၂၃
။ ချစ်လို့တောင်းပန်ချင်ပါတယ် မြန်မာမိန်းကလေးတို့ရေ
ခိုင်လေး ( ရွှေတောင်
)
မြန်မာဆိုတဲ့ အသံကိုကြားလိုက်တာနဲ့
ယဉ်ကျေးသိမ်မွေ့တဲ့ အမူအကျင့်တွေကို တခါတည်းပြေးမြင်မိကြပါသည်။ ညက
ကြည့်မိတဲ့ရုပ်ရှင်ဇာတ်လမ်းလေး က ဒီဆောင်းပါးလေးကို ရေးဖို့ စိတ်ကူး
ရလိုက်ပါသည်။ မကြည့်မိရင်
အကောင်းသားဆိုတဲ့ အတွေးလေးတစ်ခု ၀င်လာမိသလို ၊ အို ကြည့်မိတော့
သတိပေးစရာလေးတစ်ခုကို ငါမြင်လိုက်ရပါလားလို့လည်း တစ်ပြိုင်တည်း
တွေးမိလိုက်ရပြန်ပါသည်။
ကျွန်မနားလည်သိရှိထားတဲ့
အနုပညာရှင်ဆိုသည်မှာ သိပ်ကိုခမ်းနားကြီးကျယ်အရေးပါလှပါပေသည်။ ပြည်သူတွေရဲ့ ချစ်ခင်မှတွေကို
အပြည့်ဝပိုင်ဆိုင်ရသူတွေ ဖြစ်သလို ၊ ပြည်သူလူထုတွေရဲ့ အတုယူရသူ
စံပြလူသားတွေပါ ။ ဒီလို လူသားတွေဟာ နိုင်ငံတစ်နိုင်ငံ ယဉ်ကျေးမှုတစ်ခုအတွက်
သိပ်ကိုအရေးပါ ထိရောက်စေသူတွေဖြစ်ပါသည် ။ သူတို့တွေရဲ့ လှုပ်ရှားမှုတိုင်းသည်
ပြည်သူတွေဆီ သိပ်ကို လျှင်မြန်စွာ ကူးစက်စေဖို့ အတွက် အထိရောက်ဆုံး
စံပြလူသားတွေပါ။ အနုပညာဆိုတဲ့နေရာမှာ ရုပ်ရှင် ၊ ဂီတ ၊ သဘင်၊ စာပေ
အားလုံးအကျုံးဝင်ပါသည် ။ ညက ကျွန်မကြည့်မိတဲ့ ရုပ်ရှင်ကားလေးထဲက
မော်ဒယ်မင်းသမီးလေးတစ်လက်ပါ ။ ကျွန်မ ရေးသားခြင်းသည်သင်ခန်းစာ ယူတတ်စေ
လိုသော စေတနာကိုသာအရင်းခံပြီး သူတစ်ပါးကိုထိခိုက်စေချင်တဲ့ စိတ်မရှိတဲ့အတွက်
နာမည်တွေကို ထည့်မပြောလိုတော့ပါ ။ ဇာတ်ကွက်လေးက လှပါတယ်။
ရည်ရွယ်ချက်လေးလည်း ကောင်းလှပါသည်။
ပြောစရာဆိုလို့ ခုန မော်ဒယ်မင်းသမီး အသစ်လေးရဲ့ သရုပ်ဆောင်မှု အားနည်းမှုနဲ့
ဝတ်စားဆင်ယင်မှုပါပဲ ။ သရုတ်ဆောင်မှုအားနည်းခြင်းကိစ္စက ကျွန်မနဲ့
သိပ်မဆိုင်ပါဘူး ။ ဆိုင်နေတာက သူမလေးရဲ့ ၀တ်စားဆင်ယင်မှုလေးတွေပါပဲ ။
ဇာတ်အိမ်တည်ဆောက်ထားတာက လူလတ်တန်းစားပါ။ လူလတ်တန်းစားနဲ့မလိုက်ဖက်အောင်
