၁၆ ။ လက်သည်း တုံးတိလေးတွေပိုင်ဆိုင်ထားသည့်
ကျွန်မ၏လက်တစ်စုံ တန်ဖိုး
ခိုင်လေး ( ရွှေတောင်
)

လက်သည်းရှည်လှလှလေးတွေ
မြင်တိုင်းငေးကြည့်တတ်ပေမယ့် မိမိကိုယ်တိုင် လက်သည်းရှည်မထားဖြစ်တာတော့ ကြာခဲ့လေပြီ
။ လူတိုင်းမှာ မိမိတို့နှစ်သက်မြတ်နိုးတဲ့ အစိတ်အပိုင်းလေးတွေရှိတတ်ကြပါတယ် ။ ဒီလိုပါဘဲ
ကျွန်မမှာလည်း ရှိခဲ့ဖူးတယ် ။ ကျွန်မခနကိုယ်အစိတ်ပိုင်းမှာ ကျွန်မသိပ်ကို နှစ်သက်မြတ်နိုးတဲ့
အရာ နှစ်ခုရှိ ပါတယ် ။ တစ်ခုက ကျွန်မဆံကေသာ တွေပါ ။ နောက်တစ်ခုကတော့ အမြတ်နိုးဆုံးလို့ပြောလို့ရတဲ့
ကျွန်မလက်သည်းရှည်လေးတွေပါ ။ ဘယ်လောက်ထိ မြတ်နိုးခဲ့သလဲဆိုရင် သူတို့ အတွက် တစ်ပတ်တစ်ခါ
သီးသန့်အချိန်ပေးသလို ငွေကုန်ခံခဲ့ဘူးပါဧ။် ။ တစ်ပတ်တစ်ခါ ခေါင်းလျှော် ၊ လက်သည်း ခြေသည်းတွေကို
သန့်ရှင်းရေးလုပ်ကာ ပုံဖော်ဆေးဆိုးခြင်းအမှုတို့အတွက် ကုန်ကျစရိတ်သည် သောင်းဂဏန်းရှိခဲ့ဘူးပေဧ။်
။ ခုတော့လည်း ဒါတွေဟာအတိတ်မှာေ၀၀ါးစွာ ကျန်နေခဲ့နေပြီ ။ သိပ်မြတ်နိုးခဲ့ဖူးတဲ့ လက်သည်းရှည်လေးတွေကိုတော့
သံယောဇဉ်မပျက်စွာ တမ်းတမိတတ်ပါတယ် ။ လက်သည်းရှည် လှလှလေးတွေတွေ့တိုင်းလည်း ငေးမောမိဆဲပါပဲ
။ ခုလည်း အမျိုးသားနဲ့ တူတူ ဈေးဝယ်ထွက်ရင်း ဗိုက်ဆာလို့ KFC ဆိုင်ထဲ ထိုင်ဖြစ်ချိန်
ရှေ့စားပွဲမှာထိုင်နေတဲ့ တရုတ်မလေးရဲ့ လက်သည်းရှည်လှလှလေးတွေဆီကို မျက်လုံးက ဆိုက်ဆိုက်မြိုက်မြိုက်ကြီး
ရောက်သွားခဲ့ပါတယ်။ လှလိုက်တဲ့လက်သည်းတွေ ။ ပုံဖော်ထားတာလေးကလည်း လှမှလှ ။ အမှတ်မထင်
ငုံကြည့်လိုက်မိတာက ကျွန်မလည်းသည်း တုံးတိတွေ ။ ဘယ်သူမှ မကြည့်ပါဘဲ ကျွန်မလက်တွေကို
ကွယ်ဝှက်လိုက်မိတယ် ။ သိပ်ကို ကြည့်ကောင်းခဲ့ဘူးတဲ့ ကျွန်မလက်သည်လေးတွေ နေရာမှာ တုံးတိဖြတ်တောက်ထားတဲ့
လက်သည်းတိုတို ဖြူဖြူလေးတွေက နေရာယူနေခဲ့ပါပြီ ။ တွေးရင်း ဆွေးရင်း ခေါင်းထဲကို ၀င်လာတဲ့
အသိတစ်ခုက ကျွန်မစိတ်တွေကို ချက်ချင်း လန်းဆန်းတက်ကြွသွားစေဧ။် ။ လက်သည်းရှည်လှလှလေးတွေ
မရှိတော့ပေမယ့် ကျွန်မလက်လေးတွေက လှပနေဆဲပါ ။ ဘာလို့ ကျွန်မလက်လေးတွေကို ဖွတ်ထားရမှာလည်း
။ ကျွန်မ ဂုဏ်ယူရမှာ ။ တကယ်တော့ ခုချိန်မှာ ကျွန်မလက်လေးတွေက ပိုပြီး အဓိပာယ်ရှိလာခဲ့တာပါ
။ ကျွန်မမိသားစုအတွက် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ ဖြတ်ပစ်လိုက်ရတဲ့ လက်သည်းရှည်တွေအတွက်
နှမြောဖို့မလိုအပ်ဘူးလေ။ မိသားစုကို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားသောက်တွေ ချက်ပြုတ်ကျွေးမွေးဖို့
မလိုအပ်တဲ့ ဒီလည်သည်းရှည်တွေကို နှမြောတမ်းတ နေခြင်းထက် မိသားစုအတွက် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ကို
