၄၀ ။ အမြစ်မတွယ်ခင်
နုတ်ပစ်နိုင်ကြပါစေ(ဆောင်းပါး)
ခိုင်လေး
(ရွှေတောင်)

ဝင်လိုက်
ထွက်လိုက်နဲ့ မြင်တွေ့နေရတဲ့ ကျုပ်မျက်စိတွေ ရှက်လာပြီ ။ လူတွေလူတွေ
ခက်လိုက်ပါဘိနော် ။ ရှက်ရကြောက်ရမှန်းကို မသိ ၊ မမြင်သင့် မသိသင့်တာကို
ဖုန်းကွယ်ရမယ်ဆိုတဲ့ အသိတွေ ဘယ်ဆီကိုများရောက်ကုန်ပြီလဲ ။ ဆေးခန်းတိုကင်ပေးသလို ၊
လက်မှတ်တန်းစီသလိုတောင် ပျော်ပျော်ကြီး တန်းစီစောင့်နေလိုက်ပါသေး ။ အော်
ခက်လိုက်ပါဘိနော် ။ အလုပ်ပိတ်ရက်တွေကို ကျုပ်စိတ်ထဲ မုန်းလာမိတယ် ။ မမြင်ချင်တဲ့
မြင်ကွင်းတွေကို မရိုးနိုင်အောင်ထပ်ကာထပ်ကာ မြင်တွေ့နေရလို့ ။ သူတို့က
မရှက်ကြပေမယ့် မဆီမဆိုင် သက်မဲ့ ကျုပ်ကတော့ မြင်ရတာတွေကို ရှက်လာမိတယ် ။ ကဲ
ကျုပ်နာမည်လေး မိတ်ဆက်ပေးပါရစေအုံး ။ ကျုပ်ကတော့ လူတွေ အိပ်စက်အနားယူဖို့
လုံးခြုံမှုပေးနေတဲ့ အိပ်ခန်းလေးပါပဲ ။ ကျုပ်ရောက်နေတဲ့ နေရာလေးကတော့
မလေးရှားနိုင်ငံရဲ့ အလုပ်သမားတွေ စုနေဖို့ ငှားပေးထားတဲ့ တိုက်တစ်တိုက်ရဲ့
အခန်းလေးတစ်ခန်းက ကျုပ်ပေါ့ ။
အလုပ်ပိတ်ပြီဆိုတာနဲ့
လာလိုက်ကြတဲ့ လူတွေ ။ ကျုပ်ဆီကို ၀င်လိုက် ထွက်သွားလိုက်နဲ့
ကျုပ်စိတ်အရှုတ်ဆုံးနေ့ရက်တွေပေါ့ ။ သူတို့တွေ မရှက်ကြတော့ဘူးလားလို့
ကျုပ်တွေးမိတယ် ။ တစ်ခြားလူမျိုးတွေကို ကျုပ်မသိဘူး ။ ကျုပ်ကြားဖူးတဲ့
မြန်မာလူမျိုး ၊ မြန်မာယဉ်ကျေးမှုဆိုတာတွေနဲ့ ဒီလူတွေ ပြုမူနေထိုင်ပုံတွေကတော့
တခြားဆီပါပဲ ။ ကျုပ်ဆီအများဆုံးလာနေကြတဲ့ လူတွေအကြောင်း ဖောက်သည်ချမယ်နော် ။
များသောအားဖြင့် ကျုပ်ဆီလာတတ်တဲ့သူတွေက အသက်ကြီးကြီး မိန်းမတွေဘဲဗျို့ ။ သူတို့ပြောတာကတော့
အပျိုကြီးတွေတဲ့လေ ။ ဘာနဲ့ ပျို လည်းတော့ သူတို့ကို သူတို့ ပိုသိမှာပေါ့ ။
မိန်းကလေးတွေက အသက် ၄၀ ကျော် ၊ အမျိုးသားတွေက ရှိလှ ၂၅ ၊ ၃၀ ။ သူတို့တွေ
ချစ်ကြိုက်ကြတယ် ။ ကျုပ်တွေ့သလောက်တော့လေ ယောကျာင်္းတွေက အဲဒီမိန်းကလေးတွေဆီ
သွားတယ်ဆိုတာ ရှားမှရှားပဲ ။ ပိုးပန်းနေချိန်တာ ဟန်ပြသွားမယ် ။ သဘောကြလို့
