၇၁
။ အစွန်းရောက်စိတ်ထား ( စံတော်ချိန် သတင်းစာ )
ရေးသားသူ - ခိုင်လေး
( ရွှေတောင် )

အစွန်းရောက်သော စိတ်သည်
ကောင်းသလား ၊ မကောင်းဘူးလား လူတိုင်းတွေးစရာမလိုအောင် သိကြမည်ဟု ထင်မြင်မိပါသည် ။ အစွန်းရောက်ပြီဆိုကတည်း မည်သည့်အစွန်းရောက်ခြင်းမှ
ကောင်းကျိုးမပေးနိုင်ပါ ။ လူသားအများစုသည် စိတ်၏ခိုင်းစေရာ ၊ စိတ်၏ဆွဲခေါ်ရာသို့ လိုက်ပါနေကြရပေသည်
။ယနေ့မျက်မှောက်ခေတ်ကာလ၌ အယူသီးဝါဒအမျိုးမျိုးကို ဆွဲကိုင်ကာ တဖြည်းဖြည်း အစွန်းရောက်စိတ်တွေအား
မွေးမြူလာကြသည် ။ ယနေ့မြန်မာပြည်၌ လူမျိုးရေး အစွန်းရောက်ခြင်း ၊ ဘာသာရေးအစွန်းရောက်ခြင်း
အခြေနေတွေ တစ်စထက် တစ်စကြီးထွားလို့လာနေပါသည် ။ ဗုဒ္ဓဘာသာ အမည်မျှသာခံ၍ အတ္တကို မဏ္ဍိုင်ထားနေခြင်းဟာ
ကောင်းသောလက္ခာဏာ မဟုတ်ပေ ။ မြန်မာနိုင်ငံ၌ မွေးဖွားပြီး ဗုဒ္ဓဘာသာကိုးကွယ် ဆည်းကပ်သူတိုင်း မိမိဘာသာတရားကို အလေးမြတ်ထားတတ်ကြပါသည် ။ ခေတ်၏
ပြောင်းလဲခြင်းပေါ် မူတည်၍ လူငယ်များ ဘာသာရေးလိုက်စားမှု့အားနည်းလာခြင်းသည် မိဘများအပေါ်၌
ရာခိုင်နှုန်းများစွာ မူတည်နေပါသည် ။ မိခင် ဖခင် ကိုယ်တိုင် ဘာသာရေးအားနည်းနေပါလျှုင်
မိမိတို့၏သားသမီးများသည်လည်း ဘာသာတရားကိုင်းရှိုင်းမှု့အားနည်းမည်သာ ဖြစ်ပေသည် ။ ဒီအတွက်
ဥပဒေတွေ ဘာတွေ ထုတ်တာထက် အဓိက ပြုလုပ်ရမည့် အရာသည် မိဘတိုင်းသည် မိမိတို့၏ရင်သွေးငယ်တွေအား
ဘာသာရေး အသိတွေ ကြွယ်ဝလာအောင် ရှေ့ဆောင်လမ်းပြနိုင်ရပါမည် ။ အပြစ်ကျူးလွန်သူအား တုတ်နှင့်
ရိုက် ဆုံးမခြင်းထက် နားဝင်အောင်သွန်သင်ခြင်းသည် ရေရှည်ကောင်းဖို့ အတွက် ပို၍သေချာနိုင်ပါသည်
။ မဖြစ်သည့်အဆုံး ရိုက်ဆုံးမ ရသည်မှာ နောက်ဆုံးအဆင့်သာဖြစ်သင့်ပေသည် ။
ယနေ့မျက်မှောက် အခြေနေလေးကို
ဆက်ကြည့်ရအောင် ။ ချစ်စရာကောင်းသည့် ယဉ်ကျေးမှု့ ၊ ဖော်ရွေဖွယ် မြန်မာတို့၏ ချစ်စရာ စရိုက်များအစား လူကြီး လူကြီးမှန်းမသိအောင်
အဆဲသန်သော စရိုက်တွေ ကြီးစိုးလာခဲ့လေပြီ ။ သိပ်ကို ရင်နာစရာ ကောင်းလှပါသည် ။ အလွန်ချစ်ခင်ကြသော
