Tuesday, August 26, 2014

၅၉ ။ အားလုံး အမှန်တရားတွေကို တွေးတတ် မြင်တတ်ပါစေရှင်

၅၉ ။ အားလုံး အမှန်တရားတွေကို တွေးတတ် မြင်တတ်ပါစေရှင်
*၂၀၁၁ ခုနှစ်ကရေးခဲ့ဘူးသော ဆောင်းပါးဟောင်းလေးပါ ။ *
ခိုင်လေး(ရွှေတောင်)

အွန်လိုင်းဆိုတာကို ခိုင်လေး 2010 ဒီဇင်ဘာမှာ မေမေက အင်တာနက်ဆိုင် ဖွင့်တယ်ဆိုမှ စတင်အသုံးပြုခဲ့ပါတယ် ။ စစချင်း ခိုင်လေး ချက်တင်ထိုင်တဲ့အချိန် လူပေါင်းစုံ စရိုက်ပေါင်းစုံကို တွေ့ခဲ့သိခဲ့ရတယ် ။ တကယ်တော့ အကြောင်းရာတိုင်းမှာ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက ဒွန်တွဲနေတတ်ပါတယ် ။ အကောင်းဆိုတာကို ဆွဲယူနိုင်သလိုအဆိုးတွေ
ဆိုရင်လည်း အတွေးထဲကနေ မောင်းထုတ်ပစ်သင့်တယ်လို့ ထင်မိတယ် ။ ဒါပေမယ့် ခက်တာက လူုတွေက မှားတာချည်းကို အမှန်တခုလို မြတ်နိုးခုံမင်နေတာတွေ ကို တွေ့ရ မြင်ရတော့ စိတ်မကောင်းကြီးစွာ ဖြစ်ရပြန်တယ် ။ မှား နေမှန်းသိနေရက်နဲ့ အမှားဆိုတာကြီးကို အခွင့်ရေးတစ်ခုလို ဇွတ်ဖက်သွယ်ထားကြတယ် ။
အွန်လိုင်းဆိုတာကို ကောင်းသော အကျိုးရှိခြင်းတွေနဲ့ အသုံးချတတ်မယ်ဆို တိုးတက် စရာတွေ အများကြီးရှိနေပါတယ် ။ ဥပမာပေါ့နော် ဝေးလံ တဲ့နေရာဒေသပေါင်းစုံက မိတ်ဆွေ ပေါင်းစုံကိုလဲ ရနိုင်မယ် ။ မိတ်ဆွေဆိုတာ ပေါင်းတတ်ရင် တကယ်အကျိုးများစေပါတယ် ။ တစ်ချိန်ချိန်မှာ လုပ်ငန်းဆက်စပ်မှုတွေ ရှိလာနိုင်သလို ၊ တစ်ဦးလိုတဲ့ အကူညီကို တစ်ဦးကလည်း ပေးနိုင်ပါတယ် ။ ဒါပေမယ့် ခုတော့ လိုင်းပေါ်တက်မယ်ဆို ကျူမယ် အီမယ်ဆိုတာတွေ ချည်းဘဲ များလာတယ် ။
အိမ်ထောင်သည်တွေလဲ မိသားစုနဲ့ ဝေးတာနဲ့ သစ္စာတရားဆိုတာကို စကားလုံးတွေထဲမှာဘဲ ထားပြီး လုပ်ချင်တာတွေ လုပ်လာကြတယ် ။ ဘာအဓိပ္ပ္ပာယ်မှ မရှိတဲ့ ကျူတဲ့ကိစ္စတွေဟာ ခပ်လည်လည် ယောက်ျား ၊ မိန်းမတွေနဲ့ တွေ့တဲ့အခါ ရလာဒ်ဆိုးတွေကို ပိုင်ဆိုင်ကြရလေတယ် ။ ခိုင်လေးက အင်တာနက်ဆိုင်ဖွင့်ထားတာမို့ ဆိုင်မျာလာထိုင်တဲ့ ကောင်လေး ကောင်မလေး တစ်ချို့ရဲ့ အွန်လိုင်းကို စီးပွားတစ်ခုလိုကို လုပ်နေတာတွေကို မမြင်ချင်ဘဲ မြင်နေ ၊ မကြားချင်ဘဲ ကြားနေရတာပေါ့ ။ အကောင့်ထဲကနေ ကျူတယ် ။ ငွေတွေ ပို့ခိုင်းတယ် ။ ကောင်လေးတွေလည်း ဒီလိုပဲ တဖက်ကတော့ ဖီလင်အပြည့်နဲ့ပြောနေမယ် ။ ဒီဘက်ကတော့ အုပ်စုလိုက် တစ်ယောက်ပြီးတစ်ယောက် ၀င်ရိုက်နေတာကို တစ်ဖက်ကတော့ မသိကြဘူး ။
နောက်တခုက အိမ်ထောင်တွေ ယောကျာင်္းမိန်းမတွေ ချက်တင်ထိုင်တာ အန္တာရယ်ကို ဖိတ်ခေါ်နေတာနဲ့ အတူတူပါပဲ ။ချက်တင်ထိုင်တယ်ဆိုတာ ကိုယ်မိသားစုနဲ့ ပြောတာ မိတ်ဆွေတွေ ပြောတာကို မပြောလိုပါဘူး ။ ဒီလိုမဟုတ်ပဲ ကိုယ်နဲ့သွေးမတော်သားမစပ် တစ်စိမ်းတရံစာတွေနဲ့ လိုအပ်တာထက် ရင်းနှီးတာ ၊ ပတ်သတ်တာတွေဟာ မလိုလားအပ်တဲ့ ပြသနာတွေကို ဖိတ်ခေါ်နေတာနဲ့ အတူတူပါပဲ . အပျော် အပျော်ကနေ အပျက်တွေ ဖြစ်ကုန်တတ်ပါတယ် ။ အိမ်ထောင်ရှိနေတာကို သိနေရက်နဲ့ ကိုယ်အပေါ် ပြန်ချစ်နိုင်တဲ့ ယောက်ျား မိန်းမတွေရဲ့ ကိုယ်ကျင့်တရား အဆင့်တန်းတွေကို တွေးကြည့်စရာတောင် မလိုပါဘူး ။ ကြီးကြီးကျယ်ကျယ်တွေ ပြောနေတာ မဟုတ်ပါဘူး ။
