်မာ ပွဲစားနိုင်ငံလို့ တင်စားလို့ရအောင် ပွဲစားတွေ သိပ်ကို
ကြောက်ဖို့ကောင်းပါတယ် ( အမှန်ကန် လုပ်ပေးနေသော ပွဲစားများကို မဆိုလိုပါ ) ။ စီးပွာရေး
လုပ်တယ်ဆိုတာကို လက်ခံပါတယ် ။ စီးပွာရှာ တဲ့နေရာမှာ ကိုယ်ချင်းစာ တရားလေးကို
လက်ကိုင်ထားမယ်ဆို ပိုပြီးမင်္ဂလာရှိမယ်လို့ ထင်မြင်ယူဆိမိပါတယ် ။ မလေးနဲ့
စင်ကာပူတောင်ကွာခြားချက် အနည်းငယ်ရှိပါတယ် ။ စင်ကာပူနိုင်မှာအလုပ်လုပ်ဖို့ဆိုတာ
ထိုင်သင့်တဲ့ ငွေအရင်းနှီးရှိသူတွေ သွားနိုင်ကြပါတယ် ။အနည်းဆုံး သိန်း 30
လောက်ကုန်မှ ရောက်နိုင်ကြတဲ့ အတွက် အလယ် လတ်တန်းစား လူမျိုးတွေ
သွားကြခြင်းများပါတယ် ။ မလေးရှားနိုင်ငံဆိုတာတော့ တော်တော်များ အခြေခံလူတန်းစားတွေ
တောရွာတွေက ပိုများကြပါတယ် ။ အကြွေးနဲ့ သုံးသိန်းလောက်ပေးရင် မလေးမှာအလုပ်လုပ်နိုင်ကြပြီမို့
မရှိ ရှိတာလေးတွေနဲ့ ရောက်လာကြရတယ် ။
ဒီရောက်တော့ ပြောတာတမျိုး ရတာတမျိုးတွေဖြစ်
အလုပ်တွေကအဆင်မပြေ စိတ်တွေဆင်းရဲနေကြရတဲ့သူတွေ တပုံတပင်ပါပဲ ။ အိမ်မှာ
ကျန်နေသူတွေကလည်း တ၇ွာထဲ ဘယ်သူကတော့ဘယ်လောက် ပို့တယ် မင်းကတော့ မပို့နိုင်ဘူးဆို
ဖုန်းတွေလာ ။ တကယ်ကို စိတ်ဆင်းရဲစရာတွေပါ ။ ဒီမှာဆိုတာက တစ်စက်၇ုံထဲ ဆိုပေမယ့် ရတဲ့လခတွေ
အများကြီး သွားခြားတတ်ပါတယ် ။ အံ့သြမိတာက ဒီလူ လူမျိုးတွေဆီက ပိုက်ဆံတွေကိုမှ
ညာယူရက်တဲ့ ပွဲစားဆိုတဲ့ လူမျိုးတွေကိုပါ ။ သူတို့မို့ မရှိဆင်းရဲသား
ကိုယ်လူမျိုးချင်းဆီက ငွေကို လိမ်ညာယူရက်တာကို တစ်ကယ်ကို အထင်သေးမိပါတယ် ။မိမိတို့
လုပ်နေတဲ့ လုပ်ရပ်တွေ မှန်ကန်နေလား လုပ်သင့်နေလား ဆိုတာကို ပွဲစားကိုကို မမတွေ
နှာဖူးပေါ် လက်တင်လို့ သေချာလေးတွေးကြည့်ကြပါအုံး ။ လူမျိုးချင်း
ဂုတ်သွေးစုပ်နေကြတာပါပဲ ။ မပတ်ဘဲနေလို့လဲမရ ။ ပတ်သတ်ရပြန်တော့လဲ ကြောက်စရာကောင်း
။မလေးရဲကိုလည်းကြောက်ရ ။ လူမျိုးတူချင်း ဂုတ်သွေးစုပ် ဘီလူးတွေလဲကြောက်ရ ။ဘယ်မှာ
စိတ်ချမ်းသာစရာကောင်းနေပါသနည်း။ဒါတွေကို ကျွန်မတို့ ဘယ်လို တုံ့ပြန်ရင်ဆိုင်ကြမလဲ
။ ကျွန်မတို့နိုင်ငံသက်ဆိုင်ရာ လူကြီးတွေအနေနဲ့ အဝေးရောက် အလုပ်သမားတွေအပေါ်
ကာကွယ်စောက်ရှောက်မှုတွေ ဒီထက်ရှိမယ်ဆို အထူးဝမ်းသာစရာဖြစ်မိမှာပါ ။
မြန်မာလူမျိုးချင်း ရိုင်းပင်းကူညီစိတ်လေးတွေဆိုတာ ဒီလိုနေရာတွေမှာ
ပိုလိုအပ်နေပါတယ် ။ မလေးရောက် မြန်မာလူမျိုးများအနေနဲ့ ဘယ်နေရာကိုဘဲ ရောက်ရောက်
မြန်မာ ဆိုတဲ့တန်ဖိုးရှိတဲ့ စည်းကမ်း ဘောင်လေးတွေကို မမေ့မလျော့ ထိန်းသိမ်းတန်ဖိုးထားကြခြင်း
ဖြင့် မြန်မာဆိုတာ ဘယ်နိုင်ငံ ဘယ်နေရာမှာဖြစ်ဖြစ် ခေါင်းမော့
ရင်ကော့နိုင်သူတွေအဖြစ် တင့်တင့်တယ်တယ် ရပ်တည်နိုင်သူတွေ အဖြစ်ကို ကျွန်မတို့
အမြန်ဆုံးပိုင်ဆိုင်ပါရစေလို့ နေ့စဉ်ရက်ဆက် ဘုရားရှင်ကိုယ်တော်မြတ်ဆီမှာ
ဆုတောင်းမိရင် ကျမကို အမှားလိုများ ဆိုကြလေမလား။
No comments:
Post a Comment