၆၅ ။ အလိမ္မာတိုး ပြီး အကျိုးများကြပါစေ
ရွှေမြန်မာမိသားစုဝင်အားလုံး
မင်္ဂလာပါရှင်။ ဒီနေ့ ပြောချင်တာလေးကတော့ အလကားရနေတဲ့ တန်ဖိုးရှိတဲ့
အရာလေးတွေကို အကျိုးရှိစွာ
သုံးချတတ်စေချင်ဖို့အတွက်
ဖတ်မှတ်ဘူး တဲ့ ဗဟုသုတအသိလေးတွေကို massage လေးတစ်ခု ပေးချင်တာပါရှင်။ ဆယ်ကျော်သက်နဲ့
ဖောက်ပြန်ခြင်းဆိုတဲ့
ဆောင်းပါးလေးရေးပြီးချိန်မှာ ခိုင်လေးဆီကို အကိုတစ်ယောက်က မေးတစ်စောင်ပို့လာပါသည်။
သူပို့ပေးတဲ့ မေးက
တော့
လူနှစ်ယောက်ပြောထားတဲ့ ချက်မေးလေးပါပဲ။ ဒီချက်မေးလေးကို ဖတ်ပြီး
ပညာပေးဆောင်းပါးလေးတစ်ခု ရေးပေးဖို့ ပြောလာပါ
သည်။
စာတစ်ပုဒ်ရေးတယ် ဆိုတာ အရမ်းကို တာဝန်ကြီးတယ်လို့ ယူဆမိပါသည်။ ဘောပင်နဲ့
စာ၇ွက်ရှိနေရုံနဲ့ စာတစ်ပုဒ် ဖြစ်မလာနိုင်သလို ကွန်ပြူတာ စာစီတတ်ရုံနဲ့လဲ
စာတစ်ပုဒ်ဖြစ်လာဖို့ မသေချာပါဘူး။ ခုနောက်ပိုင်းဆို ခိုင်လေး
ဆောင်းပါးတစ်ခုရေးမယ်ဆို တော်တော် လေးသတိထားပါတယ် ။
ကိုယ်ရေးလိုက်တဲ့
စာတစ်ပုဒ်က စာဖတ်သူအတွက် အကျိုးရှိစေတာမျိုး ၊ ဖတ်လိုက်ရတဲ့
အချိန်ကုန်ရကျိုးနပ်စေတဲ့ စာမျိုးကို
ဘဲ
ကြိုးစားရေးနေပါတယ်။ ခိုင်လေးဆီ ပို့လာတဲ့ မေးထဲက အကြောင်းလေးကတော့ ချစ်သူနှစ်ဦး
ချစ်သူဖြစ်နေတာ ၅နှစ်ရှိနေပါပြီ။
ကောင်လေးက
နိုင်ငံခြားမှာ အလုပ်သွားလုပ်နေပါတယ်။ ကောင်မလေးကတော့ နေပြည်တော်က ဌာနဆိုင်ရာ
အစိုးရ ၀န်ထမ်းတစ်ဦးပါ။
ကောင်မလေးတို့
ရုံးမှာ အင်တာနက် ချိတ်ထားပါသည်။ ဒီမှာဘဲ ကောင်မလေးက ရုံးက အိမ်ထောင်ရှိတဲ့
အကိုတစ်ယောက်နဲ့ နောက်ထပ်
အချစ်ဇာတ်လမ်းတွေ
ခင်းပါတော့သည်။ အဲဒီနှစ်ဦးပြောထားတဲ့ ချက်မေးကို ခိုင်လေးဆီ ပို့လာပါတယ်။
မေးရောက်နေတာကတော့
တော်တော်
ကြာနေပါပြီ။ ဒီအကြောင်းအရာလေးကို ဘယ်ရှူထောင့်ကနေ ပညာပေးဆန်ဆန် ရေးသားရမယ်ဆိုတာကို
တွေးနေရင်း အချိန်အနည်းငယ် ကြာသွားခဲ့ပါသည်။
ဒီကိစ္စလေးနဲ့
ပတ်သတ်ပြီး ခိုင်လေး အမြင်လေးကို အရင်ဆုံး ပြောပြမယ်နော်။ ပထမအချက်က
အိမ်ထောင်ရှိတဲ့ ယောကျာင်္းတစ်ယောက်
သူများ
သမီးပျိုကို ဒီလို ပြောရဲတယ်ဆိုတာ အရမ်းကို အောက်တန်းကျလွန်းပါတယ်။ အပြင်မှာဆို