သူငယ်ချင်းတွေ လမ်းခွဲကြရသည် ။ နောက်ဆုံး ဘာသာရေးမှာပင် နှစ်ခြမ်းကွဲသည့် အဆင့်တိုင်အောင်
ဖြစ်နေကြရလေပြီ ။ ဒါတွေဟာ အစွန်းရောက်သော ခံယူချက် စိတ်ထားတွေ၏ ရလာဒ်အဖြေပင် ဖြစ်သည်
။ ယနေ့ မွတ်စလင်တွေကို မုန်းနေကြသည် ။ ဘာကြောင့် မုန်းရသနည်းလို့မေးရင် ထွက်လာမည့်အဖြေမှာ
တစ်ခုတည်းပင် ။ အစွန်းရောက်စိတ်တွေကြောင့်လို့ ဖြေကြမှာ မလွဲဧကန်ပါပဲ ။ အစွန်းရောက်စိတ်တွေ
ရှိနေလို့ သူတို့ကို မုန်းကြသည် ။ ဟုတ်ပြီ ။ ကိုယ်ကိုတိုင် မုန်းတီးနေသည့် ထိုအစွန်းရောက်
စိတ်ကြီးကို မိမိတို့ခန္မာကိုယ်ထဲသို့ အဘယ်ကြောင့် အ၀င်ခံနေကြသနည်း ။ စဉ်းစားဖို့နေပြီ
။ သေသေချာချာ ပြန်စဉ်းစားပါ ။ ကျွန်မတို့ ဗုဒ္မဘာသာမှာ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းအကျင့်ဆိုတာ
ရှိပြီးတားပါ ။
အစွန်းရောက်သော စိတ်ထားတွေကြောင့်
ယနေ့ကမ္ဘာကြီးမှာ လူသားတွေ ဘယ်လောက်ထိ စိတ်ဆင်းရဲနေကြသလဲ ။ လူသားတွေ သေကျေကြရသည် ။ မိသားစုပေါင်းများစွာ
စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ကြရသည် ။ အမျိုးသမီးတွေဟာ လူမျိုးတစ်စုအတွက် အရေးကြီးတယ်လို့
သတ်မှတ်တာကိုလည်း မငြင်းဆိုပါဘူး ။ အရေးကြီးတဲ့ အတွက် ထိန်းချုပ်တယ်ဆိုတဲ့ အကြောင်းပြချင်ကဖြင့်
သိပ်သဘာဝမကျလှပေ ။ ဒီလိုဆိုလိုက်လို့ အမျိုးကိုမချစ်လို့ နေချင်သလို နေဖို့ ဆိုလိုခြင်းမဟုတ်ပါ
။ ကျွန်မသမီးကို ဘာသာမတူသူတစ်ဦးဖြင့် ပေးစားရလျှင်လို့ အခါခါတွေးမိပါသည် ။ ကျွန်မလုံးဝ
မဖြစ်စေချင်ပါ ။ မဖြစ်ဖို့အတွက် ငယ်စဉ်ကတည်းက ဘာသာရေးအသိတွေ သူခေါင်းထဲကို ၀င်အောင်
ကြိုးစားပေးမည် ။ နားဝင်အောင် ပြောပြမည် ။ ဒီလိုပြောသည့် နေရာမှာ သမီးရေ သူတို့ဘာသာကဖြင့်
ဘယ်လိုတွေ ဆိုးတာဆိုတာတွေကို ပြောမည့်အစား မိမိဘာသာတရား၏ အနှစ်သာရတွေကို နားလည်အောင်ရှုင်းပြမည်
။ ဘာသာမတူသူနှစ်ဦး လက်ထပ်လျှင် ရင်ဆိုင်ရမည့် အခက်ခဲ ပြသနာလေးတွေကို မြင်သာအောင် ချပြပေးမည်