ပိုအလေးထားခဲ့တာကို ဂုဏ်ယူမိလိုက်ပါတယ် ။ ကျွန်မတို့ မိန်းမသားတွေအတွက် ဇနီးကောင်း
မိခင်ကောင်း ဖြစ်ခွင့်ရခြင်းဟာ ကြီးမားတဲ့ ဆုလာဒ်တစ်ခုလို့ မှတ်ယူမိပါတယ်။ အောင်မြင်တဲ့
စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် နဲ့ အိမ်ရှင်မကောင်း တစ်ယောက် မိခင်ကောင်းတစ်ယောက်
ဘယ်ဟာကို ရွေးချယ်မလဲ ဆိုရင် ကျွန်မကတော့ အိမ်ရှင်မကောင်းတစ်ယောက် မိခင်ကောင်းတစ်ယောက်
ဘ၀ကိုဘဲ ကျေကျေနပ်နပ် ရွေးချယ်မိမှာ အသေချာပါဘဲ ။ ဒီအသိတွေ ခံစားနားလည်မိချိန်မှာ ကျွန်မစိတ်တွေ
အရမ်းကို အေးမြကြည်လင်သွားပါဧ။် ။
ဟိုးအတိတ်က
ဂုဏ်ယူခဲ့ဘူးတဲ့ လက်သည်းရှည်လှလှလေးတွေ နေရာမှာ အစားထိုး ၀င်ရောက်နေတဲ့ လက်သည်းတိုတို
လေးတွေကို ခံစားချက်နောက်တစ်မျိုးနဲ့ ဂုဏ်ယူ ကျေနပ်တတ်ခဲ့ပါပြီ။ လူတိုင်းမှာ မြတ်နိုးတဲ့
အရာတွေ ရှိတတ်ကြပါတယ် ။ ဒီအရာလေးတွေကို မြတ်နိုးပေမယ့် ဖြစ်သင့်တာတွေနဲ့ နှိုင်းယှဉ်တဲ့
အခါမှာ စွန့်လွတ်လိုက်ရတာတွေ လူတိုင်းခံစားဖူးကြမယ်ထင်ပါတယ် ။ ဒီလိုအချိန်မျိုးတွေမှာ
လက်ရှိ အခြေနေအပေါ် အကောင်းဘက်က တွေးတတ်မြင်တတ်ဖို့ ကအဓိက ကျပါတယ် ။
ကျွန်မရဲ့
လက်သည်းတိုတို တုံးတိလေးတွေက ဟိုးအရင်လက်သည်းလေးတွေလို မလှပေမယ့် ကျွန်မမိသားစု အတွက်
တန်ဖိုးရှိလှတဲ့ ဖန်ဆင်းရှင် လက်လေးတွေပါပဲ ။ အတိတ်နေ့ရက်တွေက ကျွန်မ ပိုင်ဆိုင်ဖူးခဲ့တဲ့
လက်သည်းရှည်တွေက ကျွန်မတစ်ယောက်ထဲ အတွက်တောင် ကောင်းကျိုးတွေ ပေးခဲ့ရဲ့လား ။ အမြင်လှတာလေးတစ်ခုတာရှိခဲ့ဘူးတယ်လို့ခံစားလာမိပါတယ်
။ ကိုယ်လက်သည်းနဲ့ ကိုယ်ထိုးမိတာ အကြိမ်ကြိမ် ။ ဒီလက်သည်းတွေ အတွက် ကုန်ခဲ့ရတဲ့ ငွေကြေးပမာဏ
။ အမြင်လှတာလေး တစ်ခုကို မြတ်နိုးခုံမင်ခဲ့ဘူး သူ ကျွန်မ ။ အိမ်ထောင်ကျတော့ အိမ်မှုကိစ္စတွေ
ချက်ပြုတ် ဆေးကြောရတာနဲ့ မညှပ်ချင်ပေမယ့် ရေနူးပြီး ကျိုးရတာနဲ့ ဘယ်လိုမှ အရှည်ထားတဲ့အဆင့်ကို
ပြန်မရောက်တော့ပါဘူး ။ ဒီနေ့ လက်သည်းလေး အလှဆင်ထား နောက်နေ့ရောက် အကုန်ပျက်ရတော့ လက်သည်းဆိုးချင်စိတ်တွေလည်း
မရှိတော့ပါဘူး ။ ဒါပေမယ့် လက်သည်းလှလှလေးတွေ တွေ့တိုင်း လွမ်းဆွတ်စွာ ငေးမောမိတတ်သလို
မိမိလက်သည်းလေးတွေကိုလည်း ရှက်ရွံ့စွာ ကွယ်ဝှက်တတ်ခဲ့ပါတယ် ။ ခုတော့ မှားယွင်းတဲ့ အတွေးမှား
အထင်မှားတွေကနေ နိုးထခဲ့လေပြီ ။ တိုတိတိ လက်သည်း ဖြူဖြူလေးတွေကို ဂုဏ်ယူစွာ တွေးတတ်
မြင်တတ်ခဲ့ပါပြီ ။ ကျွန်မတို့ အိမ်ပြန်လမ်းခရီးမှာ အကျိုးရှိလှတဲ့ ကျွန်မလက်တစ်စုံက
ခင်ပွန်းသည် လက်ကို မြဲမြဲတွဲကာ ကျွန်မတို့ မိသားစု အိမ်ဂေဟာလေးသို့ ပြန်လာခဲ့ပါတော့ဧ။်
။
No comments:
Post a Comment