ချစ်ကြိုက်သွားပြီဆိုတာနဲ့ အဲဒီမိန်းကလေးတွေကသာ တောက်လျှောက်
ယောကျာင်္းလေးတွေဆီလာကြတော့တာဘဲဗျို့ ။ လာပြီးဆိုရင်လည်း
ချက်ပြုတ်ကြော်လှော်ထားတာတွေကို မမောနိုင် မပန်းနိုင်သယ်လာကြရသေးတယ် ။
အရက်ဝိုင်းအတွက် အမြည်းကအစ လုပ်ပေးရတယ် ။ သူတို့ကိုကြည့်ပြီးမောလိုက်တာ။ ဒီမှာ
ကျုပ်နဲ့ ပတ်သတ်လာပြန်တာက သူတို့ ဆက်နွယ်ပတ်သတ်ဖို့ ကျုပ်ကိုအသုံးပြုတာဘဲ ။
အိမ်တအိမ်မှာ ပါလှ အခန်း ၃ ခန်းပေါ့ ။ နေတဲ့သူက ၁၀ယောက်လောက် ။ ပိတ်ရက်ဆို သူတို့ချစ်သူတွေက ရောက်လာကြတော့ ကျုပ်တို့တွေ မအားကြရတော့ဘူးလေ ။
တစ်တွဲကိစ္စပြီးတစ်တွဲထွက် ။ ဟေ့ ၁၅မိနစ်ဘဲနော်။ ပြည့်တာနဲ့ တန်းထွက်ဆိုတဲ့
မကြားဝံ့တဲ့ ပြောဆိုသံတွေက ပါသေးတယ် ။
သိတာသိစေ
မမြင်စေနဲ့ဆိုတဲ့ စကားပုံတွေ စာအုပ်ထဲ မှိုတက်ကုန်ပြီထင်ပါ့ ။ ဒါမျိုးကိစ္စဆိုတာ
သိပေမယ့် မြင်နေကြားနေဖို့မှ မလိုအပ်တာ ။ ခုတော့ ပွဲတော်ကြီးတစ်ခုလို ဖြစ်နေတာကို
သူတို့မရှက်ကြတော့ဘူးလား ။ သက်မဲ့ပစ္စည်းဖြစ်တဲ့ ကျုပ်တောင်ရှက်မိတယ် ။
ဒီလိုကိစ္စမျိုးဆိုတာ အချိန်တန် အိမ်ထောင်ကြတယ် ဒါမျိုးနဲပတ်သတ်တာဆို
လက်ခံနားလည်လို့ရတယ် ။ ကိုယ်ယောကျာင်္းနဲ့ ကိုယ်နေထိုင်တယ် ။
အိမ်ထောင်ပြုလိုက်တာကို ။ ခုတော့ ချစ်သူဘ၀ဘဲရှိသေးတယ် ။ တူတူနေတယ် ။
ကဲခုခေတ်နေနေကြတာဘဲ လို့ပြောလို့ရတယ် ။ ဟုတ်ပြီနေတယ် ။ ဒီလိုနေဖို့ အတွက်
မိန်းကလေးတစ်ယောက်က ယောကျာင်္းတစ်ယောက်ဆီကို လာစရာလား။ မလာချင်ဘူးထား
တည်းခိုခန်းတွေ ဟိုတည်တွေ မှာတွေ့မယ်ဆိုတော့လည်း အဲဒီယောကျာင်္းတွေ
ငွေကုန်မခံနိုင်ဘူးလေ။ တစ်လတစ်လ သူတို့ အရက်ဖိုးနဲ့သူတို့ အံကိုက်ြဖစ်နေကြတာကို
မြင်နေသိနေရက်နဲ့များ အသိမှောင်မှောက်ပြီး မိုက်ဇာတ်ခင်းနေကြတယ် ။ ခုတော့
အခန်းလေးတစ်ခန်းကို ဟိုလူဝင်လိုက် ၊ နောက်လူဝင်ဖို့ကို
လက်မှတ်တန်းစီသလိုစောင့်နေရတယ် ။ အခန်းထဲက ထွက်လာတဲ့ ခင်ဗျားလေးတို့ မရှက်ကြဘူးလား
။ ဒါဟာရှက်စရာရယ်လို့ကော မတွေးတတ်ကြတော့ဘူးလား ။ သိတာသိစေ မမြင်စေနဲ့ဆိုတဲ့
ရှေးစကားပုံတွေ စာအုပ်ထဲမှာ မှိုတတ်ကုန်ပြီလား မြန်မာအမျိုးသမီးတို့ရေ
