၂၉ ။ ကာမ တဏှာ ရဲ့ ချည်နှောင်ခြင်းမှ ကင်းဝေးပါစေ
( ဆောင်းပါး)
ခိုင်လေး ( ရွှေတောင် )


ကာမ တဏှာ ရဲ့ ချည်နှောင်ခြင်းမှ ကင်းဝေးပါစေ ( ဆောင်းပါး)
ချစ်ခြင်းမေတ္တာသည် အလွန်သစ္စာတရားကြီးမားပြီး
တန်ဖိုးရှိသော ခံစားချက်လေးတစ်ခုဟု
ကျွန်မ မှတ်ယူမိပါတယ် ။ နှလုံးသားသည် အလွန်မြင့်မြတ်သိမ်မွေပြီး
အချစ်အတွက် ဘာမဆိုပေးဆပ်ရဲသော သတ္တိတွေကိုလည်း မွေးဖွားပေးတတ်ပြန်တယ် ။ ဒီလိုတန်ဖိုးရှိတဲ့
ခံစားချက်လေး တစ်ခုကို ခုခေတ်မှာ ခုတုံးလုပ်
အသုံးချနေကြတဲ့ တစ်ချို့တစ်ချို့သော လူ
တစ်စုကြောင့် အချစ် ဆိုသော ဝေါဟာရ အရာဟာ
ပေါ့ပေါ့တန်တန်ခံစားချက်တစ်ခု အဖြစ် သမုတ်ခံနေရပါပြီ ။ ခုနောက်ပိုင်း လူငယ်တွေဟာ သိပ်ကိုထက်မြက်လာကြတယ်ဆိုပေမယ့်
မကောင်းသော အရာတွေကိုလည်း လွယ်ကူမြန်ဆန်စွာ အတူယူမှားတတ်ကြတဲ့ နေရာမှာ ပြိုင်စံရှားပါပဲ
။
ခိုင်လေးက အချစ်ကို ပြေးလမ်းတစ်ခုနဲ့ တင်စားချင်တယ်
။ အချစ်သည် ပြေးလမ်းတစ်ခု
ဖြစ်ခဲ့ပါလျှင် လက်ထပ်ခြင်းဟူသော အရာမှာ ပန်းတိုင်ဖြစ်ပါတယ်
။ ပန်းတိုင်ဆိုတဲ့ လက်ထပ်ခြင်းကို မရောက်ခင်မှာ အချစ်ဆိုတဲ့ ပြေးလမ်းပေါ် ခြေချော် မလဲမိကြဖို့
လွန်စွာ
အရေးကြီးပေ၏ ။ ခြေချော်မလဲဖို့ဆိုသည်က
ချစ်သူ ဆိုတဲ့ ဝေါဟောရကို တန်ဖိုးထားတတ်ဖို့က
လိုအပ်ပါတယ် ။ ချစ်သူ
ဆိုတာ မိမိဘက်က မြတ်နိုးချစ်ခင်စုံမက်ရသူကို
ခေါ်ပါတယ် ။ မိမိမြတ်နိုးရတဲ့ ပစ္စည်းလေးတွေကိုတောင်
လူတွေ သိပ်ကိုတန်ဖိုးတတ်ကြတယ် ။
ဒီလိုပါပဲ ချစ်သူဆိုတာ ပစ္စည်းဆိုတဲ့ ရုပ်ဝထ္ထု
တွေထက် တန်ဖိုးရှိတဲ့ သက်ရှိတွေပါ ။ သက်ရှိချစ်သူတွေကို
အရာဝထ္ထု ဆိုတာတွေထက် ပို
လို့တောင် မြတ်နိုး တန်ဖိုးထားအပ်ပါတယ်
။ ချစ်သူဘ၀မှာ မိမိချစ်သူကို တန်ဖိုးထားခြင်းဖြင့်
ချစ်သူရဲ့ အပျိုစင်ဘ၀လေးတွေကို အလွဲသုံးစားမလုပ်မိကြဖို့လည်း
အထူး အရေးကြီးပါတယ် ။ ပါးစပ်ကတော့ ချစ်တယ်ဆိုတဲ့ စကားလုံးကို ဖောဖောသီသီ သုံးစွဲပြီး
အချစ်ဆိုတဲ့ ခေါင်းစဉ်တပ်
ကာမ တဏှာ ကိုသာ အာရုံထားနေကြတဲ့ ယနေ့ခေတ်ကာလကြီးရဲ့
မျက်မှောက်အခြေနေ
တစ်ခုဟာ သိပ်ကိုရင်လေးစရာကောင်းလာပါပြီ
