၆၄ ။ ဗိုလ်ချုပ်မွေးနေ့ ဒို့မမေ့
“ဗိုလ်ချုပ်မွေးနေ့
ဒို့မမေ့”
ဗိုလ်ချုပ်အောင်ဆန်း
ဆိုသော သမိုင်းဝင် အာဇာနည် ခေါင်းဆောင် တစ်ဦးအကြောင်းကို လေးစားစွာဖြင့်
ဆောင်းပါးရေးသားခွင့်ရသဖြင့်
လှိုက်လှဲစွာ ဂုဏ်ယူဝမ်းသာမိပါသည်။ လူပင်သေသော်လည်း အမည်မသေဘဲ
မြန်မာ့သမိုင်းတစ်လျှောက်လုံးတွင်
ဥဒါန်းတွင်လျက် ရှိနေဦးမည့် သူမှာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါသည်။
အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးဗိသုကာကြီးတစ်ဦး သာမက
ပြည်ထောင်စုညီညွတ်ရေးဗိသုကာကြီးတစ်ဦးလည်း ဖြစ်သည်။အဘယ်ကြောင့်
နည်း ။ သူ့ဘ၀ဧ။် အဆစ်အပြောင်း ကို စူးစူးနစ်နစ် ရှာဖွေကြည့်ကြပါစို့။လွတ်လပ်ရေး
ဗိသုကာကြီး အမျိုးသားခေါင်းဆောင်သည် ငယ်စဉ်ကတည်းကပင် ကိုယ်ကျင့်တရား နှင့်
အမှန်တရားကို မြတ်နိုးခဲ့သူ ဖြစ်သည်။ သူတဖွဖွ ပြောခဲ့သော စကားတစ်ခွန်းမှာ
“ လူမှာ အရေးကြီးဆုံး ၊ ကိုယ်ကျင့်တရား ရယ်
အမှန်တရားကိုမြတ်နိုးမှုရယ် ဒါပဲ ဖြစ်တယ်” ။
ဗိုလ်ချုပ်အောင်ဆန်း
ငယ်စဉ်က အဖြစ်ပျက်လေးတစ်ခုကို ကြည့်ကြပါစို့။ သူမိခင် ဒေါ်စု က ဆန်စပါး
အရောင်းဝယ်လုပ်သည်။ တောလက်ကျေးရွာမှ စပါးဝယ်သူများ ရောက်လာသဖြင့်
အရောင်းဝယ်စကား
ပြောကြသည်။ သူမိခင်က ဒီစပါးဝယ်တုန်းက ခြောက်ဆယ်ဈေးရှိကြောင်း
ဖောက်သည်မပျက်ရအောင်
ယခု ငါးဆယ်ဈေးနှုန်းနဲ့ ပဲပေးလိုက်မည်ဖြစ်ကြောင်း ပြောပြသည်။ကလေးသဘာဝ အနီးနားတွင်
ဆော့ကစားနေသော ဗိုလ်ချုပ်အလောင်းအလျာ ကလေးက
“ ဟာ အမကလဲ မဟုတ်တာပြောရော့မယ် … အစ်မ က
ငါးဆယ်ဈေးနဲ့ ၀ယ်ထားတာ ကျွန်တော် သိတယ်……ဟုတ်တာ ပြောမှ ဥစ္စာပေါမယ် ၊ လိမ်ပြောတာ
မကောင်းဘူး “
ဟု ခပ်တည်တည်ကြီး ၀င်ထောက်လိုက်သည်။ အားလုံးက ၀ိုင်းရယ် ကြလေသည်။စပါးဝယ်သူများ
ပြန်သွားလျှင် မိခင်ဒေါ်စုက “ဧည့်သည်တွေ နဲ့ စကားပြောနေတုန်း လူကြီးတွေ ပြောနေတဲ့
စကားကြားမှာ မင်းက ဘာဖြစ်လို့ ၀င်ပြောနေတာလဲ ၊ နောင်ဒီလို ၀င်မပြောနဲ့လို့ “
ဆုံးမကာ ပေါင်တွင်းကြောဆွဲလိမ်လိုက်သည်ကို ပင် တစ်ချက်မငိုဘဲ “ အမက လိမ်ပြောတာကိုး”
ဟုရဲရဲကြီး ပြောချလိုက်သူ ဖြစ်ပါသည်။ ငယ်စဉ်ကတည်းကပင် ဗိုလ်ချုပ်အောင်ဆန်းသည်
လိမ်ညာပြောသည်ကို
လက်မခံဘဲ အမှန်တရားကို မြတ်နိုးသည်မှာ မွေးရာပါ ဇာတိဟု ဆိုရလောက်အောင်
ထင်ရှားလှပေသည်။