ဝတ်စားဆင်ယင်ထားသော သူမရဲ့ ဆင်ယင်ပြင်ဆင်ပုံတွေဟာ အတော်လေးကို ကြည့်ရဆိုးစေပါတယ် ။
လှပချစ်စဖွယ် သူမမျက်နှာပေါ်က အလှတွေကိုပါ မှေးမှိန်သွားစေတဲ့အထိ
သူမ၀တ်စားဆင်ယင်ပုံတွေက ဆိုးရွားလှပါသည် ။ အဆိုးဆုံးကတော့ ဘုရားမှာ ရှိနေတဲ့
အမေနောက်ကို လိုက်ပြီး အကိုသေတာကို လိုက်ပြောတဲ့ အခန်းမှာ သူမ ၀တ်ထားတာက ဖိစကပ်ပါ
။ ဖိစကပ်ကို တောက်လျှောက်ခွဲထားပြီး အတိအကျပ်ချုပ်ထားတာမို့ ပြေးလိုက်တဲ့အခါမှာ
အကြည့်ရဆိုးအောင်ကို အခွဲကြောင်းက အတွင်းသားတွေကို ပေါ်လွင်စေခဲ့ပါသည် ။
ဒီအကြောင်းလေးကိုဘဲ အဓိကပြောချင်မိတာပါ။ ကျွန်မ ဖြစ်စေချင်မိတာက မ၀တ်နဲ့
မဆိုလိုပါဘူး ။ ၀တ်ပါ ခေတ်မှီမှီလေး ၀တ်တာကို အပြစ်မဆိုချင်ပါဘူး ။
မြန်မာဆန်ရမယ်ဆိုပြီး ခါးတိုရင်ဖုံးတွေဘဲ ၀တ်နေရမယ်လို့ မဆိုလိုပါဘူး ။ ဒါပေမယ့်
မဖော်အပ်တာကို မပေါ်အောင်တော့ ၀တ်စားစေချင်ပါသည် ။ ဖိစကပ်ဝတ်မယ် ။ အနည်းဆုံး
ပေါင်တစ်ဝက်ကျော်လောက်ထိတော့ ဖိချုပ်ထားသင့်ပါတယ် ။ တောက်လျှောက်ခွဲထားတဲ့အခါ
လမ်းလျှောက်တဲ့အခါတိုင်း မမြင်အပ်တဲ့ ပေါင်းရင်းသားလေးတွေအထိ အကုန်မြင်နေပါသည်
။
အနုပညာသည်ဆိုတာ ပြည်သူတွေ အတွက်
စံပြလူသားတွေဆိုတာလေးကို မမေ့မလျော့ပဲ သတိလေးတာ မူပေးကြခြင်းအားဖြင့် ကျွန်မတို့
ကိုယ့်တာဝန်လေးတွေကို ကျေပွန်အောင် ထမ်းရွက်စေချင်ပါသည် ။
တစ်ပြိုင်တည်းမှာဘဲ အိပ်ခံနီးမှာ
ဖတ်မိလိုက်တဲ့ စာအုပ်လေးကတော့ ဆရာမ နုနုရည် ( အင်းဝ ) ရေးသားတဲ့ မြစိမ်းပြာ
ကမာရွတ် ဆိုတဲ့ စာအုပ်လေးပါပဲ။ အို ကောင်းလိုက်တာရှင် ။ ကျွန်မနေ့စဉ် မနက်တိုင်း
အစောထရပါသည် ။ ဘုရားဆွမ်းတော်ကပ်ဖို့ အမျိုးသားအလုပ်မသွားခင်စားဖို့ မနက်ခင်းစာ ၊
နေ့လည် ထမင်းဘူး ၊ညနေ ထမင်းဘူး တွေအတွက် ထချက်ရတာမို့ မနက်အစောထမှ မှီပါသည်။
တခါတရံ ကျွန်မမထချင်ပါဘူး။ နေ့စဉ်လုပ်နေရတာကိုလည်း ငြီးငွေ့လာပါသည် ။