။ခေတ်မှီတယ်ဆိုတာ ကောင်းပေမယ့် ခေတ်ပျက်သူတွေ မဖြစ်ကြစေဖို့ ဆင်ခြင်ကြပါ ။
ပုံပြင်လေးတပုဒ်ကို ပြောပြချင်သေးတယ် ။
ဟိုးရှေးရှေားတုန်းကပေါ့
ရွာလေးတစ်ရွာမှာ ပညာရှိကြီးတစ်ယောက်ရှိသတဲ့ ။ အဲဒီပညာရှိကြီးမှာ
တပည့်လေးတစ်ယောက်လည်းရှိပြန်တယ် ။ တပည့်လေးက ဆရာဘယ်လောက် ဆုံးမသွန်သင်သင်
ပြောမရအောင်ဖြစ်လာတယ်တဲ့ ။ ဒီမှာ ဆရာကြီးက သူ့တပည့်လေးကို ခေါ်ပြီးတောထဲကို
ထွက်လာတယ်တဲ့လေ ။ တစ်နေရာကိုရောက်တော့သစ်ပင်သေးသေးလေး မြက်ပင်လေးကို
ဆွဲနုတ်ခိုင်းသတဲ့ ။ ဒီတော့ တပည့်ဖြစ်သူက အလွယ်တကူဘဲ နုပစ်လိုက်သတဲ့ ။
နောက်တစ်နေရာကို ရောက်တော့ ခုနက ထက်နည်းနည်းပိုကြီးတဲ့ အပင်ကို နုတ်ခိုင်းပြန်တယ်။
တပည့်ဖြစ်သူကလည်း ခုနကလောက် လွယ်၂ကူ၂ မနုတ်နိုင်ပေမယ့် နည်း၂လေး အားစိုက်နုတ်လိုက်တော့
နုတ်ရသွားပြန်တယ် ။ နောက်တစ်နေရာကို ထပ်ရောက်လာတော့ အပင်ခပ်ကြီးကြီးတစ်ခုကို
ထပ်နုတ်ခိုင်းပြန်တယ် ။ တပည့်လုပ်သူက ဒီတခါမှာတော့ ဘယ်လောက်ဘဲ အားစိုက်စေကာမူ
အပင်ကကြီးနေတာမို့ နုတ်လို့မရတော့ပါဘူး ။ ဒီတော့မှ ဆရာကြီးက လက်တွေ့ဖြစ်ရပ်ကို
အကျိုးကြောင်းပြကာ တပည့်ဖြစ်သူကို ဆုံးမခဲ့တယ် ။ ချစ်သားတပည့် ဒီအပင်တွေလိုပဲ
တပည့်မှာရှိနေတဲ့ မှားယွင်းတဲ့လုပ်ဆောင်ချက် တွေကို သစ်ပင်တွေလို အမြစမ်တွယ်ခင်
မကြီးထွားခင်မှာ နုတ်ပစ်နိုင်အောင်ကြိုးစားရမယ် ။ အမြစ်တွယ်မှ နုတ်ဖို့ ကြိုးစားမယ်ဆိုရင် အင်မတန်ကို
ခက်ခဲပင်ပမ်းပါလိမ့်မယ်လို့ ဆုံးမတော်မူခဲ့သတဲ့လေ။
ပုံပြင်လေးကတော့
ဒါပါဘဲ ။ ဒီပုံပြင်လေးထဲကလို ကျုပ်တို့ မြန်မာမိန်းကလေးတွေ ရင်ထဲမှာ ရှိနေတဲ့
ပေါ့ပျက်သေးသိမ်တဲ့ အတွေးခေါ် အနေထိုင်တွေကို အမြစ်မတွယ်ခင်မှာ
အပြီးတိုင်နုတ်ပစ်နိုင်အောင်ကြိုးစားစေလိုပါတယ် ။မြန်မာအမျိုးသားတွေအနေဖြစ်လည်း
နှမချင်းစာနာစိတ်လေးတွေကို မွေးမြူပေးကြစေလိုပါတယ် ။ ရေမြေခြားမှာ ရောက်နေတဲ့
ကိုယ်လူမျိုးချင်းချင်း ကာကွယ်စောင့်ရှောက်သင့်ပါတယ် ။ မိမိတို့