********************************************************
ဗိုလ်ချုပ်အောင်ဆန်းသည်
ပျော့ညံ့ လွန်းသည်ထင်ရလောက်အောင် လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်းအပေါ်
သည်းခံခွင့်လွတ်ပေး
ခဲ့သည်။
မညီမညွတ်ဖြစ်ခဲ့ပါက များသည့်ဘက်၊ နည်းသည့်ဘက် ၊ မှန်သည့်ဘက် ၊မှားသည့် ဘက် ဟု
သဘောမထားဘဲ ပြေလည်အောင်
ဖြေရှင်း
ရှေ့ဆောင်ခဲ့သည်။ ညီညွတ်အောင် ဆောင်ရွက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း သည်
ညီညွတ်ရေးအတွက် စိတ်ရှည်သလောက်
နယ်ချဲ့
တိုက်ပွဲတွင် ပြတ်သားခဲ့သည်။ ဗိုလ်ချုပ် ပြောဖူးတာလေးကိုလဲ အမှတ်ရမိပါသည်။
*ဗမာပြည် ညီညွတ်ဖို့လိုတယ်။ ဘယ်သူတွေ
ညီညွတ်ရမလဲ။ တစ်ခေတ် ဗာမာပြည်မှာ တက်အံ့
ဆဲဆဲ လူငယ်နိုင်ငံရေးသမားတွေ ညီညွတ်ကြမယ်ဆို၇င် ဗမာပြည်ညီညွတ်မှာဘဲ။ တစ်ယောက်နဲ့
တစ်ယောက် အကြောင်းပြချက် မလုံလောက်ဘဲ မညီညွတ်ဖြစ်ရင် အချုပ်အခြာ အာဏာပိုင် အဖြစ်
ရောက်မှာ မဟုတ်ဘူး*
ဟု
မိန့်ကြားခဲ့သည်။ ယနေ့ ခေတ်မျိုးဆက်သစ် လူငယ်တွေ အထူးမှတ်သားသင့်တဲ့ စကားလေးပါဘဲ။
******************************************
ထို့ပြင်
ဗိုလ်ချုပ်အောင်ဆန်း ဂါရ၀တရား ကြီးမားမှုကိုလည်း ပြောပြချင်ပါသည်။1942ခုနှစ်
နိုင်ငံတော်
တာဝန်များ ထမ်းဆောင်နေချိန်တွင် သထုံတွင် သခင်ကိုယ်တော်မှိုင်း လျို့ဝှက်စွာ
ပုန်းအောင်းနေကြောင်း
သိရှိလိုက်ရသည်။ သတင်းရလျှင်ရခြင်း ဗိုလ်ချုပ်အောင်ဆန်းသည် လိုက်လာပြီးနောက်
သခင်ကိုယ်တော်မှိုင်းအား တွေ့ဆုံကြရာဝယ် ဆွေးနွေးစရာကိစ္စများကို
မဆွေးနွေးသေးဘဲ
သခင်ကိုယ်တော်မှိုင်းအား ရိုသေလေးစားစွာ ရှိခိုးကန်တော့ပါသည်။ ထိုစဉ်
အင်္ဂလိပ် တိုက်လေယာဉ်များ ရောက်လာပြီး စက်သေနတ်များဖြင့် ပစ်သော်လည်း
မည်သူတစ်ဦးတစ်ယောက်မျှ
ထိခိုက်မှု မရှိဟု ဖတ်မှတ်လေ့လာရပါသည်။ ဗိုလ်ချုပ်သည်
ရိုသေထိုက်သည့် ပုဂ္ဂိုလ်ကို ဆိုလျှင်
လေးလေးစားစား ၊ ရိုရိုသေသေ နေရာပေးတတ်သော
သဘောထားကို တွေ့ရလေသည်။
*********************************************************
*ဗိုလ်ချုပ်သည်
မာန်မာနမရှိ။စိတ်ကြီးမ၀င်သောသူဖြစ်သည်။ အာဏာက သူ့ဦးနှောက်ကို
မပြောင်းလဲနိုင်ခဲ့ပေ။သူမတိုင်မှီ ၀န်ကြီးချုပ်များ အနေဖြင့် သူတို့ဧ။်
အိမ်ရှေ့တွင် အစောင့်ရှောက်များထားရှိခဲ့ကြသည်။
ပြည်သူလူထုအတွက် တံခါးများကို
ပိတ်ထားခဲ့ကြသည် သတိပြုမိခဲ့သည်မှာ ဗိုလ်ချုပ်အောင်ဆန်းဧ။် အိမ်တံခါးသည်