။ မိန်းကလေးတွေကလည်း ယောကျာင်္းလေး
တွေကို မိန်းမပီသခြင်း ၊ လိမ်မာယဉ်ကျေးခြင်းဆိုသော
အရာတွေဖြင့် မဆွဲဆောင်တော့ဘဲ အတွေ့ဆိုသော ကာမ တဏှာ တွေဖြင့်သာ ချည်နှောင်လာကြသည်ကို
မြင်တွေ့နေရသည်မှာ
သိပ်ကိုရင်ထုမနာ ဖြစ်ဖို့ကောင်းပါတယ် ။
အတွေ့အထိကို တပ်မက်တတ်တဲ့ ဖောဋ္ဌဗ္ဗတဏှာထဲကနေ
ရုန်းမထွက်နိုင်ကြ
တဲ့အခါ မလိုလားအပ်သော လူမှု့ ပြသနာပေါင်းများစွာကို
ရင်ဆိုင်နေကြရတဲ့ လူတွေ ဒုနဲ့
ဒေးဖြစ်လို့နေပါပြီ ။ ဒီထဲက ရင်နာစရာ ဇာတ်လမ်းလေး
တစ်ခုကို ပြောပြချင်ပါတယ် ။ ခိုင်လေး
နဲ့ ညီမတွေလို ရင်းနှီးရတဲ့ ညီမငယ်တစ်ယောက်က
ရင်ဖွင့်လာတယ် ။
*သူ့အမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်နေပါတယ်
။ နေ့တိုင်း အွန်လိုင်းတက်ပါတယ်။
သူအမျိုးသမီးလေး မြန်မာပြည်မှာ ကလေးနှစ်ယောက်နဲ့ပါ။ သိပ်ချစ်စရာကောင်းတဲ့
သမီးလေး တစ်ယောက် သားလေးတစ်ယောက်ရှိပါတယ်
။ သားလေးက ခုမှ လသား အရွယ်
လေးရှိပါသေးတယ် ။ သူတို့ဇနီးမောင်နှံဟာ
သိပ်ကို ပျော်ရွင်စရာ ကောင်းတဲ့ မိသားစုဘဝ
လေးကို အောင်မြင်စွာ တည်ဆောက်ထားကြသူတွေပေါ့
။ အိမ်ထောင်သက် ဆယ်စုနှစ်တိုင်
ခဲ့လေပြီ ။ ဒီချိန်မှာ သူ့တို့ မိသားစုလေးထဲကို မထင်မှတ်တဲ့ ရှူထောင့်တစ်ခုကနေ မုန်တိုင်း
ဝင်ရောက်ခဲ့တယ် ။ သူ့မအမျိုးသားက အွန်လိုင်းမှာ
သူ့အမျိုးသမီး မသိအောင် တစ်ခြား
အကောင့်တစ်ခု ကိုထပ်ဖွင့်ကာ ကဗျာလေးတွေ
ရေးတယ် ။ ဒီမှာဘဲ သူလို ကဗျာတို စာတို
လေးတွေ ရေးတတ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့
ရင်းနှီးပတ်သတ်ခဲ့ကြတယ် ။ ဒီအမျိုး
သမီး pageမှာ လူငါးထောင်လောက်တောင်ရှိတယ်ဆိုပဲ
။ ဒီလိုနဲ့ သူတို့ ချစ်သူတွေ ဖြစ်သွား
ကြတယ်ပေါ့ ။ အမျိုးသားက မြန်မာပြည် ပြန်တဲ့အချိန်မှာ
မိသားစုအိမ်လေးဆီ အရင်ပြန်မလာ
ဘဲ အွန်လိုင်းမှာတွေ့ခဲ့သော ချစ်သူအသစ်လေးဆီကို
အရင်သွားတွေ့ခဲ့တယ် ။ အိမ်သူသက်ထား
ဇနီးမယားလေးက ဒီကိစ္စကို သိပေမဲ့ မသိချင်ယောင်ဆောင်နေပေးခဲ့ရှာတယ်
။ အချိန်တန်
လို့ အိမ်ပြန်လာလာမယ့် အချိန်ကိုသာ စောင့်နေခဲ့ပါတယ်