။ အဓိက ဖြစ်ချင်ကြသည်မှာ မိမိဘာသာ ကွယ်ပျောက်မှာကို ဆိုးနေကြခြင်းပါ ။ မိမိဘာသာ မကွယ်ပျောက်ဖို့
မိမိကိုယ့်ကို အရင်ပြုပြင်ရမည်ဆိုသည့်အချက်အား မေ့နေကြလေသည် ။
အိမ်တစ်အိမ်၌ ခြံစည်းရိုး
လုံအောင်ထတ်ထားဖို့ လိုအပ်သလို ၊ မိသားစု တစ်စုဆီတိုင်းမှာလည်း ဘာသာရေး အသိတရားတွေ
ပြည့်ဝနေဖို့ လိုအပ်ပါသည် ။ အမျိုးဘာသာအတွက်တော့ လုပ်နေပါရဲ့ ။ မိမိ ကိုးကွယ်သည့် ဘာသာရေး
အကြောင်းအရာများအား တခြားဘာသာခြားတစ်ယောက်မှ မေးလာသည့်အချိန်၌ ဘာဖြေရမှန်းမသိသူတွေ
ဒုနဲ့ဒေးပါ ။ မွတ်စလင်ရောင်းသော ပစ္စည်းကင်းအောင်နေယုံနှင့် ဘာသာတရားကို ကာကွယ်ရာ မရောက်နိုင်ပါဘူး
။ ကိုယ်ဆီကိုယ်ငှ ဘာသာရေး အသိတရားတွေ ရှိနေဖို့ကသာ အဓိက ကြလှပေသည် ။ ကိုယ်တိုင်ကဖြင့်
ကိုယ်အမေ ၊ အဖေ ကိုယ်အဘိုး အဘွားလောက်ရှိနေတဲ့ သူတွေကို မိုက်မိုက်ရိုင်းရိုင်းတွေ
ဆဲဆိုနေပြီး အမျိုးဘာသာ သာသနာ့ကို ချစ်ပြနေကြရင်တော့ အင်မတန်လူရယ်စရာ ကောင်းနေပါလိမ့်မည်
။ ကင်းအောင်နေမည်ဆိုလျှင် အမှန်တကယ် ကင်းမည်လားဆိုသည့်အချက်ကိုလည်း
ထည့်တွက်စဉ်းစားရပေမည် ။ မကြာသေးမှီက ကျွန်မရေးသားသော စာလေးထဲမှာ လူတစ်ယောက် ကော်မန့်လာရေးထားပါသည်
။ သူရေးထားသည်က
* ဒို့ကတော့ စားစရာမရှိလို့ လျှာပေါ် မြက်ပေါက်ရင်ပေါက်ပါစေ
ကုလားတွေနဲ့ကင်းအောင်နေတယ် ကုလားဆိုတဲ့သတ္တဝါ တွေက အကုန်လုံးစောင့်ကျင့်တွေအတူတူ ဟိုကုလားဒီကုလားမှမဟုတ်ဘူး
မလေးရှားနိုင်ငံမှာအကြောင်းကြောင်းကြောင့်နေရပေမဲ့အတတ်နိုင်ဆုံးကုလားနဲ့ကင်းအောင်နေတယ်
*
လို့ သူလာရေးထားပါသည်
။ သူရေးသောစာကို သေချာ ဖတ်ကြည့်ပါ ။ လျှာပေါ်မျက်ပေါက်ပါစေ ကုလားနဲ့ ကင်းအောင်နေတယ်ဆိုပြီး
လက်ရှိ သူနေထိုင်နေသည်မှာ မလေးရှားနိုင်ငံ ဖြစ်နေသည် ။ စကား နှင့် အလုပ် မညီဘူးဖြစ်နေပါသည်
။ အမှန်တကယ် ကင်းချင်သည်ဆိုပါလျှင် မည်မျှ စီးပွားရေး အဆင်မပြေပါစေ မြန်မာပြည်၌သာ နေသင့်ပေသည်
။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုသည်မှာ နိုင်ငံတကာနှင့် ဆက်နွယ်ပတ်သတ်မှ
