၅
။ ရှေ့ဆောင်လမ်းပြကောင်းဖို့ အရေးကြီးသည် ။
ရေးသားသူ = ခိုင်လေး
( ရွှေတောင် )


ခြံထဲအေးအေးလူလူ
ထိုင်နေစဉ် မြင်ကွင်းထဲသို့ ကလေးငယ်တစ်ဦး ၀င်ရောက်လာသည် ။ ကလေးငယ်သည် အိမ်ရှေ့ရှိ စမ်းချောင်းငယ်လေးဆီသို့ ဦးတည်ရွေ့လျားနေသည်
။ သူဘာလုပ်မည်နည်းဟု ဆက်၍စောင့်ကြည့်နေမိသည် ။ စမ်းချောင်းလေးနားတိုးကပ်ပြီးနောက် ခါး၌ထိုးထားသော
ငါးမျှားတံလးအား ထုတ်လိုက်သည်ကို တွေ့လိုက်ရလေ၏ ။ ကလေးငယ်သည်ရှိလှ ဆယ်နှစ်ကျော် သာသာခန့်သာ
ရှိပေမည် ။ ကျွန်မတို့ အိမ်ရှေ့၌ စမ်းချောင်းငယ်လေး
တစ်ခုရှိနေပါသည် ။ ထိုစမ်းချောင်လေးသို့ လူအများမကြာခဏ လာရောက်၍ ငါးမျှားတတ်ကြပေသည်
။ယခင်လူများလာရောက် ငါးမျှားခြင်းသည် မထူးခြားသော်လည်း ယခုလာသော ကလေးငယ်သည် ငယ်လွန်းနေသည်
။ ထိုကလေးအားကြည့်နေရင်း ကျွန်မမျက်ဝန်းထဲ၌ မျက်ရည်များဝဲသီလာကြလေသည် ။ ကျဆင်းတော့မည့်
မျက်ရည်တို့အား ထိန်းလိုက်သည် ။ ထို့နောက် ဆုံးဖြတ်ချက်တစ်ခုနှင့်အတူ ကလေးငယ်ရှိရာသို့
ထွက်လာခဲ့လိုက်တော့သည် ။
ကလေးငယ်အနားသို့
ရောက်လျှင် ဘေးချင်းယှဉ်ထိုင်ချလိုက်သည် ။ ရုတ်တရက် သူ့အနားထိုင်ချလိုက်ခြင်းကြောင့်
ကလေးသည် ကျွန်မအားငေးကြည့်နေပါ၏။ ကလေးအား ဦးစွာပထမ ပြုံး၍ နှုတ်ဆက်လိုက်သည် ။ ပြီးနောက်
စကားစလိုက်ပါသည် ။
*သားက
ငါးလာမျှားတာထင်တယ် *
*ဟုတ်ကဲ့
အန်တီ ။ အကိုတွေ ဒီမှာ လာပြီးမျှားနေကြလေ ။ သူတို့ပြန်လာရင် ငါးတွေ ပါပါလာတတ်လို့ သားပါလာမျှားကြည့်တာပါ
*
*
သြော် ..သားက ငါးမျှားတတ်လို့လား *
ရှက်ပြုံးလေးပြုံးပြီးနောက်
*သားက မျှားတော့ သေချာ မမျှားတတ်ပါဘူး ။ ခုတောင်
အကိုတွေ မသိအောင် ခိုးထွက်လာတာ * ဟုရိုးသားစွာ ပြောပြရှာသည် ။ ကျွန်မလည်း ကလေးပြောပြတာလေးတွေအား
ဂရုစိုက်နားထောင်ပေးလိုက်သည် ။ ကလေးစကားဆုံးသည်နှင့်
*သားကို
အန်တီ ဇာတ်လမ်းလေး တစ်ခု ပြောပြချင်တယ် ။ သားနားထောင်ကြည့်ပါလား ။ နားထောင်ပြီးမှ ငါးဆက်မျှားပေါ့
*ဟု စကားဆိုလိုက်သည် ။ ကလေးသည် ကျွန်မအားအားနာ၍ထင်သည် ။ ကျွန်မပြောသော စကားအား လက်ခံနားထောင်ပေးခဲ့သည်
။
*လွန်ခဲ့သော