။ ဇနီးသည်သိသွားပြီဆိုတာကို အမျိုးသားကလည်း သိသွားခဲ့တယ် ။ ဇနီးကလည်း အွန်လိုင်းက မမကို
ဖုန်းဆက်ပြီး အေးအေးဆေးဆေးပြောပြပါတယ် ။ ဒီအမျိုးသားမှာ
အိမ်ထောင်ရှိ
ကြောင်း ၊ ကလေး နှစ်ယောက်လည်းရှိကြောင်းပြောပြတယ်
။ ဇနီးသည်ထင်မှတ်ထားတာက
အိမ်ထောင်ရှိမှန်းမသိလို့ ဒီအမျိုးသမီး
ပတ်သတ်တယ်ပေါ့ ။ သူအမျိုးသားက လူပျိုလို့ ပြော
ထားတာမို့ သူမက သိအောင် အသိပေးလိုက်တဲ့
သဘောပါ ။ အွန်လိုင်း ချစ်သူမမက လူပျို
လို့ထင်လို့ကြိုက်ခဲ့တာမှန်ပေမယ့် ခုလို
သူကိုလာ ပြောတာ သူကိုဆွနေတာသလားလို့ ဇနီး
သည်ကို ပြန်မေးသတဲ့ ။ ငါက နင်ယောကျာင်္းကို
တစ်သက်လုံး ဘာမှ မခိုင်းဘဲ တင်ကျွေးထား
နိုင်တယ် ။ နင်တို့သာ နင်အမျိုးသားမရှိလို့
ဒုက္ခရောက်သွားမယ်လို့ ပြန်ချိန်းခြောက်သွား
သတဲ့ ။ အွန်လိုင်းချစ်သူမမ အသက်က သုံးဆယ်ကျော်ပါပြီ
။ ဒီမှာပဲ ဇနီးသည်ကောင်မလေးက
သူအမျိုးသားကို ကွာရှင်းခွင့်တောင်းပါတော့တယ်
။ သူ့မ အမျိုးသားက အွန်လိုင်းကမမကို
စာတွေခိုးပို့တယ် ။ ဖုန်းတွေ ခိုးဆက်တယ်
။ ဒါပေမဲ့ ဇနီးသည်ကိုလည်း ကွာရှင်းခွင့်မပေးပါဘူး။
အွန်လိုင်းမမဆီက ဖုန်းတွေလာရင် လင်မယားစကားများပြီဆို
ကလေးတွေကို ရိုက်လာတဲ့
အထိ အသိတရားတွေ ခေါင်းပါးလာတယ် ။ အရက်တွေ
နေ့တိုင်းသောက်လာတယ် ။ *
ဇာတ်လမ်းလေးကတော့ ဒါလေးပါပဲ ။
နားထောင်နေရတဲ့ ခိုင်လေးရင်ထဲ တစ်စက်လေးမှ
မကောင်းပါဘူး ။ ဒီပြသနာကို ခိုင်လေး စိတ်ထဲ
တွေးမိတယ် ။ အွန်လိုင်းချစ်သူမမ ကို အရင်
သုံးသပ်မိတယ် ။ သူမကဗျာတို စာတိုတွေ ရေးနေတဲ့သူဆို
ဘာဖြစ်လို့သူတစ်ပါး အိမ်ထောင်
ကိုဖျက်ဆီးချင်ရသလဲ ။ သူကိုခင်မင်လေးစားလို့
အပ်ထားတဲ့ သူငယ်ချင်းငါးထောင် အတွက်
သူ့လုပ်ရပ်က ရုပ်ဆိုးအကျည်းသန်လွန်းနေပါတယ်
။ နောက်တစ်ချက်က မသိလို့ ချစ်မိခဲ့
တယ်ထားပါအုံး ။ အွန်လိုင်းမှာ တွေ့ကာချစ်သူ
ဖြစ်တဲ့ ယောကျာင်္းတစ်ယောက် အကြောင်းကို
ဘာတစ်ခုမှ မလေ့လာတော့ဘူးလား ။ ခုခေတ်မှာ
အွန်လိုင်းကနေ ချစ်သူဖြစ်ကာ ဘ၀တစ်
သက်တာ လက်တွဲသွားသူတွေ ပေါများလာပါပြီ
။ ခိုင်လေး ကိုယ်တိုင် ခိုင်လေး အမျိုးသားနဲ့
အွန်လိုင်းမှာ ချစ်သူတွေဖြစ်ခဲ့တာပါ ။