ဆရာမရေးသားတဲ့ မြစိမ်းပြာ ကမာရွတ် ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြီးချိန်မှာတော့
မနက်အစောထရတာကို ကျွန်မပျော်လာမိပါသည် ။ ဆရာစာအုပ်ထဲက အိမ်ထောင်ရှင်မတွေရဲ့
မနက်ခင်းလှုပ်ရှားမှုတွေကိုဖတ်ပြီး ကျွန်မတကယ်ပျော်လာမိခြင်းပါ ။ အနုပညာဆိုတာ
ဒါပါပဲ ။ လူတွေရဲ့ စိတ်ကို အတော်လေး ဖမ်းစားနိုင်ပါသည် ။ နှစ်ပတ်လည်အောင်
လုပ်ဆောင်နေရတာကို ပျင်းရိဖွယ်အဖြစ်ထင်မှတ်လာတဲ့ အရာက ဆရာမရဲ့ စာအုပ်လေးကို
နာရီးပိုင်းလောက်လေး ဖတ်အပြီးမှာ ပျော်ရွင်စရာ လုပ်ဆောင်ချက်အဖြစ် ပြောင်းလဲ
ခံစားမိလိုက်ပါသည် ။ ဒါဟာ ဆရာမရဲ့ အရေးသားကောင်းမှုတွေအပြင် ၊ ဆရာမရဲ့
စာဖတ်ပရိတ်သတ်အပေါ်ထားတဲ့ သူမရဲ့ စေတနာ မှန်ကုန်တာမို့ ပါ ။ ကျွန်မ တို့
အနာဂတ်လူငယ်မျိုးစက်သစ်တွေလည်း စာရေးတော့မယ်ဆိုရင် ဘဲ ဖြစ်ဖြစ် ၊
သရုတ်ဆောင်တဲ့ နေရာမှာဘဲ ဖြစ်ဖြစ် ဒါမျိုးစိတ်စေတနာမျိုးလေးတွေကို
ထည့်သွင်းထားမယ်ဆို သိပ်ကို ကောင်းမှာဘဲလို့ အတွေးလေးတွေကတဆင့် ဒါမျိုးစေတနာတွေ
များများပေးပေါက်လာပါစေလို့လည်း ဆုတောင်းမိပါသည် ။ ဖန်တီးမှုအနုပညာတစ်ခုသည်
ကြည့်ကောင်း ၊ ဖတ်ကောင်းယုံမကဘဲ လူသားအားလုံးကို အကျိုးပြုစေမယ်ဆို ပိုလှပတဲ့
အနုပညာတစ်ခုအဖြစ် သိက္ခရှိရှိ မြတ်နိုးစရာကောင်းနေမှာပါ ။ အတုယူမှန်ကုန်စေတဲ့
အနုပညာဖန်တီးမှုတွေကို များများဖန်တီးနိုင်ဖို့ အနုပညာသည်တိုင်းမှာ
အထူးတာဝန်ရှိပါသည် ။ ဒါတွေ ပြောနေလို့ ရှင်ကကော ဘယ်လောက်တော်နေလဲ မေးစရာရှိပါသည် ။
ဖြေဖို့ အဆင်သင့်ရှိနေပါသည် ။ အတုယူမှားစေမယ့် ဘလော့လေးတွေကို ကျွန်မ ရေးခဲ့
တင်ခဲ့ဘူးပါသည် ။ ခုလို အနည်းငယ်ရင့်ကျက်လာချိန်မှာ ကိုယ်တင်မိခဲ့တဲ့
အတုယူမှားစေတဲ့ ဘလော့လေးတွေကို ပြန်ဖတ်မိပြီး သိပ်ကိုနောင်တရမိပါသည် ။
နောက်ပိုင်းမှာ စာတစ်ပုဒ်ရေးတော့မယ်လို့ တွေးတိုင်း သေသေချာချာ ပြင်ဆင်မိပါသည် ။
