Tuesday, August 26, 2014

၄၂ ။ နမိတ်ကောင်းတဲ့ နှုတ်ထွက်စကားလေးတွေ ပြောဆိုတတ်ကြပါစေ



၄၂ ။ နမိတ်ကောင်းတဲ့ နှုတ်ထွက်စကားလေးတွေ ပြောဆိုတတ်ကြပါစေ
ခိုင်လေး ( ရွှေတောင် )
69.jpg
အမျိုးသားနဲ့ vzo ချက်နေစဉ် စကားသံက တိုးတိုးလေးကို အမှတ်မထင်ကြားမိလိုက်တယ် ။ထိုစကားသံလေးက ကျွန်မ နားထဲတွင် ပဲ့တင်ထပ်ကျယ်လောင်နေခဲ့ပါတယ် ။ မျက်ဝန်းအိမ်မှ တဆင့် မျက်ရည်တွေ အတားဆီးမဲ့စွာ ပါးပြင်ပ်ါကို စီးကျလာခဲ့တယ် ။ ရုတ်တရက်ကြီး ထငိုလိုက်တဲ့ ကျွန်မကို အမျိုးသားက အံ့သြစွာ မေးပါတော့တယ် ။ * မိန်းမ ဘာဖြစ်တာလဲ ။ အကောင်းကြီးကနေ ။ *  *ကျွန်မ အကုန်ကြားလိုက်တယ်မောင် ။အဲဒါ တကယ်ကြီးလားမောင် ။ ဖြေပါအုံး တကယ်လားလို့ ။*  * ဟုတ်တယ် မိန်းမ ။ ဒါပေမယ့်  မိန်းမနဲ့ မဆိုင်ပါဘူးကွာ ။ မိန်းမပြောတိုင်းဖြစ်ရမှာလား မဟုတ်သေးပါဘူး ။ *
အဖြစ်ပျက်လေးက ဒီလိုပါ ။ မကြာသေးမှီက ကျွန်မတို့ မိတ်ဆွေ မင်္ဂလာဆောင်တစ်ခုကို သွားခဲ့ပါတယ် ။ အဲဒီမင်္ဂလာ လက်မှတ်ရေးထိုးပွဲလေးမှာ အသိသက်သေ လက်မှတ်ထိုးပေးတဲ့ ကောင်လေးက ကျွန်မအမျိုးသား သူငယ်ချင်းပါ ။ လက်မှတ်ထိုးပြီးအပြန် ကျွန်မ သူကို စလိုက်မိတယ် ။ * သူများကို သက်သေ လက်မှတ်ထိုးပေး တဲ့ သူတွေက မိန်းမ မရဘဲ လူပျိုကြီး ဖြစ်တတ်တယ် * ဟု စလိုက်မိတယ် ။ သူမျက်နှာ တော်တော် ပျက်သွားတယ်။ အဲဒီအချိန်က သေချာ သတိမထားလိုက်မိဘူး ။ ကျွန်မစလိုက်တယ်ဆိုတာလည်း တကယ်ကို ဘာရယ်မဟုတ်စလိုက်မိခြင်းမျိုးပါ ။ ဒီအဖြစ်ပျက်လေး ဖြစ်ပြီး မကြာသော ဒီနေ့လေးမှာ ကျွန်မ နဲ့ အမျိုးသား VZO ချက်နေကြချိန် ကွန်ပြူတာထဲက အသံတစ်သံကို ကျွန်မသေချာ ကြားလိုက်ရတယ် ။ အမျိုးသားဆီ သူ့ သူငယ်ချင်းတွေ ရောက်လာပြီး ... ( ဟိတ်ကောင် ကိုမင်းအကြောင်းသိပြီးလား ..သူဆော်ဆုံးသွားပြီ ...မင်းမိန်းမ နိမိတ်ဖတ်လိုက်တာ မှန်နေသလိုဖြစ်နေတာပေါ့ကွာ ) တဲ့ လေ။ ကျွန်မအမှန်တစ်ကယ်ကို ခြောက်ခြားသွားမိခဲ့တယ် ။ တစ်ကယ်တော့ ကျွန်မတစ်ကယ်ကို ပေါ့ပေါ့ပါးပါးလေး စလိုက်မိတာပါ ။အမျိုးသားက ဘယ်လိုဘဲ ကျွန်မနဲ့ မဆိုင်ပါဘူးလို့ ပြောနေပေမဲ့ ကျွန်မရင်ထဲမှာ အမှားမကင်းသလို ခံစားနေရတယ် ။ ဒီအဖြစ်ပျက်လေးကို သင်ခန်းစာယူပြီး အတွေးတွေ ဆက်စပ်ကြည့်မိတယ် ။
လူတစ်ယောက် နှုတ်ထွက်စကားတိုင်း တစ်ကယ်ဖြစ်မှာလား ။ မဆိုင်ပါဘူး ။ ဒါပေမဲ့ လူတိုင်းနှုတ်ဖျားဆီက ထွက်လာတဲ့ စကားလုံးလေးတိုင်းကောင်းတဲ့ အတိတ်ကိုဆောင်တာလေးတွေ ၊ မင်္ဂလာရှိတာလေးတွေကပဲ ရွေးချယ်ပြောကြမယ်ဆို လောကကြီးကလည်းမင်္ဂလာရှိစွာ လှပနေမှာပါ ။ဘာရယ် မဟုတ်ဘဲ ကိုယ်အတွက်ကော သူများအတွက်ပါ အကျိုးမရှိစေတဲ့ အတင်းအဖျင်းစကားတွေ ၊နမိတ်မရှိတာတွေ ပြောမိတာထက် လူသားချင်းချင်း ပျော်ရွင်စရာကောင်းတာတွေ အတိတ်နိမိတ်ကောင်းတာလေးတွေကို ရွေးချယ်ပြောဆိုကြခြင်းဖြင့် လောကကြီးကို ပိုမိုလှပအောင် အလှဆင်နိုင်သူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်မိပါတော့တယ်ရှင် ။

No comments:

Post a Comment