ငါးနှစ်လောက်က အန်တီမှာ သိပ်ချစ်စရာကောင်းတဲ့ မောင်လေး တစ်ယောက်ရှိတယ် ။ အဲဒီအချိန်က
အန်တီမောင်လေး အသက် ဆယ့်ခြောက်နှစ်ဘဲ ရှိသေးတယ် ။ အန်တီကလည်း မောင်လေး တစ်ယောက်တည်း
ရှိတာဆိုတော့ အရမ်းချစ်တာပေါ့ ။ ဒီလိုနဲ့ သင်္ကြန်ဆိုတဲ့ ရာသီပွဲတော်လေး တစ်ခုမှာ မောင်လေးက
အန်တီကို အပြီးထားသွားခဲ့တယ် ။ သင်္ကြန်ပွဲတော် နောက်ဆုံးနေ့လေးမှာ မောင်လေးနဲ့ သူ့သူငယ်ချင်းတွေ
သင်္ကြန်လျှောက်လည်ခဲ့ကြတယ် ။ နေ့လည် နားချိန်ကြတော့ မြစ်ကမ်းနားမှာ သွားပြီးနားကြတယ်လေ။
ဒီမှာတင် နားနေရင်း သားလိုဘဲ ငါးမျှားချင်တဲ့စိတ်ကြောင့် မြစ်ထဲမှာ ငါးလိုက်ဖမ်းသတဲ့
။ အရက်ကလည်း နည်းနည်းမူးနေတာရယ် ၊ သူတပါးအသက်ကို သက်ချင်တဲ့ စိတ်အားကြီးနေတာရယ်ကြောင့်
ဆင်းရင်း ဆင်းရင်း ရေနက်တဲ့ နေရာကို ရောက်သွားပြီး နေနစ်ခဲ့တယ် ။ တစ်ယောက်နစ်လို့ တစ်ယောက်ဆယ်တယ်
။ နောက်တစ်ယောက် ထပ်နစ်ပြန်တယ် ။ ဒီလိုနဲ့ သူငယ်ချင်းငါးယောက် သွားကြတာ သုံးယောက်စလုံးနစ်နေကြတော့
ကျန်တဲ့နှစ်ယောက် ဆက်ပြီးမကယ်ရဲကြတော့ဘူးပေါ့ ။ အနီးနားကို အော်ဟစ်အကူညီတောင်းခဲ့ပေမဲ့
နစ်နေတဲ့သူတွေကို အချိန်မှီ မကယ်ဆယ်နိုင်တော့ဘူး ။ နောက်ဆုံး အလောင်းတွေကိုဘဲ ရခဲ့တယ်သား
။ *
ကျွန်မစကားဆုံးသည်နှင့်
ကလေးငယ်၏ မျက်နှာအခြေနေကို ကြည့်လိုက်မိသည် ။ ကလေးငယ်သည် လက်ထဲ၌ ကိုင်ထားသော ငါးမျှားတံလေးအား
အောက်သို့ လွှတ်ချထားသည်ကို တွေ့လိုက်ရသည် ။ သူ၏မျက်နှာ အမူယာသည်လည်း စိုးရွံ့ကြောက်လန့်နေဟန်
အထင်သားပေါ်ပေါက်နေလေ၏ ။ အရှိန်လေးရတုန်း ကလေးအား ဆက်၍ရှင်းပြချင်လာသည်မို့ စကားအား
ဆက်လိုက်သည် ။
အန်တီ
ဖတ်မှတ်ထားတာလေး သားကို ပြောပြမယ် ။ '၀ဋ် ' ဆိုတာလေ ' ၀ဋ'္ဋ ဆိုတဲ့ ပါဠိစကားကနေ ဆင်းသက်လာတာ
။ သံသရာ လည်ပတ်ခြင်း၊ အကြောင်းပြီး အကျိုး - အကျိုးပြီးအကြောင်း ဆက်စပ်ဖြစ်ပျက်ခြင်း၊
မကောင်းမှုပြုသည့်အတွက် သံသရာဘ၀ခရီး၌ ဆိုးကျိုးတစုံတရာကို ခံစားရခြင်း လို့ အဓိပ္ပါယ်တွေရှိတယ်
။ ၀ဋ် သုံးမျိုးရှိတယ် သား ။ ဘာတွေလည်းဆိုတော့ -
(၁) ကိလေသ၀ဋ်
(အ၀ိဇ္ဇာ) တဏှာ၊ ဥပါဒါန်သုံးပါး၊
(၂) ကမ္မ၀ဋ် (ကုသိုလ်ကံ၊ အကုသိုလ်ကံ)၊
(၃) ၀ိပါက၀ဋ် (အကျိုးတရားများ)၊