အမှန်တစ်ကယ်မြတ်နိုးတယ်ဆို တန်ဖိုးထားပေးကြပါ ။ မြတ်နိုးစွာ အမှန်တကယ်လက်ထပ်ယူပါ ။
ချစ်သူဘ၀ တူတူနေတယ်ဆို ခုခေတ်မှာ အရမ်းခေတ်စားလာပေမယ့် အတုယူလိုက်လုပ်ရမယ့်
အရာမဟုတ်ပါဘူး။ ဒါပေမယ့် ပြောလည်း နေနေကြတာပဲ ဆိုပေမယ့် နှမချင်းစာနာစိတ်လေးတွေနဲ့
တန်ဖိုးထားပေးကြပါလို့ တောင်းပန်ချင်ပါတယ် ။ လူမိုက်တစ်ယောက်က ပြောဖူးတယ် ။ မိန်းကလေးတွေကို တန်ဖိုးမထားတာ မဟုတ်ပါဘူးတဲ့ ။ တန်ဖိုးမဲ့နေသူကိုတာ
တန်ဖိုးမထားတာပါတဲ့လေ။ တန်ဖိုးရှိစွာနေထိုင်နေတဲ့ မိန်းကလေးတွေကို
စော်ကားဖို့မပြောနဲ့ စေ့စေ့ကြည့်ဖို့တောင်မ၀ံ့ဘူးဆိုပဲ ။ လူဆိုတာ ကိုယ်ကိုကိုယ်
တန်ဖိုးထားမှ တပါးသူကလည်းတန်ဖိုးထားတတ်ကြပါတယ် ။ စာလေးတစ်ခုဖတ်ဖူးသေးတယ် ။
မိန်းကလေးတွေ မပျက်စီးသင့်ဘဲ ပျက်စီးခဲ့ရတဲ့ အကြောင်းချက်လေးတွေပါ ။ ပြန်လည်
မျှဝေလိုက်ပါရစေနော်။ သဘောကျလို့ပါ ။
မိန်းမမြတ်
ဘ၀ကိုမရဘဲ မိန်းမပျက်ဘ၀ကိုရောက်သွားတဲ့အကြောင်းရင် ( ၁၃ ) ချက် *********
မိန်းကလေးအများစုဟာ မပျက်စီးသင့်ဘဲ ပတ်ဝန်းကျင်နဲ့
မိမိခင်ပွန်းလင်ယောက်ျားများကြောင့်လည်း မိန်းမပျက်ဘ၀ကိုကျရောက်သွား တတ်ကြပါတယ်။
ဒီလိုဖြစ်ရတဲ့အကြောင်းရင်းများကတော့
၁*******ယောကျာ်းတစ်ယောက်နဲ့ပျော်ပါးပေါင်းဖော်နေရတယ်လို့အိပ်မက်အတန်တန်မတ်ခြင်း
။
၂*******
ခင်ပွန်းလင်နဲ့ ကြာမြင့်စွာဝေးကွာကွေးကွင်းနေရခြင်း ။
၃*******
လင်က အိုနေခြင်း ။
၎*******
မိန်းမတန်မဲ့ အရက်သောက်တက်ခြင်း ။
၅*******
လင်ကမယားငယ်နေခြင်း ။
၆*******
လင်က အိုရွှတ်တွနေခြင်း ။
၇*******
ပျက်နေတဲ့မိန်းမတွေနဲ့ရောနှောနေတက်ခြင်း ။
၈*******
ကောင်းတဲ့အသက်မွေးဝမ်းကျောင်း မကြာခဏပျက်စီးခြင်း ။
၉*******
အိုးအိမ်အတည်တကျမနေရခြင်း ။
၁၀******
ပွဲကြိုက်ခြင်း အပျော်ကြိုက်ခြင်း ။
၁၁*******
ကိုယ့်ကိုထိန်းနေရခြင်း ။
၁၂*******
ဖခင်ရဲ့အုပ်ထိန်းမူနဲ့ကြာမြင့်စွာနေရခြင်း ။
၁၃*******
ယောက်ျားတွေကြားထဲ ရောက်နေရခြင်း တို့ဘဲဖြစ်ပါတယ်။
ဒီအချက်တွေ
အကုန်လုံးကို မနှစ်သက်ပေမယ့် ဒီထဲက 9ချက်လောက်ကို အရမ်းသဘောကျမိလို့ပါ ။