တခါတလေဆို တွေးမိတယ် ငါများခေတ်နောက်ပြန်နေလားပေါ့ ။ ခိုင်လေးကတော့ တည်ဆောက်ထားတဲ့ မိသားစုဘ၀လေးတွေကို တန်ဖိုးထားစေချင်တယ် ။ အသစ်အသစ်တွေကို ဘယ်လောက်ရှာဖွေနေနေ ကျန်ခဲ့တဲ့အရာတွေက ပိုကောင်းနေတတ်တယ်ဆိုတာ သတိမမေ့ပါနဲ့ ။ မိသားစု အတွက် ရေမြေခြားမှာ ငွေရှာနေကျတယ် ။ ဒီရောက်တော့ ဘာကြောင့် ရည်ရွယ်ချက်တွေ ပျောက်ကုန်ရတာလဲ ။ တည်ဆောက်ထားတဲ့ မိသားစုလေးတွေကို ဘယ်လိုအကြောင်းနဲ့မှ မပြိုကွဲစေချာတာ ရင်ထဲကလာတဲ့ စေတနာပါ ။ သူငယ်ချင်းတယောက်က ပြောတယ် ။ သူပြောကာစက ကြားကြားချင်းတော့ စိတ်တောင် တိုသွားမိတယ် ။ နင်အကောင့် ရှိလားလို့ မေးမိတော့ အွန်လိုင်းမထိုင်ဘူးတဲ့ ။ အလကား ယောကျာင်္းရှာ မိန်းမရှာနေတာတဲ့လေ ။ ခုတော့ သူပြောတာတောင် ဟုတ်သလို ဖြစ်နေရပြီ ။ ပြောကြသေးတယ် ပင်ပမ်းလို့ စိတ်အပန်းဖြေသတဲ့ ။ မဝေဖန်ပါနဲ့တဲ့ ။ လူတိုင်းမှာ တစ်နေကုန် အလုပ်လုပ်နေတာမို့ မောပမ်းသမျှကို မိမိနှစ်သက်ရာနည်းနဲ့ အပမ်းဖြေခွင့်ရှိတယ်ဆိုပဲ ။ ဟုတ်ပါတယ် ။ မိမိနှစ်သက်ရာနည်းလမ်းနဲ့ အပမ်းဖြေခွင့်ရှိပါတယ် ။ ဒါပေမယ့် အဲဒီအပမ်းဖြေနည်းဟာ မှန်ကန်ဖို့တော့ လိုအပ်တာပေါ့ ။
လူလွတ်တွေကိုတော့ မပြောလိုပါဘူး ။ လူကြီးတွေပါ ကြီးကောင်ကြီးမားနဲ့ မိုက်လုံးကြီးနေကျတဲ့သူတွေလည်း အများပြား ရှိနေပါသေးတယ် ။ ပုတီးကိုင်ရမယ့် အသက်အရွယ်မှာ ပုတီးမကိုင်ပဲ ကီးဘုတ်ကိုင်ပြီး အချစ်ဆိုတဲ့ စကားလုံးကို အလွဲသုံးစားလုပ်နေကြတယ် ။ ကိုယ်ရောဂါ ကိုယ်ရှာနေတဲ့ကိုကို မမတွေလည်း ဖြစ်ချင်တာတွေကို အသိဆိုတဲ့ သတိလေးထိန်းပြီး စောင့်ထိန်းသင့်နေပါပြီ ။ ပျော်ရတာ ရှင်တို့ နှစ်ဦးထဲပါမိသားစုတစ်စုရဲ့ မျက်ရည်တွေကို ပြန်လှည့်မြင်ပေးကြပါ ။ ချူစားလိမ်းစားနေကျတဲ့ ညီမတွေလည်း ကိုယ့်ကိုယ်ကို ရှက်သင့်နေပါပြီ။ တချို့များဆို လင်မယားတွေ ပေါင်းပြီးတောင် လုပ်စားကျတယ်ရှင် တကယ်ရှိနေပါတယ် ။ အွန်လိုင်းပေါ်မှာ မိန်းမကို အပျိုလို ကျူခိုင်းပြီး ပိုက်ဆံ ချေးခိုင်းတယ် ။ အလိမ်ခံနေရတဲ့ သူတွေဟာ သူများနိုင်မှာ အပင်ပမ်းခံ ရှာထားကြရတဲ့ငွေတွေပါ ။ တစ်ဦးနဲ့ တစ်ဦး ကိုယ်ချင်းတရားတွေနဲ့ ဆက်ဆံကြည့်သင့်ပါတယ် ။ အချစ်ဆိုတဲ့ ခေါင်းစဉ်င်္ကြီးကြီးတပ်ပြီး ဖောက်ပြန်နေတဲ့ လုပ်ရပ်တွေကို အသိတရားလေးတစ်ခု နဲ့ ထိန်းရင်း အားလုံး အမှန်တရားတွေကို တွေးတတ် မြင်တတ်ပါစေ ။

No comments:

Post a Comment