မည်သည့်အခါမျှ မပိတ်။အစောင့်အရှောက်ဟူသည် မရှိ ။ လူထုက သွားရောက်နိုင်ပြီး
သူကိုအချိန်မရွေး မြင်တွေ့နိုင်သည် *
ဟု
ဆောင်းပါးတစ်ခုမှာ ဖတ်ခဲ့ဘူးပါသည်။ပြည်သူနဲ့ တစ်သားတည်းကျအောင်
နေထိုင်တတ်တစ်ယောက်ဆိုလဲ မမှားပါဘူး။ဗိုလ်ချုပ်သည်
အလွန်စနစ်ကျလှပါသည်။စာအုပ်တစ်အုပ်ကို ဖတ်ပြီဆိုရင် မာတိကာကို
ကောင်းစွာမှတ်သားသည်။ဖတ်ပြီးသားအခန်းများဧ။်အချုပ်သဘောကို မှတ်စုစာအုပ်မှာ ဖြစ်စေ
၊ စာရွက်လွတ်မှာ ဖြစ်စေ မာတိကာခေါင်းစဉ်ချပြီး အတိုချူပ်မိမိဘာသာမိမိ
ရေးသားလေ့ရှိသသည် ကိုလဲ လေ့လာမှတ်ဘူးပါသည်။ဗိုလ်ချုပ်သည် ကျောင်းစာ
အပြင်စာနှစ်မျိုးစလုံးကို ကျေလည်အောင် ဖတ်နိုင်သူလည်းဖြစ်ပါသည်။ကျောင်းတွင်
သင်ကြားပို့ချသမျှကို သေချာ အာရုံစိုက်နားထောင်ကာ ကိုယ်တိုင် တစ်ကယ်တတ်မြောက်
သိနားလည်အောင် ကြိုးစာလေ့လာခဲ့သည့် အချက်တွေကလဲ ယနေ့မျက်မှောက်ခေတ် လူငယ်တွေအတုယူ
လိုက်နာကျင့်သုံးသင့်တဲ့ အလေ့ကျင့်ကောင်းလေးတွေပါ.........တတ်ချင်ယောင်မဆောင်ဘဲ
ဗိုလ်ချုပ်လို တစ်ကယ်သိ တစ်ကယ်တတ်အောင်ကြိုးစားကြစေလိုပါသည်။ ပြည်ထောင်စု
စိတ်ဓာတ်ရှိခြင်း ၊ ရှေ့ရေးကြိုတွက်တတ်မှု ၊ဝေဖန်မှုခံနိုင်စွမ်းအား
လူသားဆန်မှု
၊ နိုင်ငံနဲ့ လူမျိုးအပေါ် ယုံကြည်စိတ် ၊ အမှားဝန်ခံဖို့ ၀န်မလေးတတ်မှု ၊
နားလည်ခွင့်လွတ်တတ်မှု၊
သူတစ်ပါးအပေါ် အခွင့်ရေးမယူတတ်မှု ၊ဂါရ၀တရားကြီးမားမှု၊ မဟုတ်မခံစိတ် ၊
အမျက်ပြေစေတတ်မှု စိတ်ဓာတ် ၊ စစ်မှန်သော သူရသိတ္တိ ၊ ဆိုးတူကောင်းဘက်
နေထိုင်စေလိုမှု ဆိုတဲ့ ကောင်းမြတ်တဲ့ အကျင့်စရိုက် တွေကို ပိုင်ဆိုင်
ထားသူ
ဗိုလ်ချုပ်အောင်ဆန်းသည် မသမာသူများ လက်ချက်ကြောင့် ၁၉၄၇ ခု.ဇူလိုင် ၁၉ ရက်နေ့တွင်
ဗိုလ်ချုပ်နှင့်တကွ အာဇာနည်များ ကျဆုံးခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းသည်
မကွေးတိုင်း ၊ တောင်တွင်းကြီးခရိုင် နတ်မှောက်မြို့နေ၊ ရှေ့နေကြီး
ဦးဖာ၊
အမိဒေါ်စုတို့က ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ဖွားမြင်ခဲ့ပါသည်။
မျိုးရိုးမှာ သူကျွန်မခံ တော်လှန်ဝံ့သော အာဇာနည်ပုဂ္ဂိုလ် ဗိုလ်မင်းရောင်
သွေးဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ဧ။်ဘ၀အဆစ်အပြောင်းကို စူးစူးနစ်နစ် ရှာဖွေ
ဆန်းစစ်ကြည့်လိုက်သောအခါ ၊ ငယ်ရွယ်စဉ် ကလေးဘ၀မှ အသက် 30ကျော်ကွယ်လွန်ချိန်ထိ