ဒီလို တစ်ရုံးတည်းထဲကိုယ်ညီမလို
နေနေတဲ့
သူတစ်ယောက်ကို မရိုးသားတဲ့ စကားလုံးတွေကို သူသွေးတိုးစမ်းရဲမယ်လို့
ခိုင်လေးမထင်ပါဘူး။ ၁၀၀ မှာ ၈၀ မပြောရဲလောက်
ပါဘူး။
ချက်တင် ကွက်ထဲမှာမို့သာ ဒီလောက်ထိ ပွင့်လင်းစွာ စော်ကားရဲနေတာပါ။ ရုံးတွေမှာ
အင်တာနက် ချိတ်ပေးတယ်ဆိုတာ အလုပ်
ကိစ္စသုံးဖို့
အတွက်ဆိုပေမယ့် မိမိတို့ အကျိုးအတွကလဲ အသုံးပြုခွင့်ကို တော်တော်များများ
ရကြပါသည်။ အလကားရတာကို အလကား
လို
ဘာလို့ အသုံးချနေကြတာလဲ။ ဘာလို့ တန်ဖိုးမထားကြရတာလဲ။ အမှန်တစ်ကယ် မိမိအတွက်
အကျိုးရှိစေမယ့် နည်းပညာတွေ
လေ့လာမယ်
။ အသိပညာတိုးပွားစေဖို့ ဗဟုသုတတွေ ဖတ်မယ် ဆို တပ်ဆင်ပေးထားရသူအတွက်လဲ
အကျိုးရှိစေပါတယ်။ ယနေ့
ကျွန်မတို့
မြန်မာပြည်မှာ ကောင်းသော ပြောင်းလဲခြင်းများစွာ ဖြစ်နေပါပြီ။ ဒီနေရာမှာ လူငယ်တွေရဲ့
လက်တွေ့ကျတဲ့ အသိပညာတွေ
နည်းပညာတွေ
၊ တွေးခေါ်ဆင်ခြင်နိုင်မှုတွေ အများကြီး လိုအပ်နေပါပြီ။ တိုးတက်မှုတွေ နဲ့
နိုင်ငံသစ်ကို လိုချင်တယ်ဆို ပေးပါ ပေးပါ
ထိုင်အော်နေလို့
လက်ထဲကို ရောက်မလာနိုင်ပါဘူး။ ရအောင် ကြိုးစားရမယ်။ ဒီနေရာမှာ အရည်အချင်းတွေ
ဗဟုသုတတွေ အသိပညာတွေကို ဟန်ဆောင် တတ်နေတာထက် အမှန်တစ်ကယ် တတ်မြောက်နားလည်ဖို့
အရမ်းကို လိုအပ်ပါတယ်။
ဘာမဟုတ်တဲ့
အရည်မရ အဖတ်မရဖောက်ပြန်ခြင်းတွေ ပြောနေမယ့်အချိန်မှာ မိမိအတွက် အသိပညာတိုးစေမယ့်
ဆိုဒ်တွေ လေ့လာမယ် စာတွေဖတ်မယ်....ကိုယ်အတွက်ကောင်းခြင်းတွေ လမ်းပြပေးနိုင်မယ့်
မိတ်ဆွေတွေနဲ့ ဆွေးနွေးစကားပြောမယ်ဆို ဘယ်လောက် အကျိုးများစေမလဲ။
နောက်တစ်ခု
မိန်းကလေးတစ်ယောက်အနေနဲ့ တန်ဖိုးရှိလှတဲ့ မိမိတို့အပျိုစင်ဘ၀လေးကို
တန်ဖိုးထားအပ်ပါတယ်ရှင်။ အချောဆုံး ၊ အယဉ်ဆုံး ၊ အလှဆုံး ၊ အပျော်ဆုံး ၊
အလွတ်လပ်ဆုံး ဟုဆိုအပ်သော အပျိုဘ၀ရဲ့ တန်ဖိုး အညွန့်တလူလူ နဲ့ ဂုဏ်ယူစရာကောင်းလှပေ
ဧ။်။
ယုတ်သော သူတို့ နှင့် ပေါင်းသင်းခြင်း ၊ ယုတ်ညံ့သော စကားတို့ကို ပြောဆို