ချစ်သူဖြစ်တယ် ။ သူကိုလေ့လာတယ် ။ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ သူအိမ်ကို
သွားလေ့လာတယ် ။ သူ လူပျိုလို့ပြောတာ တစ်ကယ်
ဟုတ်မဟုတ် ၊ လူလွတ်ဆိုတာ သေချာအောင် ခိုင်လေး
ကိုယ်တိုင် သူတို့လမ်းထဲကို သွား
လေ့လာခဲ့တယ် ။ သေချာပြီဆိုမှာ လက်ထပ်ဖို့
စီစဉ်ခဲ့ပါတယ် ။ ဒီလိုပဲ ဖြစ်သင့်တယ်လို့
ထင်မြင်မိတယ် ။ အွန်လိုင်းမှာတွေ့တယ် ။
အကျိုးကြောင်း နောက်ကြောင်း ဘာတစ်ခုမှ လေ့
လာခြင်းမရှိဘဲ တွေ့တာနဲ့ တန်းပြီး တုတူနေလိုက်ကြတဲ့
ယနေ့ခေတ်ကာလ အနေထိုင် အယူဆတွေကို နားမလည်နိုင်အောင် အံ့သြမိတယ် ။ သှူု့တစ်ပါးမိသားစုကို
ဖျက်ဆီးပြီးမှ
ရလာမယ့် ကိုယ်ရဲ့ပျော်ရွင်ခြင်းတွေ အတွက်
ကိုယ်လိပ်ပြာကိုယ်လုံရဲ့လားလို့ မေးချင်
မိတယ် ။ လူတစ်ယောက်မှာ ပိုက်ဆံတွေ ဘယ်လောက်ရှိနေပါစေ
၊ ပညာတွေ မည်မျှတတ်
နေပါစေ ကိုယ်ကျင့်တရားခေါင်းပါးသူသည် အလကားလူသာ ဖြစ်ပါတယ် ။
*****အရှက်အကြောက်ရှိရမည်
*****ရတနာသုံးပါအတွက်နေ့ညမပျက်ဆောင်ရွက်အားထုတ်ရမည်
*****မိဘ၊မောင်ဘွားကိုအထူးရိုသေလေးစားရမည်
*****မိခင်အလုပ်(အိမ်မှူ့ကိစ္စ)ဟူသမျှကိုတတ်ကျွမ်းကူညီနိုင်ရမည်
*****အတတ်ပညာသင်ကြားခြင်းတို့ကိုပျင်းရီတွန့်တိုသောစိတ်ကိုမထားပဲ
ထကြွလုံးလ၀ရိယရှိရ့မည်
*****ဆွေမျိုးမိတ်သင်္ဂဟတို့၏၀တ္တရားကိုနားလည်ရမည်
*****အိနြေ္ဒခြောက်ပါးကိုရိုသေစောင့်ထိန်းရမည်
ဆိုတဲ့ အပျိုမိန်းကလေးများ၏ ကိုယ်ကျင့်တရား(၇)ပါး
ကိုမိန်းကလေးတိုင်း
စောင့်ထိန်းကြရင်သိပ်ကောင်းမယ်လို့ တွေးမိတယ် ။ ဂုဏ်သိက္ခာရှိသော
စိတ်ဓာတ် အကျင်သီလနှင့် ကြီးမြတ်သော အမျိုးသမီးလေးတွေလည်း အများပြား ပေါ်ပေါက်စေချင်
မိပါတယ် ။
အိမ်ထောင်သည်အမျိုးသားတစ်ယောက်အနေနဲ့လည်း
မိမိအိမ်ထောင်ကို တန်ဖိုးထား
သင့်ပါတယ် ။ တွေးကြည့်ရင်တောင် အဖြေကရှင်းနေပါသေးတယ်
။ အိမ်ထောင်ရှိနေ
မှန်းသိနေတာတောင် ကိုယ့်ကို ပြန်လက်ခံတဲ့
မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဟာ ဘယ်
နေရာမှာဘဲရှိနေမလဲ ။ ခုမှမြင်ဖူးတဲ့ ယောကျာင်္းတစ်ယောက်ကို တွေ့တာနဲ့
လိုက်အိပ်