ု့တွေရှိနေကြရမှာပဲ ။ ဒီလိုတွေသာ အစွန်းရောက်နေမည်ဆို မလေးရှားနိုင်ငံ၌ မြန်မာလူမျိုးဆိုသည်မှာ
ရှိနေစရာပင် အကြောင်းမရှိပေ ။ မလေးရှားနိုင်ငံ၌
နေရာတိုင်းတွင် မြန်မာလူမျိုးရှိသည် ။ ဒီလိုပြောလို့ ကုလားချီးမွန်းခန်းဖွင့်နေသည်ဟု
မထင်စေချင်ပါ ။ တွေးတတ်စေချင်တာပါ ။ အရာတိုင်းကို ပုံသေသတ်မှတ်လို့ မရနိုင်ပါဘူး ။
မည်သည့်ဘာသာကို ကိုးကွယ်သူဖြစ်ပါစေ ကောင်းတဲ့သူကို ကောင်းသည်ဟုသတ်မှတ်ရပေမည် ။ ဆိုးနေသည့်သူကိုလည်း
ဆိုးသည်ဟုတ် သတ်မှတ်ရမည် ။ တခါတရံ၌ ချစ်ခင်သော စိတ်များ အားကြီးလွန်းလျှင် အစွန်းတစ်ဖက်သို့
ရောက်သွားတတ်ပါသည် ။ တိုင်းသူပြည်သား အားလုံး မြန်မာပြည်ကြီးကို ချစ်ကြသည့်စိတ်တွေ
တူညီနေပါလျှက် အစွန်းရောက်နေသော ခံယူချက် စိတ်ထားတွေကြောင့် မဖြစ်သင့်သော အကျိုးရလာဒ်တွေကို
လက်ရှိပိုင်ဆိုင်နေကြရသည် ။ လူတစ်စု ပျော်ရွင်ကျေနပ်စေဖို့ လူအများစိတ်ဝမ်းကွဲနေရခြင်းသည်
ဖြစ်သင့်သော အလုပ်မဟုတ်ပေ ။
အစွန်းရောက်သော စိတ်တွေကနေ
ဒေါသတွေ လွှမ်းမိုးလာမည် ။နောက် မောဟတွေ
လွှမ်းမိုးလာမည် ။ လောဘ လွှမ်းမိုးလာသောအခါ လိုချင်စိတ်တွေများလာပြီး မဖြစ်သင့်သော ကိစ္စ ၊ မလုပ်အပ်သော ကိစ္စတွေများအထိ ကျုးလွန်မိတတ်ကြပေသည် ။ မောဟတွေပါလာပြီမို့ လုပ်သင့်ခြင်း ၊ မလုပ်သင့်ခြင်း ဆိုသောအရာများအား တွေးတော ဆင်ခြင်နိုင်စွမ်းမရှိတော့ပေ ။ အရာရာကို သေချာစွာ ဆက်ခြင်သုံးသပ်ပြီး စိတ်ကိုတည်ငြိမ်အောင် အစွန်းမရောက်အောင် ထိန်းကြပါ ။ မိမိဘာသာတရားကို အမှန်တကယ် ချစ်မြတ်နိုးလျှင် ဘာသာတရား၏ အဆုံးမတွေအတိုင်း ကျင့်ကြံနေထိုင်ကြပါ ။ သူတော်ကောင်းဆိုသည်မှာ သူများကောင်းခြင်း မကောင်းခြင်းထက် ကိုယ်ကောင်းအောင်နေဖို့သည်သာ အဓိကကြပေသည် ။
၁။ သဒ္ဓါ = အမှန်တရားကို သိမြင်နိုင်ပြီး
အဲဒီ အပေါ်မှာ သက်ဝင်ယုံကြည်ခြင်း၊(ဘုရား၊ တရား၊ သံဃာ၊ ကံ၊ကံ၏ အကြောင်းအကျိုးအပေါ်၌