အမှန်တရားကို မြန်နိုးတန်ဖိုးထားပြီး ကိုယ်ကျင့်တရားကို အမြတ်နိုးဆုံး
ထိန်းသိမ်းခဲ့ကြောင်းကို အတုယူဖွယ်သိရှိရပါသည်။ဗိုလ်ချုပ်သည် ဟန်ရေးပြခြင်းကို
စက်ဆုတ်သူဖြစ်
သည်။
ထိထိမိမိ လေ့လာမှတ်သားကာ ဇွဲရှိရှိနှင့် လုပ်သားကိုင်သားကျသော ၊ နိုင်ငံတာဝန်ကို
မမောနိုင်မပမ်းနိုင် ထမ်းဆောင်ပြီး
နိုင်ငံလွတ်လပ်ရေး
မုခ်ဦးသို့ အရောက်ပို့ဆောင်နိုင်ခဲ့သော ဗိုလ်ချုပ် အရည်ချင်းနဲ့
ကြိုးစားမှုတွေကို ယနေ့ မျက်မှောက်ခေတ်
အနာဂတ်လူငယ်တိုင်း
အားကျအတုယူဖွယ်ပင်ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လောကကြီးတွင် သက်ရှိ
ထင်ရှားမရှိတော့
ပေမယ့်မြန်မာ
နိုင်ငံသားတိုင်းရင်ထဲ တွင် ထာဝရ တန်ဖိုးထား လေးစားရမယ့် ပုဂ္ဂိုလ်ထူး
တစ်ယောက်အဖြစ် မှတ်ကျောက်တင်နေတော့မည်ဆိုတာ မလွဲဧကန် ဖြစ်ပါသည်။
အနာဂတ်မျိုးဆက်တွေအတွက် သမီး ဒေါ်အောင်ဆန်းစုကြည်ကို
လူသား
မျိုးစေ့ ချပေးနိုင်ခဲ့ ခြင်းကလည်း ဗိုလ်ချုပ်မသိတဲ့ ဗိုလ်ချုပ်ရဲ့ တာဝန်ကျေမှု
တစ်ခုလို့ ကျွန်မ မှတ်ယူလေးစာမိပါသည်။
ဗိုလ်ချုပ်
ပြောခဲ့သော ကျွန်မ အကြိုက်ဆုံး စကားလေးရှိပါသည်။ *အရဲရင့်ဆုံး ရန်သူဟာ
အကောင်းဆုံးမိတ်ဆွေပါပဲ*
ဒီစကားလေးကို
လေးနက်စွာတွေးတောကြည့်ကြပါ။ ကျွန်မတို့ နိုင်ငံရဲ့ လွတ်လပ်ရေး အလင်းရောင် ကို
မီးမောင်းထိုးပြခဲ့ပြီး
လွတ်လပ်ရေး
အလင်းတွေကို လက်ဝယ်ပိုင်ပိုင် သယ်ဆောင်ပေးခဲ့သူ လွတ်လပ်ရေး မီးအိမ်ရှင် ၊
လွတ်လပ်ရေး ဗိသုကာကြီး
ဗိုလ်ချုပ်အောင်ဆန်းကို
အစဉ်ထာဝရ ချစ်ခင်လေးစား ကြသည်မှာ အမှန်စင်စစ်ဆိုပါလျှင် ဗိုလ်ချုပ်ချမှတ်ခဲ့သော
လမ်းစဉ်များနှင့်
အတုယူလိုက်နာဖွယ်ရာများကို
လိုက်နာ ကျင့်သုံး ၊ အတူယူကာ တိုင်းရင်းသားလူမျိုးစု အားလုံး လက်တွဲ
ပူးပေါင်းကြပါ။ လူမျိုးစု
အားလုံး
လက်တွဲ ပူပေါင်းမှ ဆောင်ရွက်နိုင်မှ တစ်တိုင်းပြည်လုံး ၊
တစ်နိုင်ငံလုံးနှင့်ဆိုင်သော လွတ်လပ်ရေး ဆိုတာကို ထာဝရ
ပိုင်ဆိုင်ရရှိမယ်ဆိုတာကို
တစ်ထစ်ချ ယုံကြည်မိပါသည် ။
ဒီဆောင်းပါးလေးကို ရေးသားဖော်ပြခွင့်
ရဖို့အတွက် အချက်လက်တွေကို ဖတ်ရှုလေ့လာခွင့်
ရရှိခဲ့သော စာအုပ်များအား
ရေးသားမှတ်တမ်းတင်ခဲ့သူများအားလုံးကို ဒီနေရာလေးကနေ အထူးပင်
ကျေးဇူးတင်မိပါသည် ။
ခိုင်လေး ( ရွှေတောင် )
No comments:
Post a Comment