သုံးနှုန်းခြင်းတို့ကို အထူးပင်ရှောင်ကြဉ်အပ်ပေသည်။
မေးထဲမှာ
ကောင်မလေးက အိမ်ထောင်ရှိတဲ့ ရုံးက အကို ကို ပြောထားတဲ့ စကားထဲမှာ ရေးထားတဲ့
စကားလုံး တစ်ခုက ဖတ်ရတာ တော်
တော်လေးကို
ရင်ထဲမကောင်းစေပါဘူး။ ဟိုလူက သူကိုအပျော်ဆက်ဆံတယ်ထင်ပါတယ်။ သူပြန်ပြောထားတာက*
ကြိုက်တဲ့ရင် ၀ယ်စား
တဲ့
နှိုက်မြည်းလို့တော့ မရဘူးတဲ့* အပျိုတစ်ယောက်က ပြောသင့်တဲ့ စကားလား
အိမ်ထောင်ရှိယောကျာင်္းတစ်ယောက် ရဲ့ အပြီးဝယ်သာ
ကိုကော
ခံစရာလားရှင်။ မြန်မာမိန်ကလေးတွေ အရမ်းထက်မြက်ကြသလို သိက္ခာတရားနဲ့ ပတ်သတ်ရင်လဲ
ကမ္ဘာအလည်မှာ စံထားရ
အသိမှတ်ပြုခံခဲ့ကြသူတွေပါ။
ဘာလို့ ခုလို ပေါ့တန်တဲ့ အတွေးခေါ် ၊ အပြောဆို ၊ အနေထိုင်တွေ ကို အတုယူနေကြရပါသလဲ။
ကိုယ်အပေါ်
အိမ်ထောင်ရှိတဲ့ လူတစ်ယောက်က ခုလို ထိကပါး ရိကပါး ပြောလာပြီဆိုကတည်းက မိမိဘက်က
အနေထိုင် တစ်ခုခု
မှားယွင်းနေပြီဆိုတာ
သေချာသလောက်ပါပဲ။ ပုံမှန် ကိုယ်သိက္ခာနဲ့ နေသူကို မည်သူမှာ ဒီလို စကားတွေကို
မပြောရဲကြပါဘူး။ ယောကျာင်္း
ဆိုတဲ့
အမျိုးကလည်း သွေးတိုးအရင်စမ်းကြသူများပါ။ နည်းနည်းပြောကြည့်မယ် ရရင် ဆက်ပြောမယ် ။
မရရင်လဲ စတာပါဆို ဖောချသွား
မယ်။
ဒါကို အပျော်လို့တွေးပြီး လက်ခံသည်ဖြစ်စေ ၊ အမှန်တကယ်စိတ်ပါလို့ လက်ခံတယ်ဖြစ်စေ
မိန်းကလေးတွေ အနေနဲ့ မိမိတို့ ရှေ့ဆက် ဘ၀ခရီးမှာ ကြီးစွာသော အမဲစက်တစ်ခုကို
စွန်းထင်းသွားစေပါတယ်။ အရာရာကို လွယ်လွယ် မတွေးကြပါနဲ့။ ယောကျာင်္းဆိုတာ သူတို့သာ
ပွေချင်ရှုတ်ချင်ကြတာပါ။ သူတို့ဘ၀အတွက် လက်တွဲမယ့် ဘ၀ခ၇ီးဖော်ကိုကြတော့ ပြစ်မျိုး
မှဲ့မထင်ကိုသာကို
လိုချင်ကြတာလဲ ယောကျာင်္းတိုင်းရဲ့ တူညီတဲ့ ဆန္ဒပါပဲရှင်။ နောက်တစ်ခုက
အိမ်ထောင်ရှိပြီးသူတစ်ယောက် နှုတ်ဖျား
ကထွက်လာတဲ့
မင်းကို ကိုယ်ချစ်တယ်ဆိုတဲ့ စကားကကော စစ်မှန်တယ်လို့ ညီမတို့ ယူဆမိတယ်လား။ တွေးကြည့်ပါ
သူများလက်ထဲက
လုယူမိခဲ့တာလေ။
ကိုယ်လက်ထဲကလဲ ပြန်လုသူပေါ်လာမှာပဲ။ ခြံခုန်တတ်တဲ့ ယောကျာင်္းက နောက်တကြိမ်ဆိုတာလဲ
ရှိလာမှာပဲ။ မိသားစု
ဘ၀လေးတစ်ခုကို