သက်ဝင်ယုံကြည်ခြင်း)၊လွှမ်းမိုးလာမည် ။ လောဘ လွှမ်းမိုးလာသောအခါ လိုချင်စိတ်တွေများလာပြီး မဖြစ်သင့်သော ကိစ္စ ၊ မလုပ်အပ်သော ကိစ္စတွေများအထိ ကျုးလွန်မိတတ်ကြပေသည် ။ မောဟတွေပါလာပြီမို့ လုပ်သင့်ခြင်း ၊ မလုပ်သင့်ခြင်း ဆိုသောအရာများအား တွေးတော ဆင်ခြင်နိုင်စွမ်းမရှိတော့ပေ ။ အရာရာကို သေချာစွာ ဆက်ခြင်သုံးသပ်ပြီး စိတ်ကိုတည်ငြိမ်အောင် အစွန်းမရောက်အောင် ထိန်းကြပါ ။ မိမိဘာသာတရားကို အမှန်တကယ် ချစ်မြတ်နိုးလျှင် ဘာသာတရား၏ အဆုံးမတွေအတိုင်း ကျင့်ကြံနေထိုင်ကြပါ ။ သူတော်ကောင်းဆိုသည်မှာ သူများကောင်းခြင်း မကောင်းခြင်းထက် ကိုယ်ကောင်းအောင်နေဖို့သည်သာ အဓိကကြပေသည် ။
၂။ သီလ = ကိုယ်၊ နှုတ်၊ စိတ်တို့ကို အစဉ်စောင့်ထိန်းနိုင်ခြင်၊ (ငါးပါးသီလကို အစဉ်စောင့်ထိန်းနိုင်ခြင်း)၊
၃။ သုတ = ကိုယ်သိထားတဲ့ အမှန်တရားအပေါ် ထပ်မံ အသိတိုးအောင်ဆည်းပူး လေ့လာခြင်း (တရားဗဟုသုတ)၊
၎။ စာဂ = စွန့်ကြဲပေးကမ်းခြင်း၊ အလှူဒါန ပြုလုပ်ခြင်း၊(နိဗ္ဗာန်ကိုရည်မှန်း၍)
၅။ ပညာ = မိမိရဲ့ စိတ်ကလေးကို သတိဦးစီးတဲ့ ဥာဏ်ပညာနဲ့ အချိန်တိုင်း စောင့်ရှောက်နေနိုင်ခြင်း၊
၆။ ဟိရီ = မကောင်းမူလုပ်ရမှာကို ရှက်ခြင်း ၊ မြင်ရမှာ ၊ ကြားရမှာ ၊ ကြည့်ရမှာ ၊ သိရမှာကို ရှက်တတ်ခြင်း၊
၇။ သြတ္တပ = မကောင်းမူ့ ပြုရမှာကို ကြောက်ရွံထိတ်လန့်ခြင်း
စသည့် သူတော်ကောင်း တရား ခုနှစ်ပါးအား လိုက်နာကျင့်ကြံခြင်းဖြင့် အစွန်းရောက်စိတ်တွေကို
ပယ်ဖျောက်နိုင်ပါစေ ။ မှန်ကန်သော ချစ်နည်းမျိုးဖြင့် အမျိုးဘာသာ သာသနာ့ကို ချစ်နိုင်ပါစေ
။
သူတော်ကောင်းဆိုတာ သူတော်လာအောင်
ကိုယ်ကကောင်းပေးရတာပဲ
။
သူတော်မှ
ကိုယ်ကောင်းမယ်ဆိုရင်
ဘယ်မှာလာပြီး
သူတော်ကောင်းဖြစ်နိုင်ပါ့မလဲ ။
သူတော်တော်
မတော်တော် ကိုယ်ကတော်ရမယ်၊
သူကောင်းကောင်း
မကောင်းကောင်း
ကိုယ်ကကောင်းရမယ်၊
ဒါမှ
သူတော်ကောင်းအစစ်ဖြစ်နိုင်မယ်။
ဆိုသည့် တိပိဋက ယောဆရာတော်ဘုရားကြီး၏ ဆုံးမစကားလေးအတိုင်း
ကျင့်ကြံနေထိုင်သွားနိုင်ကြပါစေလို့ ဆုတောင်းရင်း ဆောင်းပါးလေအား အဆုံးသတ်လိုက်ပါရစေ
။
No comments:
Post a Comment