တတ်တဲ့ မိန်းမတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကကော
ဘယ်အတိုင်းတာထိ တန်ဖိုး
မဲ့နေပြီလဲ ဆိုတဲ့အချက်တွေကို ထည့်တွေးကြည့်ပါ။
မိမိဇနီးသည် နဲ့ နှိုင်းယှဉ်စရာ
ကြောင်းကို မရှိပါ ။ မိသားစု ဆိုတာ ဒီအဖေ
ဒီအမေ ဒီသား ဒီသမီး စုဝေးထားတဲ့ အသိုက်
မြုံလေးကို ခေါ်ဆိုခြင်းပါ ။ တန်ဖိုးကြီး
မြင့်မြတ်လှတဲ့ မိသားစုအဆောက်အုံလေးတစ်ခုကို
တန်ဖိုးမရှိတဲ့ မိန်းမတစ်ယောက်အတွက် ဖျက်ဆီး
ပျက်ဆီးအောင် မလုပ်ဆောင်သင့်ပါဘူး။
အတွေ့အထိကို တပ်မက်တဲ့ ဖောဋ္ဌဗ္ဗတဏှာ ဆိုတာကို
မိမိကိုယ်ကနေခွာချနိုင်အောင်ကြိုး
စားသင့်ပါတယ် ။ မိမိတို့ ဆယ်စုနှစ်တိုင်အောင်
တည်ဆောက်မိသားစု အသိုက်မြုံလေးကို
ကာကွယ်ပေးပါ။ တစ်ယောက်ရင်ငွေ့ကိုတစ်ယောက်ကခြုံထားကြတဲ့
မိသားလေးမှာ ခြုံစရာ
ရင်ငွေ့လေး မပျောက်ပါစေနဲ့။ လွန်ဆွဲကြစတန်းဆိုရင်တောင်
အွန်လိုင်းချစ်သူမမက တစ်ယောက်ထဲ ပါ။ ဒီဘက်မှာက မင်းအသွေးသားတွေနဲ့ ဖွဲ့တည်ဆောက်ထားတဲ့
အပြစ်မဲ့ သမီး နဲ့သား ၊ မရှိအတူ ရှိအတူလက်တွဲ ရင်ဆိုင်ခဲ့တဲ့ ဇနီး လူသားသုံးယောက်ပါ
။။ တစ်ယောက်သောက ကို တစ်ယောက်ကမျှဝေခဲ့ကြတဲ့
မိသားစုလေး
အပေါ် ကရုဏာထားကာ ငါရဲ့ အတွေးခေါ် ၊ ငါလုပ်ဆောင်ချက်တိုင်းသည် ငါမိသားစု အတွက်ဆိုတဲ့ စိတ်ကူးသစ်တွေနဲ့ ကာမ တဏှာ
ရဲ့ ချည်နှောင်ခြင်းမှ ကင်းဝေးပါစေ ။ ငါ့မိသားစုအတွက်
ငါသာဖြစ်ရမယ်ဆိုတဲ့ ခံယူချက်တွေကို ချမှတ်ရင်း မိုက်မဲခြင်း အမိုက်မှောင်ထဲကနေ အလင်းထဲကို
အမြန်ဆုံး ထွက်လာနိုင်ပါစေ ။
ချစ်ခြင်းမေတ္တာတရားတွေ နဲ့ ပြည့်စုံနေတဲ့ မိသားစု ထမင်းဝိုင်းလေးက သင်ကို
အဆင်သင့်
စောင့်မျှော်နေကြပါတယ်ဆိုတာလေးကို သတိပေးရင်း ဆောင်းပါးလေးကို
အဆုံးသတ်လိုက်ပါတော့၏ ။
ခိုင်လေး ( ရွှေတောင် )
ကာမ တဏှာ တွေနဲ့ ချည်နှောင်ခြင်းမှ ကင်းဝေးကြပါစေ
။
အိမ်ထောင်သည်တိုင်း တစ်ယောက်သောက ကို တစ်ယောက်ကမျှဝေခဲ့ကြတဲ့
မိသားစုလေးအပေါ် သစ္စာတရား လက်ကိုင်ထားနိုင်ကြပါစေ ။
လူသားတိုင်း မိသားစု ဘ၀တွေကို ဖျက်ဆီးသူတွေ
အဖြစ်ကနေ ကင်းဝေးကြပါစေ။
No comments:
Post a Comment