(၂) ကမ္မ၀ဋ် (ကုသိုလ်ကံ၊ အကုသိုလ်ကံ)၊
(၃) ၀ိပါက၀ဋ် (အကျိုးတရားများ)၊
ဝဋ်
သည် နောက်ဆုံးအချက် ၀ိပါက၀ဋ် (အကျိုးတရားများ) နှင့်သက်ဆိုင်နေတယ် ။ ဒါကြောင့် '၀ဋ်'
နှင့် '၀ိပါက' တို့ဟာ စကားလုံး ကွဲပြားသော်လည်း ဘဘောအဓိပ္ပါယ် မကွဲပြားဘူး ။ ဒီအတွက်
တစ်စုံတစ်ယောက်က ဒုက္ခကြီးစွာ ခံစားနေရင် '၀ဋ်ခံနေရတယ်၊ ၀ဋ်ကြီးတယ်' လို့ဆိုကြတာပေါ့
။ 'သူတပါးကို မညှင်းဆဲနဲ့ ၊ ၀ဋ် လိုက်တတ်တယ်လို့ လူကြီးသူမတွေက အစဉ်အလာနဲ့ ဆုံးမပြောဆိုလာကြတာပေါ့ကွယ်
။ အန်တီပြောတဲ့ စကားတွေ သားချက်ချင်း နားလည်ဖို့ ခက်ချင်ခက်မယ် ။ ဒါပေမဲ့ သားတဖြည်းဖြည်း
ကြီးလာရင် နားလည်လာပါလိမ့်မယ် ။ အရေးကြီးတာက သူတပါးကို တစုံတခု ပြုလုပ်ဖို့ ကြိုးစားနေစဉ်
ကိုယ်က အရင် တခုခု ဖြစ်တတ်ဆိုတာကို သားသိဖို့ ပြောပြတာပါ ။ အန်တီမောင်လေး အဖြစ်ကိုဘဲ
သားကြည့်လေ ။ သူတပါး အသက်ကို သတ်ဖို့ကြိုးနေစဉ်မှာ
သူအရင်သေခဲ့ရတယ် ။ဒါဟာ ၀ဋ်လည်တာပဲ သား ။
ကလေးသည်
ကျွန်မပြောပြသည့် အကြောင်းအရာတို့အား လက်ခံယုံကြည်မည်ဆိုတာ အသေချာပင် ။ အဘယ်ကြောင့်ဆိုသော်
ကလေး၏မျက်လုံးများမှ သက်သေခံနေပါ၏ ။ကလေးငယ်သည် ကျွန်မစကားများအား သေချာစွာနားထောင်ပြီးနောက်
ငါးမျှားခြင်းအား ဆက်၍မလုပ်တော့ဘဲ ပြန်သွားပါတော့သည် ။ ကျွန်မလည်း ခြံထဲသို့ ပြန်လာပြီး
နဂိုထိုင်ရာ ခုံ၌ပြန်ထိုင်ပြီး မိမိလုပ်ရပ်အား ကျေနပ်နေမိသည် ။ ကလေးတွေ၏ အတွေးခေါ် အယူဆ ကျင့်ကြံမှု့တွေ မှန်ကန်စေဖို့ အရေးကြီးဆုံးသူတို့သည်
အကို အမ မိခင် ဖခင် ဆရာ ဆရာမ တို့ပင် ဖြစ်သည် ။ ကလေးဆိုသည်မှာ ရှေ့ဆောင်လမ်းပြသူတို့၏
နည်းနာများအား အတုယူတတ်သူတွေပင်။ ထိုအတွက်ကြောင့် ရှေ့ဆောင်လမ်းပြသူတွေ အနေဖြင့် မိမိတို့၏
ရင်သွေးငယ်တွေ နည်းယူမမှားစေဖို့ အထုးဂရုစိုက်ဖို့ လိုအပ်လှပေသည် ။ လူကြီးတွေသည် လူငယ်တွေအား
ကောင်းမွန်သော အသိစိတ်များ ၀င်လာစေရန် ၊ စံနမူနာ ယူတတ်စေရန် နေပြကြဖို့ အလွန်အရေးကြီးကြောင်း
တွေးမိရင်း ဒီနေ့အတွက် ကျွန်မ၏ တာဝန်ကျေမှု့အပေါ် ကျေနပ်နေမိပါတော့သည် ။
( ဘာသာရေးစာလေးများကို
ကိုငယ်ဆိုဒ်မှ လေ့လာသည် )
No comments:
Post a Comment