ဒီစာလေးကို ဆိုဒ်တစ်ခုကနေဖတ်လိုက်ရတာပါ ။ ဒီအချက်တွေထဲက ၁ ၊ ၂ ၊ ၎
အချက်တွေကတော့ အရမ်းကို မှန်ကန်လွန်းပါတယ် ။ ရှင်တို့ ချစ်သူတွေကိုယ်တိုင်က
ကွယ်ရာမှာ တန်ဖိုးမဲ့စေတဲ့ အတင်းစကားတွေကို ဆိုနေတတ်ကြတယ်ဆိုတာကို
လည်းသတိထားစေချင်ပါတယ် ။ ရှင်တို့တွေ တွေးကြည့်ပါ ။ သူတို့ လိုချင်တာကို
ရဖို့အချိန်လေးခဏလေးဘဲရင်းလိုက်တာပါ ။ နောက်ပိုင်းရှင်တို့ဆီက အချိန်တွေကိုဘဲ
ဖဲ့ယူသွားကြတာ ။ သူတို့အပေါင်းသင်းဆိုတာတွေကလည်း ရှင်တို့ရှေ့မှာသာ
ဟန်ဆောင်အပြုံးနဲ့ ဖော်ရွေပြနေကြပေမယ့် ရှင်တို့တွေကို ကွယ်ရာမှာ အထင်သေး
ဟားတိုက်နေတယ်ဆိုတာကို သိစေချင်မိပါတယ် ။ စကားလေးတစ်ခုရှိတယ် ။ မှတ်ထားစေချင်တယ်
- မိန်းကလေးတစ်ယောက် အတင်းပြောလို့ ဘ၀ပျက်မသွားနိုင်ဘူးတဲ့
- ယောကျာင်္းတစ်ယောက် က မိန်းကလေးတစ်ယောက်ကို ကွယ်ရာမှာ အတင်း
- ပြောလိုက်ရင် အပြောခံရတဲ့ မိန်းကလေးဘ၀ပျက်သွားစေနိုင်တဲ့အထိကို ထိရောက်စေပါတယ်
သတိလက်လွတ်မဖြစ်ရလေအောင်
အသိတရားလေးကို အမြဲနှလုံးသွင်းမိပါစေ မြန်မာအမျိုးသမီးတို့ရေ ။ မြန်မာဆိုတာ
ကမ္ဘာအလယ်မှာ အရှက်သိက္ခာတရားတွေနဲ့ ပသတ်သတ်လာရင် စံပြုထားရတဲ့ အနေထားပါ ။ ခုတော့
ဒါတွေ အတိတ်ကာလတွေဆီမှာ ကျန်နေခဲ့ပြီလား ။ မဖြစ်သင့်ပါဘူး ။ မကျန်ခဲ့ပါစေနဲ့ ။
လှပတဲ့ အနာဂတ်တွေအထိ မြန်မာမိန်းကလေးတွေရဲ့ အရှက်သိက္ခာတရားတွေကို တန်ဖိုးရှိစွာ
ဆက်လက်ထိန်းသိမ်းပေးကြပါ ။ ခေတ်မှီခြင်းနဲ့ ခေတ်ပျက်ခြင်းကို
ခွာခြားစွားနားလည်ပေးကြပါ ။ တန်ဖိုးဆိုတဲ့ စကားလေးကို သေချာ နားလည်စွာ
သဘောပေါက်အောင် တွေးတောကာ တန်ဖိုးရှိတဲ့ မြန်မာမိန်းကလေးတွေ အဖြစ်ကမ္ဘာအလယ်မှာ
ခေါင်းမော့ ရင်ကော့နေနိုင်ကြပါစေလို့ မှန်ကန်စစ်မှန်သော စေတနာကို အရင်းခံကာ
ဆုတောင်းပေးလိုက်ပါရစေ ။
မှတ်ချက်
= လူတိုင်းကို မဆိုလိုပါ ။ ပြောနေကြအတိုင်းပြောရမယ်ဆိုရင် မလေးရှားမှာ
အဖြစ်များနေတဲ့ ကိစ္စလေးပါ ။ ကောင်းမွန်စွာနေထိုင်သူတို့ကို အရည်ရွယ်ပါ ။
No comments:
Post a Comment