၄၉ ။ ကလေးငယ်တွေရဲ့ မီးလာပြီဟေ့
သစ်ထူးလွင်တွင် ဖော်ပြခံရသော ဆောင်းပါး
ခိုင်လေး ( ရွှေတောင် )
ချစ်စရာကောင်းတဲ့
ညချမ်းလေးတွေ ဟိုအဝေးမှာ ကျန်နေခဲ့ပါပြီ။ ဟိုးအတိတ်ဆီက မီးရောင်တွေ
ထိန်ထိန်ညီးခဲ့
တဲ့ညတွေကို ခုချိန်မှာ အမှောင်ထုက ကြီးစိုးဝါးမြိုထားပြီ။
# ကလေးငယ်တွေရဲ့ မီးလာပြီဟေ့ #
ဆိုတဲ့
အော်သံလေးတွေက သာယာတဲ့ ဂီတာသံဇဉ်တစ်ခုလိုပါပဲ။
အတွေးတွေ
နယ်ချဲ့နေစဉ် နားထဲ တိုးဝင်လာသော မေမေဧ။် ညဉ်းညူသံကြောင့် အတွေးစတွေ
ကို
ခဏအနားပေးလိုက် ရပါသည်။ ကျွန်မတို့ မိသားစု ကို ထမင်းကျွေးနေတဲ့ အင်တာနက်ဆိုင်လေး
တစ်ဆိုင်
ဖွင့်ထားပါသည်။ ကျွန်မတို့ အိမ်ရဲ့ ပင်မ စီးပွားရေးဆိုလည်း မမှားပါဘူး ။
အင်တာနက်ဆိုင်
ဆိုသည်မှာ
ကွန်နက်ရှင် နဲ့ မီးကို အဓိက အားထားနေရတဲ့ အလုပ်ပါရှင် ။ မီးတွေ မှန်နေတုန်းက
ကွန်နက်
ရှင်က
ကျတယ်။ မြေအောက်လိုင်းတွေ ပြင်နေလို့ .. ဘယ်က ဘာဖြစ်လို့ စုံနေအောင်ပါပဲ
။လိုင်းကျလို့
ဖုန်းဆက်မေးလိုက်ရင်
တစ်ခါမှ သူတို့ဆီက ပျက်တယ်ဆိုတာ မရှိ။ ကျွန်တော်တို့ဆီမှာတော့ အွန်လိုင်း
ဖြစ်ပါတယ်ဆိုတဲ့
စကားက ကြားနေကြ ဓာတ်ပြားဟောင်းတစ်ခုလိုပါပဲ။ လိုင်းကျလို့ ဖုန်းဆက်ရင် ဒီအသံကို
ကြားရမယ်ဆိုတာကို
သိနေပေမယ့်လည်း လူစိတ်ဆိုတာလည်း အခက်သားလား ။ သူတို့ဆီဖုန်းဆက်ပြီး
၅မိနစ်လောက်ဆို
ပြန်တက်လာတဲ့ ကွန်နက်ရှင်ကြောင့် ကြားနေကြ ဓာတ်ပြားဟောင်းကိုလည်း ကြေညက်
စေဖို့အတွက်
လိုင်းကျပြီဆို ဖုန်းခလုတ်တွေကို လက်ကနှိပ်မိနေပြီးသား ။ သတင်းတွေ
ဂျာနယ်တွေထဲက
ဘယ်နေ့
၊ ဘယ်လ ဆို ကွန်နက်ရှင်တွေ ကောင်းပါတော့မယ်ဆိုတဲ့ သတင်းဆောင်းပါးတွေကလည်း
ကြားရဖန်များတော့
ဟာသ
တစ်ခုလိုဖြစ်နေရပြီ။ TRYA
GAIN ဆိုတဲ့ စာတန်းလေးကလည်း ကျွန်မတို့ မြန်မာပြည် ကွန်နက်ရှင်
နဲ့
အတူ အမွှာပူးမွေးဖွားလာသယောင် ။ ဆိုင်ဖွင့်လို့ ဘုရားပန်း ၊ ရေချမ်းတွေ ကပ်ရင် ၃၇
ပါးသောနတ်တွေ
အပြင်
အသစ်တိုး ခေတ်မှီနတ်တပါးဖြစ်တဲ့ ကွန်နက်ရှင် နတ်မင်းကို ပူဇော်ဆုတောင်းနေရတာလည်း
အလုပ်တစ်ခု
ဖြစ်လာပါသည်။
မနက်တွေဆို ငိုက်မြည်းနေရအောင်ကို လူကပါးပါသည်။ နေ့ခင်းတွေ ဆိုင်ထဲ အဲကွန်းလေး
တွေ
က အေးတာမို့ အပြင်မှာ ပူတဲ့အတွက် လူဝင်တတ်ပေမယ့် လိုင်းက မကောင်းတော့ အေးပေမယ့်
ထပြန်။
ဂိမ်းဆော့တဲ့
ကလေးတွေကိုပဲ အားကိုးနေရပါတယ်။ ကလေးတွေဆိုတာက အများစုက ကျောင်းသားတွေမို့
အမြဲတမ်းဆော့ဖို့ကျတော့
အကြွေးကကျ ။ များလာလို့ လိုက်တောင်းတော့ မိဘတွေက ရန်တွေ့ ။ ဒီလိုနဲ့
အကြွေးပေးတဲ့
စနစ်ကို ရပ်ဆိုင်းလက်ငင်းစနစ်ကို ကျင့်သုံးပြန်တော့ လူကပါး ။
ဒီအရှုတ်တော်ပုံတွေနဲ့
ချာလည်ရိုက်နေတဲ့