ရေးချင်တဲ့စာရဲ့ ရည်ရွယ်ချက်ကဘာလဲ။ စာဖတ်လိုက်ရသူက ငါ့စာကိုဖတ်ပြီး
ဘာအကျိုးရသွားမလဲဆိုတာကို အတတ်နိုင်ဆုံးတွေးတော ဆင်ခြင်ပြီးမှ စာတွေကို
ရေးမိပါတော့သည် ။
ကျွန်မတို့ယဉ်ကျေးမှုနဲ့ ဖီလာဖြစ်တဲ့
အ၀တ်အစားတွေကို ဆန့်ကျင်ပါရစေ ။ ကလက်တက်တက် အ၀တ်အစားတွေကို အခါမလပ်ဝတ်ဆင်နေသူတွေဟာ
တဖြေးဖြေး အပေါစားဆန်လာတယ်ဆိုတာကို သတိမူစေချင်မိပါသည် ။ သူနေရာ သူ့ဒေသနဲ့
လိုက်လျောညီထွေတဲ့ အ၀တ်အစားလေးတွေကို သိက္ခာရှိရှိ ၀တ်ဆင်တတ်စေဖို့
မိဘအုပ်ထိန်းသူတွေကလည်း အထူးကြပ်မတ်ဖို့ လိုအပ်နေပါပြီ ။ အထူးသဖြင့် ဘုရားသွား
ကျောင်းတက် ၊ ရဟန်းသံယာတော်များကို ဖူးတွေ့ရမယ့် အချိန်မျိုးတွေမှာတော့
လုံလုံခြုံခြုံ က္ကုနြေ္ဒရရ ၀တ်စားဆင်ယင်သင့်ပါသည် ။ ဘုရားပေါ်တက်တဲ့
အချိန်လေးမှာတော့ သိက္ခာရှိရှိလေး ၀တ်ဆင်မယ်ဆို သိပ်ကိုမင်္ဂလာရှိနေမှာပါ ။
ဘုရားပေါ်လည်း ဘောင်းဘီ အတို အရှည်တွေ ၊ စကပ်အတိုတွေ ဂါဝန်အတိုတွေ နဲ့ မြင်ရတာ
သိပ်ကို အကြည့်ရဆိုးစေပါသည် ။ နေရာဒေသကို လိုက်ပြီး ၀တ်တတ် ၊ နေတတ်ဖို့က
လူတစ်ယောက်မှာ သိပ်အရေးကြီးစေပါသည် ။
အ၀တ်အစား ၀တ်ဆင်တယ်ဆိုတာ ယဉ်ကျေးမှု
အဆင့်တန်းမြင့်လာတယ်ဆိုတဲ့သဘောဖြစ်ပါသည် ။ အ၀တ် ၀တ်ရတဲ့ ရည်ရွယ်ချက်က
ရာသီဥတုဒဏ်ကို ခံနိုင်ဖို့ ဖြစ်ပါသည် ။ နောက်ပိုင်းမှာ ပိုပြီး ယဉ်ကျေးမှု
မြင့်လာတဲ့အခါမှာ လှပအောင် တီထွင်ဝတ်ဆင်တတ်ကြပါသည် ။ လို့ ဆရာမကြီး ဒေါက်တာ
မတင်ဝင်း ရေးသားတဲ့ စာအုပ်လေးထဲမှာ ဖတ်ခဲ့ဖူးပါသည် ။ ပြောနေကြစကားလေးကိုဘဲ
ထပ်ပြောပါရစေ ။ မြန်မာ မိန်းကလေးတွေကို သိပ်ချစ်လို့ ပြောမိပါသည် ။ ညဏ်ရည် ညဏ်သွေး
ထက်မြက်မှုတွေ ၊ သိက္ခာရှိ တဲ့ အောင်မြင်မှုတွေ ၊ ကြီးကျယ်မြင့်မြတ်တဲ့
တန်ဖိုးလေးတွေနဲ့ အရောင်တက် ထွန်းတောက်နေတဲ့ အနာဂယ်ကြယ်ပွင့်မြန်မာမိန်းကလေးတွေ
အများပြားပေါ်ပေါက်လာကြပါစေသတည်း …….။
No comments:
Post a Comment