အခြေတကျတည်ဆောက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ တည်ဆောက်ထားတဲ့ မိသားစု အသိုက်မြုံလေးကို
မဖျက်စီးမိ
ပါစေနဲ့
ကွယ်။ မိန်းမသားတွေ မှာ အပေါင်းဖော်ဆိုတာ အလွန်ကို အရေးကြီးပါတယ်။
စာအုပ်လေးတစ်အုပ်မှာ ဖတ်မှတ်ဖူးပါသည်။
အပေါင်းအဖေါ်
ဆိုတာ အပေါင်းတော်လို့ အဖေါ်ဧ။် ချီးမြှင့်ခြင်းကို
ခံရခြင်းဖြစ်ပေသည်။အဖေါ်ကောင်းလို့ အပေါင်းဖြစ်လာသူများမှာ ချမ်းသာသုခကို ရကြသည်။
အပေါင်းမတော်လို့ အဖေါ်ဧ။် ညှင်းဆဲခြင်းကို ခံရတတ်သည်။ အဖေါ်မကောင်းလို့
အပေါင်းဖြစ်သောသူမှာ ပျက်စီးခြင်း သို့ရောက်ရပေသည် ဆိုသလိုပါဘဲ
ထိုယောကျာင်္းများသည် အပေါင်းမတော်သူများပင်ဖြစ်ပါသည်။
အပျို
တစ်ယောက်ဧ။် ကိုယ်ကျင့်တရား တွေဖြစ်တဲ့ အရှက်ကြောက်ရှိခြင်း ၊ က္ကုနြေ္ဒ ၆ပါးကို
ရိုသေစောင်ရှောက်ခြင်း ၊မိဘမောင်ဘွားကို အထူးရိုသေလေးစားခြင်း ၊ မိခင်အလုပ်ဟူသမျှ
တတ်ကျွမ်းနားလည်စွာ ကူညီလုပ်ကိုင်ခြင်း ၊ အတတ်ပညာ သင်ကြားခြင်းတို့ တွင်
ပျင်းရိခြင်း မရှိခြင်း ၊ ဆွေးမျိုးမိတ်သင်္ဂဟတို့ ကို နားလည်စောက်ရှောက်ခြင်း နှင့်
ရတနာ သုံးပါးအတွက် နေ့ည မပြတ် ဆောင်ရွက် အားထုတ်ခြင်း ဆိုတဲ့ အချက်တွေ ကို
မိမိတို့ နှလုံးအိမ်တွင် သံမှိုရိုက်သလို စွဲမြဲစွာ မှတ်သားလိုက်နာ
ဆောင်ရွက်သင့်ပါပေသည်။
အလကား၇တယ်ဆိုပြီး
အဖိုးမတန် အကျိုးမမှန်တာတွေကို အသုံးပြုနေကြတဲ့ သူအားလုံး မိမိတို့ ဘ၀အတွက်
စစ်မှန်တဲ့ အကျိုးတရား
တွေ
အတွက် အသုံးချတတ်ကြပါစေ။ အိမ်ထောင်သည်တွေအနေနဲ့ မိန်းကလေးတိုင်းအပေါ် နှမ
မရှိခဲ့ရင်တောင် မိခင်တစ်ယောက်တော့
ရှိဘူးကြမှာပါ။
ကိုယ်ချင်းစာနာစိတ်နဲ့ ဆက်ဆံ ပြောဆိုပေးကြပါ။ အပျိုစင်မိန်းကလေးတွေအနေနဲ့ လဲ
မိမိတို့ အပျိုဘလေးတွေကို တန်ဖိုး
ထားကြပါ။ခိုင်လေး
ဆောင်းပါးလေးကို မေတ္တာစေတနာ အပြည့်နဲ့ ရေးသားဖော်ပြအပ်ပါသည်။ ဆောင်းပါးလေးကို
ဖတ်ရှုပြီး အလိမ္မာ
တိုးပြီး
အကျိုးများကြပါစေလို့ စစ်မှန်သော ဆုတောင်းလေးဖြင့် အဆုံးသတ်လိုက်ပါရစေရှင်။
ခိုင်လေး
(ရွှေတောင်)
No comments:
Post a Comment