အချိန်နောက်ထပ် ဒုက္ခတစ်ခုက ထပ်မံတိုးဝင်လာတော့ ကျွန်မအမေဆီက ငြီးငြူသံတွေကို
စိတ်ဆင်းရဲဖွယ်
ကြားရပြီပေါ့ ။ ပျက်လိုက်တဲ့ မီးက တစ်နေ့မှ ၆နာရီဘဲ ပေးပါတယ် ။ အင်တာနက်ဆိုင်
ဆိုတာ
ညဘက်ကိုသာ
လူအ၀င်များကြပါသည်။ အဲဒီညတွေကို မီးကပျက်ပါတယ်။ မီးစက်မောင်းရတယ်။ ညကို
၇နာရီလောက်ကနေ
ည ၁၂နာ၇ီ အတွင်းကိုသာ လူဝင်များတတ်ပါသည်။ စက်အပြည့်ဆို ည ၈.၃၀လောက်မှာ
ရှိနေတတ်ပါတယ်။
တနေ့သာကို ပိုက်ဆံရချိန်ဟာ ၃နာရီလောက်တာ ရှိနေချိန်မှာ ကွန်နက်ရှင်က ထပ်ကျနေ
ပြန်တော့
ကျွန်မတို့ ဘယ်အချိန်မှာ အလုပ်လုပ်စားရတော့မလဲရှင်။ ဒီမှာ နောက်ထပ်ပြသနာတစ်ခုက
ထပ်ပေါ်
လာပြန်ပါတယ်။
မီးစက်ကို ည ၁၂ နာရီလောက်ထိ မောင်းရတော့ ပတ်ဝန်းကျင်ကို ဆူညံစေတယ်တဲ့လေ။
ကဲ
ကျွန်မတို့ ဆိုင်ပိတ်လိုက်ဖို့တာ ရှိပါတော့တယ်။ အချိန်လေးနဲ့ မီးကို
ပေးမယ်ဆိုရင်တောင် အမှန်တကယ်
လိုအပ်နေတဲ့
ညဘက်တွေကို ပေးသင့်ပါတယ်။ ညနေ ၆.၃၀ လောက်ကနေ ည ၁၂နာရီလောက်ဆိုတာ အမှန်
တကယ်လိုအပ်ချိန်တွေပါ။
ဓာတ်ငွေ့စက်ရုံဝန်းတွေထဲမှာပေးတဲ့ ည၇နာရီကနေ မနက် ၆ နာရီလောက်
ပေးမယ်ဆိုရင်တောင် ပြည်သူတွေ အတွက် အသုံးဝင်ပါသေးတယ်။ တစ်နေ့ကို ၆နာရီဆိုတာကတော့
အင်မ
တန်ကို
နည်းလွန်းတယ်လို့ မြင်မိပါဧ။် ။ ကျွန်တို့ အင်တာနက်ဆိုင်တွေလိုဘဲ
တခြားလုပ်ငန်းတွေမှာလဲ
အခက်ခဲတွေ
အများကြီးကြုံနေကြရတယ်ဆိုတာ ဆန္ဒပြပွဲတွေက သက်သေတည်နေပါတယ် ။ နှစ်စဉ်ကြေးတွေ
လစဉ်ကြေးတွေ
၊ အခွန်ခတွေ မနည်းကို ပေးဆောင်ထားကြတာပါ ။ တနှစ်စာ လိုင်စင်ကြေး ၇သိန်းကျော် ၊
လစဉ်ကြေး
ဒေါ်လာ ၁၂၀ ၊ အခွန်ဆိုတာ သက်သက်ဆောင်နေရတဲ့အပြင် ခုမီးစက်မောင်းရတဲ့ အတွက်
ဓာတ်ဆီဖိုး
ကဲ ကျွန်မတို့ ဘာလုပ်စားကြရမလဲရှင်။ ဘာအလုပ်မှ မကောင်းနေချိန် ထွက်လိုက်ကြတဲ့
နိုင်ငံ
ခြား
။ ရွာတွေမှာ လူငယ်တွေ မရှိသလောက်ကုန်နေကြပြီ။ ကျွန်မတို့လည်း ခုဆို
တွေးရေပါပြီ။ှ
ဒီဆိုင်လေးနဲ့ ထမင်းစားနေရတဲ့ ကျွန်မတို့ မိသားစုလေး ဘယ်လိုမှ မကိုက်တော့ပါဘူး။ ချမ်းသာလောက်အောင်လဲ
ဒီဆိုင်လေးနဲ့ ထမင်းစားနေရတဲ့ ကျွန်မတို့ မိသားစုလေး ဘယ်လိုမှ မကိုက်တော့ပါဘူး။ ချမ်းသာလောက်အောင်လဲ
အရင်ထဲက
အမြတ်စွန်းမကျန်ပါ ။ ထမင်းစားဖို့ ချောင်လည်ယုံသာကျန်တဲ့ ဒီလုပ်ငန်းလေးက ခုတော့
ထမင်း
အိုးလေးတောင် ခပ်လှုပ်လှုပ်
ဖြစ်နေပြီဆို ပိုတယ်လို့ထင်ကြပါလိမ့်မည်။ ဒါတွေက အမှန်ဆိုတာ နယ်မှာ
အင်တာနက်ဆိုင်
ဖွင့်သူတိုင်းသိကြမှာပါ။ ဘယ်သူ့ကို အပြစ်တင်ရမလဲ ဟင်။ မှောင်မိုက်နေတဲ့
လောကကြီးကိုလား
……..အမြဲလို ကျနေတဲ့ ကွန်နက်ရှင်ကိုလား………..ဒီအင်တာနက်ဆိုင်ဖွင့်ခဲ့တဲ့
မိဘတွေကိုလား………….ပြောကြာပါဦးရှင်………………ဘယ်သူကို
အပြစ်တင်ရမလဲ………..
ဘယ်သူကို
အပြစ်တင်ရမလဲ……………..ဘယ်သူကို အပြစ်တင်ရမလဲ ………ဆုတောင်းတိုင်းသာ
ပြည့်မယ်ဆို………ထာဝရ
မငြိမ်းစေမယ့် အလင်းဓာတ်နဲ့ တကွ တိုးတက်နေသော ခေတ်နဲ့ အညီ
အကျမရှိ
အတက်သာ ရှိသော ကွန်နက်ရှင်ကို ပိုင်ဆိုင်ပါရစေသား လို့ ဘုရားမှာ နားညီးအောင်
ဆုတောင်းလိုက်ချင်ပါတော့တယ်ရှင်။
%%%%%%%%%%%%%%%%%%%%%%%%%%%
ဒီဆောင်းပါးလေးကို အားဖြည့်ကူညီရေးသားပေးသော အကို
ကွန်ဆူးမား ကဗျာလေးပါရှင်။
သူ့ကိုချစ်တယ်.....
သူရှိနေမှ ဘ၀က အေးချမ်းလှပတယ်လေ....
သူမလာတဲ့ နေ့တွေညတွေမှာ.....
အစာရေစာလဲ ပြတ်လပ်.......
ဘာတစ်ခုမှ လုပ်မရအောင်
သူအားလုံးကို ယူဆောင်သွားခဲ့တယ်.......။
..................................
ပြန်လာခဲ့ပါချစ်သူ.......
မင်းနဲ့အတူ
ကောင်းမွန်တဲ့ ဆက်သွယ်မှုတွေနဲ့
ဘ၀ရဲ့ တိုက်ပွဲကို ရဲရဲကြီး နွှဲချင်ပါရဲ့
အောင်မြင်မှုရဲ့ အဓိပ္ပါယ်တွေ
မင်းဆီမှာပဲ ရှိပါတယ်.......ကွယ်
..................................
မင်းရှိနေမှ ဒို့ ဘ၀တွေ အေးချမ်းမယ်.....
မျှော်နေမယ်နော်......
အမြန်ပြန်လာပါ။
သံသရာ ဒီတစ်ကွေ့
နေ့နေ့ ညည မေ့မရတဲ့......
မီးလာမယ့် နေ့..........ပေါ့။
သူရှိနေမှ ဘ၀က အေးချမ်းလှပတယ်လေ....
သူမလာတဲ့ နေ့တွေညတွေမှာ.....
အစာရေစာလဲ ပြတ်လပ်.......
ဘာတစ်ခုမှ လုပ်မရအောင်
သူအားလုံးကို ယူဆောင်သွားခဲ့တယ်.......။
..................................
ပြန်လာခဲ့ပါချစ်သူ.......
မင်းနဲ့အတူ
ကောင်းမွန်တဲ့ ဆက်သွယ်မှုတွေနဲ့
ဘ၀ရဲ့ တိုက်ပွဲကို ရဲရဲကြီး နွှဲချင်ပါရဲ့
အောင်မြင်မှုရဲ့ အဓိပ္ပါယ်တွေ
မင်းဆီမှာပဲ ရှိပါတယ်.......ကွယ်
..................................
မင်းရှိနေမှ ဒို့ ဘ၀တွေ အေးချမ်းမယ်.....
မျှော်နေမယ်နော်......
အမြန်ပြန်လာပါ။
သံသရာ ဒီတစ်ကွေ့
နေ့နေ့ ညည မေ့မရတဲ့......
မီးလာမယ့် နေ့..........ပေါ့။
ဆောင်းပါးရေးသားသူ
.................. အချစ်ကို ကိုးကွယ်သူလေး
ကဗျာ
.................. ကွန်ဆူးမား
No comments:
Post a Comment